လုံခြုံရေးအားနည်းမှုကြောင့် Facebook နှင့် Google သုံးစွဲသူ အချက်အလက် ခိုးယူခံရနိုင်


Photo:www.privacylives.com

ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည့် လုံခြုံရေးစံသတ်မှတ်ချက် နှစ်ခုရှိ အားနည်းချက်ကြောင့် Google, Microsoft, Facebook, Twitter နှင့် အခြားအွန်လိုင်း ဝန်ဆောင်မှုများမှ account အချက်အလက်များကို မည်သူမဆို ရယူအသုံးပြုနေကြောင်း သိရသည်။

Covert Redirect ဟု ခေါ်သည့် အားနည်းချက်သည် open-source session-authorization protocol နှစ်ခုဖြစ်သည့် OAuth 2.0 နှင့် OpenID တွင် ဖြစ်ပေါ်ခြင်းဖြစ်သည်။

အဆိုပါ စံသတ်မှတ်ချက်နှစ်ခုကို အင်တာနက်တစ်ဝန်း အသုံးချလျက်ရှိပြီး သုံးစွဲသူများအား ဝက်ဖိုရမ် ကဲ့သို့သော ဆိုက်များကို account အသစ်တစ်ခု ဖန်တီးစရာမလိုဘဲ Facebook နှင့် Twitter account ဖြင့် log in ဝင်ရောက်စေနိုင်သည်။

တိုက်ခိုက်သူများသည် အဆိုပါအားနည်းချက်ကို အသုံးချကာ တရားဝင်ဝက်ဘ်ဆိုက်များမှ phishing တိုက်ခိုက်မှုများအနေဖြင့် တိုက်ခိုက်နိုင်ကြောင်း စင်ကာပူရှိ နန်ယန်းနည်းပညာတက္ကသိုလ်မှ Ph.D ကျောင်းသား Wang Jing က ဆိုခဲ့သည်။

Wang ၏အဆိုအရ ၎င်းအားနည်းချက်အတွက် ပြင်ဆင်မှုကို မကြာခင်အတွင်း ရယူနိုင်ဖွယ်ရှိကြောင်း Google, Microsoft, Facebook, Twitter, LinkedIn ကဲ့သို့သော ကုမ္ပဏီများနှင့် cilent ကုမ္ပဏီများက လည်း ၎င်းပြဿနာကို ပြင်ဆင်ရန်အတွက် တာဝန်ယူခြင်းမရှိကြောင်း သိရသည်။

Covert Redirect ၏ အကြီးမားဆုံးသော အန္တရာယ်မှ အန္တရာယ် ရှိသည့် ဝက်ဘ်ဆိုက်များနှင့် ချိတ်ဆက် ထားသော link များပါဝင်သည့် email message များကို အသုံးပြုသည့် phishing တိုက်ခိုက်မှုဖြင့် login အချက်အလက်များကို ဆိုက်ဘာဒုစရိုက်များ ရယူနိုင်ခြင်းဖြစ်သည်။

သာမန် phishing တိုက်ခိုက်မှုသည် အန္တရာယ်ရှိသည့် URL ကို သတိထားရုံဖြင့်သိရှိနိုင်သော်လည်း Covert Redirect သည် တိုက်ခိုက်သူများက တကယ့်အစစ်အမှန် ဝက်ဘ်ဆိုက်ကို အသုံးပြုပြီး အန္တရာယ်ရှိ သည့် login popup dialogue box ဖြင့် တိုက်ခိုက်နိုင်ကြောင်း သိရသည်။

နောင်နောင်
Ref: FoxNews
Internet Journal အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...