Down Syndrome ရောဂါစုရှိသူ ကလေးငယ်များ၌ ခွဲစိတ်မှု ပိုအောင်မြင်နိုင်


Health Updates Journal No. 116

UC Davis ကလေးဆေးရုံမှ သုတေသီများသည် Down Syndrome ရောဂါစုရှိ သူကလေးငယ်များ၌ မွေးရာ ပါနှလုံးရောဂါ ခွဲစိတ်ကုသမှုပြုလုပ်သည့်အခါ အခြားကလေးငယ်များထက် အောင်မြင်မှု ပိုများကြောင်း တွေ့ ရှိထားကြသည်။

အမေရိကန် ပြည်ထောင်စု၌ ၂၀၀၀၊ ၂၀၀၃၊ ၂၀၀၆၊ ၂၀၀၉ ခုနှစ် များအတွင်းက ခွဲစိတ်မှုအမျိုး (၈၀) ခန့် အကျုံးဝင်ပြုလုပ်ထားသော ကလေးငယ် (၅၀၀၀၀) ဦးထံမှ အချက်အလက်များကို လေ့လာခဲ့ကြရာ Down Syndrome ရောဂါစုရှိသူ ကလေးငယ်များ၏ ဆေးရုံတက်စဉ် သေပျောက်နှုန်းသည် (၁.၉) ရာခိုင်နှုန်းရှိပြီး အခြားကလေးများတွင် (၄.၃) ရာခိုင်နှုန်းရှိသည်။

Down Syndrome ရောဂါစုရှိသူ ကလေးငယ်များသည် ခွဲစိတ်မှု အမျိုးအစားအားလုံး အောင်မြင်ရန် အခွင့် အလမ်းများရှိသော်လည်း ခွဲစိတ်မှုအမျိုးအစား တစ်ခုချင်းစီအလိုက် ကွာခြားမှု အနည်းငယ် ရှိတတ်သည်။ ဓါတ်တိုးဖိစီးမှု (Oxidative stress) ကို Down Syndrome ရောဂါစုရှိ သူကလေးငယ်များက ခန္ဓာဗေဒ ကွာခြားချက်အရ ခံနိုင်ရည် ပိုရှိသောကြောင့် ခွဲစိတ်အောင်မြင်မှုများခြင်းဖြစ်နိုင်ကြောင်း သုတေသီများက ယူဆကြသည်။

ကလေးတစ်ဦးချင်းစီ၏ ခံနိုင်ရည်ကွာခြားမှုကို တွက်ဆနိုင်ရန် ခွဲစိတ်မှု၏ အန္တရာယ်ကြီးမှုကို အခြေခံ၍ လူနာအမျိုးအစား ခြောက်မျိုးခွဲ ခြားထားသော Risk Adjustment for Congenital Heart Surgery (RACHS-1)နည်းစနစ်ကို အသုံး ပြုခဲ့သည်။

သီဟ
Ref:MNT
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...