KeyLogger အကြောင်းသိကောင်းစရာ

 

ဒီလို IT ခတ်ကြီးထဲမှာ KeyLogger အကြောင်း မသိမဖြစ် ဆိုသလောက်ကို အရေးပါလာခဲ့ပါပြီ။ KeyLogger အကြောင်းကို မသိရင် ခတ်မမှီသလို မိမိ Gmail အကောင့် Facebook အကောင့် နှင့် မိမိ ပိုင်ဆိုင်သော အကောင့်များစွာသည် Hacking လုပ်သူတို့၏ လက်ထပ်သို့ ရောက်ရှီပြီး အကောင့်များ ဆုံးရှုံး ပျောက်ကွယ် ရန်မှာ 90% လောက်သေချာနေပါပြီ။ သိတဲ့သူတွေ ရှီသလို မသိတဲ့သူတွေလဲ ရှိအုန်းမည်။ သိသလိုလို မသိသလိုလို ဇဝေဇဝါ ဖြစ်ကြသော သူများလဲ တိတိကြကြမဟုတ်တာတောင် အနီးဆုံး အခြေအနေအထိ သိရှီနားလည်ပြီး ဗဟုသုတ ရစေရန်မျှဝေလိုက်ပါသည်။

What is KeyLogger ?

KeyLogger ဆိုတာ ကွန်ပျူတာတစ်လုံးမှာ မိမိလုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်တိုင်းကို မှတ်သား ထားပေးပြီး KeyLogger ပိုင်ရှင်ဆီသို့ အချက်အလက်များကို ပြန်လည်ပို့ဆောင်ပေးသော ကြားခံ Hacking tool တစ်ခုလို့ယူဆလို့ရပါတယ် … (ဥပမာ – Me And You ပေါ့ဗျာ၊ Me နဲ့ You ကတော့ လူတိုင်းသိမှာပါ။ ကြားက And ဆိုတာလေးကတော့ KeyLogger လေးပေါ့ဗျာ၊ Me က KeyLogger Owner ဆိုရင် You ဆီ က အချက်အလက်တွေ အားလုံးကိုယူ ပြီး Me စီသို့ ပို့ဆောင်ပေးမယ် တစ်ကယ်လို့သာ You က KeyLogger Owner ဖြစ်ခဲ့ရင်တော့ Me ဆီက အချက်အလက်တွေအားလုံးကိုယူပြီး You ဆီပြန်ပို့မယ်ပေါ့ ဗျာ၊ ရှုပ်သွား ပြီလား) အရမ်းရိုးရှင်းပါတယ်ဗျာ …

KeyLogger အမျိုးအစား ၃ မျိုးရှီပါတယ်။ Software KeyLogger, Hardware KeyLogger, Add-on KeyLogger တို့ဖြစ်ပါတယ်။

Hardware KeyLogger

Hardware KeyLogger အကြောင်းလေးနဲနဲပြောပြချင်ပါတယ်ခဗျာ … Hardware KeyLogger ကို ရှာဖွေရန် အလွန်လွယ်ကူပါတယ် … Computer ရဲ့ Motherboard နှင့် Keyboard ကြိုးကို ဆက်သွယ် ထားသောနေရာမှ လွယ်ကူစွာတွေ့ရှီနိုင်ပါသည်။


Hardware KeyLogger ကို ပုံတွင်မြင်တွေ့ရသည့်အတိုင်းတပ်ဆင်အသုံးပြုကြပါတယ်။ Hardware KeyLogger ရဲ့အလုပ်လုပ်ပုံလေးကတော့ ကျနော်တို့ Computer အသုံးပြုတဲ့အခါမှာ Keyboard မှ ရိုက်လိုက်တဲ့ စာတွေအားလုံးကို Monitor မှာမဖော်ပြခင် ကြားကဖြတ်ယူ မှတ်သားတဲ့အလုပ် ကို လုပ်ပေးပါသည်။ Temporary Save ပေးထားတဲ့ပေါ့ဗျာ … နောက်မှ KeyLogger Owner ဆီပို့ပေး တယ်ပေါ့။

ထို့ကြောင့် မိမိ Computer, Laptop မဟုတ်ပဲ အခြားကွန်ပျူတာများ အသုံးပြုမည်ဆိုပါက သေချာစွာ စစ်ဆေးပြီးမှအဆုံးပြုသင့်ပါသည်။ Hardware KeyLogger တစ်ခု မိမိသုံးမည့် ကွန်ပျူတာတွင် ရှီသည်ဟု ယူဆလျှင် KeyLogger ကိုလွတ်အောင် ရှောင်ပြီးအသုံးပြုတဲ့နည်းလေး မရှီဘူးလားဟု မေးလျှင် ကျနော့် ပြန်ဖြေဖို့ အဖြေရှီပြီးသားပါ …

Keyboard အသုံးပြုလျှင် KeyLogger ကမှတ်မည်ဖြစ်သဖြင့် Mouse တော့ အသုံးပြုလို့ရပါတယ်။ ထို့ကြောင့် စာရိုက်ဖို့အတွက် မိမိ အသုံးပြုမည့် ကွန်ပျူတာမှ Keyboard ကိုမသုံးပဲ Monitor ပေါ်မှာ Keyboard အသစ်တစ်ခုပေါ်ပြီး အသုံးပြုလို့ရပါတယ်။

Windows Xp အတွက်

Mouse ဖြင့် Star Menu > All Program > Accessories > Accessibility > On Screen-keyboard



