G Pad Tablet သစ် ၃ခု ကို LG ကြေညာ


သီဟနိုင် on 2014-05-12 15:41

G Pad Tablet သစ် များဖြစ်ကြတဲ့ G Pad 7.0, G Pad 8.0 နဲ့ G Pad 10.1 table မော်ဒယ် ၃မျိုးကို LG က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲ့ဒီ့ tablet တွေရဲ့ specification (အသေးစိတ်ဖော်ပြချက်) အသေးစိတ်တွေကိုတော့ ထုတ်ဖော်ပြော ကြားခြင်း မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ်၊ အဲ့ဒီ့ tablet သုံးခုရဲ့ ကွာခြားမှုဟာ မျက်နှာပြင် အရွယ်အစား (7, 8 နဲ့ 10.1 လက်မ) ကွာခြားမှုပဲဖြစ်မယ်လို့ ထင်ရပါတယ်။

ဘာကြောင့်များ အရွယ်အစား ခြားနားပြီးထုတ်ထားတာလဲ ဆိုတဲ့မေးခွန်းအတွက် LGရဲ့ အဖြေက ရှင်းပါတယ်။ LG အီလက်ထရောနစ် မိုဘိုင်း ဆက်သွယ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ Dr. Jong-seok Park ရဲ့ ပြောကြားချက်အရ “မတူညီတဲ့ စမတ်ဖုန်းတွေ၊ tablet တွေဟာ အားလုံး အရွယ်အစားတစ်ခုထဲ မဟုတ်ပါဘူး။ တချို့က ရုပ်သံပသာဒစုံ (မာတီမီဒီယာ) တွေ့ကြုံခံစားမှုကို ဖြစ်နိုင်သမျှ အကောင်းဆုံး လိုချင်ကြသလို၊ သယ်ရလွယ်ကူမှုကို ဦးစားပေးသူ တချို့လည်းရှိပါတယ်။ ဒါ့ကြောင့် မတူညီတဲ့ ပရိသတ်တွေအတွက် ရည်ရွယ်ပြီး G Pad စီးရီးတွေကို ကျွန်တော်တို့ ဒီဇိုင်းရေးဆွဲခဲ့ကြတာပါ။” လို့ သိရပါတယ်။

Ref:mashable.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...