Windows 7, Vista အတွက်

Mouse ဖြင့် Star Menu > All Program > Accessories > Ease of Access > On-Screen Keyboard ကိုတစ်ချက်နှိပ်ပြီး Keyboard အသစ်ခေါ်ယူပြီး စာရိုက်အသုံးပြုနိုင်ပါတယ်။ ထို Keyboard မှ ရိုက်သော စာလုံးများအား Hardware KeyLogger မှ မှတ်သားပေးနိုင်ခြင်းမရှီသည့်အတွက် On-Screen Keyboard သုံးပြီးစာရိုက်ခြင်းကို စိတ်ချစွာအသုံးပြုနိုင်ပါသည်။



Software KeyLogger

Software KeyLogger ကတော့ Gtalk တို့ skype တို့ကို Download ဆွဲပြီး ကွန်ပြူတာမှာ install ပြန် လုပ်ပြီးသုံးရတဲ့ exe file အမျိုးအစားပါ။ Software KeyLogger ကြတော့ Hardware KeyLogger လို Keyboard မှ စာရိုက်ခြင်းကို မှတ်သားပေးတော့တာမဟုတ်ပဲ Online အင်တာနက်ပေါ်မှ မီမီသွားသမျှ လမ်းကြောင်းတိုင်းကို (က ကြီးကစ- အ အဆုံး) မှတ်သားပေးထားခြင်းပဲဖြစ်ပါတယ်။ တချို့တချို့သော Software KeyLogger တွေဆိုရင် Screen Shot ပါရိုက်ပေးထားပြီး Software KeyLogger Owner ဆိုသို့ပို့ဆောင်တဲ့အထိအဆင်မြင့်ကြပါတယ်။ Software KeyLogger သည် Spy Software ဖြစ်သည့် အတွက် ရှာဖွေသိရှီရန် အလွန်ခတ်ခဲလှပါတယ်။

ဥပမာ – Hacker တစ်ယောက်ဟာ သူ့ရဲ့ KeyLogger Software ကို ကွန်ပြူတာမှာ ကျနော်တို့အသုံးပြုများ တဲ့ Software အနေနဲ့ သာ နာမည်ပေး icon ပြောင်းပေးထားရင် ရိုးရိုး Program တစ်ခုအနေနှင့် သာရှီနေပြီး သိရှီရန်ခတ်ခဲလှပါတယ် … ကွန်ပျူတာမှ Task Manager ခေါ်ပြီးကြည့်ရင်တောင် KeyLogger အနေနဲ့ မြင်တွေ့ရမှာမဟုတ်ပါဘူးခဗျာ …

ထို့ကြောင့် Software များအား ဒေါင်းလုပ်ရယူပြီး အလျှင်စလို အသုံးမပြုမီစေရန် သတိပေးအပ်ပါသည်။ တကယ်လို့အသုံးပြုမည်ဆိုလျှင်လဲ မိမိ Download လုပ်ပြီးရလာတဲ့ Folder ထဲမှာ logger.bat file ပါမပါ သေချာစစ်ဆေးပါ။ တစ်ကယ်လို့မပါလျှင်လဲ ဝမ်းသာအားရအသုံးမပြုပါနှင့် တခြားအချက်အလက်တွေ စစ်ရန်ရှီပါသေးသည်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ .bat file ကို exe file အဖြစ်ပြောင်းလဲလို့ရသည့် အတွက်ဖြစ်ပါတယ်။ တကယ်တမ်းလိုက်စစ်မယ်ဆို အများကြီးလိုက်စစ်နိုင်ပါတယ်။ ကျနော်ပြောလဲပြီးတော့ မှမဟုတ်လို့ Software KeyLogger ရန်မှကင်းဝေးရန် Anti-virus Software များကိုသာ install လုပ်ပြီး အသုံးပြုပါတော့ခဗျာ … Kaspersky, Syamantic, AVG အစရှီသဖြင့်ပေါ့ဗျာ …

Add-on KeyLogger

နောက်ဆုံးပြောဖို့ကျန်တာကတော့ Add-on KeyLogger ပါ။ ကွန်ပျူတာ မှ Browser တွေမှာ Add-on Plug-in တွေအသုံးများသလို Software တွေ install လုပ်တဲ့အချိန်မှာ တောင်းဆိုပြီး install လုပ်ခိုင်း တာများပါတယ်။ မိမိက install ပြုလုပ်လိုက်မီပြီဆိုပါက မိမိအကောင့်ဝင်တဲ့အချိန်ကြရင် Username, Password တွေအားလုံးကို Hacker တွေဆီပေးပို့ပေးခြင်း အလုပ်ကို Add-on KeyLogger ကလုပ်ဆောင် ပါတယ်။ Hacker အများစုဟာ အကောင့်တစ်ခုကို Hack တော့မယ်ဆိုရင် မည်သည့်နည်းလမ်းဖြစ်နေပါစေ အသုံးပြုကြမှာဖြစ်ပါတယ်။ ထို့ကြောင့် Add-on ပြုလုပ်ခြင်းကိုလဲ သတိထားဆောင်ရွက်သင့်ပါတယ်။ တကယ်လို့ကာကွယ်ချင်တယ်ဆိုရင်တော့ Add-on Keylogger တွေကို kill ပေးမဲ့ Add-on Keylogger remover tool တွေကို install လုပ်ထားသင့်ပါတယ်။

ဒီလောက် သိထားရင် အတော်အသင့် နားလည်သဘောပေါက်နေပြီဟုဆိုနိုင်ပါတယ်။ ဖတ်ရှုသူများအားလုံး ဗဟုသုတ ရကြပါစေလို့ ဆုတောင်းလိုက်ပါတယ် …

Sharing – Thaw Tar
Source: myanmarmobileapp
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...