Metering ဟာ အရေးကြီးသလား...?

Duty ကလည်းကျတယ်ဗျာ..။ ရုံးမှာကလည်း တစ်ယောက်ထဲဆိုတော့ မထူးပါဘူးဆိုပြီး ဒီ Post ကို ဆက်ရေးဖြစ်သွားတာပါ...။ နောက်ပြီး ကြာသွားရင် ကျွန်တော်က မေ့တတ်တယ်ဗျ...။ ကြုံရင် သတိပေး ပါဦး ကျွန်တော် မိတ်ဆွေတစ်ယောက်ကို Filter အကြောင်းရေးပေးမယ် လို့ ကတိပေးထားတာရှိ တယ်..။ တော်ကြာမေ့သွားမှာစိုးလို့....။ :D

အခုရေးမှာကတော့ Metering Modes တွေ အကြောင်းပါ...။ ဒီ Post က စောစောက Exposure Post ထက် နဲနဲပိုပြီး ရှုပ်ပါတယ်..။ လေးပါတယ်..။ ကျွန်တော်ရေးသမျှ အကုန်လိုက်မဖတ် ပါနဲ့...။ တော်ကြာ မူးကုန်လိမ့်မယ်..။ ကျွန်တော်က အချိန်ရှိတုန်းလေး ရေးထားတာမို့ပါ...။ နောက်မှ အေးဆေးဖတ်လည်း ရပါတယ်...။

Metering Mode က အရေးကြီးသလား...။ သိဖို့လိုလို့လားလို့ တော်တော်များများပေးကြပါတယ်...။ Camera ဆိုတာ Metering နဲ့ အလုပ်လုပ်တာဗျာ..။ အရေးမကြီးပဲ နေပါ့မလား.. ဒါကို မသိလို့ ဖြစ်ပါ့ မလား...။ ပွင့်ပွင့်လင်းလင်းပြောရရင် ဓာတ်ပုံရိုက်တဲ့ သက်တမ်း တော်တော်လေးရင့်နေတဲ့ သူ တစ်ချို့တောင် Metering အကြောင်း သိပ်မသိကြပါဘူး..။ သိရင်တောင်မှ သိပ်အလေးအနက်ထား ပြီး Setting လုပ်လေ့မရှိပါဘူး...။

ကျွန်တော်ကတော့ အလေးအနက်ထားပါတယ်...။ သာမန် အပျော်တမ်း ရိုက်ချင်တဲ့ သူတစ်ယောက် အတွက် Metering Mode က အရေးမကြီးဘူးလို့ ပြောလဲ ရပါတယ်...။ ဒါပေမယ့် တကယ် Serious ဖြစ်တဲ့သူတစ်ယောက်...။ အခြေခံ ပိုင်နိုင်ချင်တဲ့ သူတစ်ယောက်...။ Exposure ကို အလေးအနက် ထားတဲ့ သူတစ်ယောက်အတွက်တော့ တကယ်ကို အရေးကြီးပါတယ်...။

ကျွန်တော် Intro တွေပွားနေတာ အလကားမဟုတ်ပါဘူး..။ ဒီကောင်က ရှင်းရမှာ နဲနဲ ရှုပ်တဲ့ အတွက်ကြောင့် ကိုယ်နဲ့ သင့်တော် မတော် စဉ်းစားပြီးမှ ဆက်ဖတ်နိုင်ဖို့ ကျွန်တော် ပြောတာ ပါ...။ တော်ကြာ Metering တွေနဲ့ Exposure တွေနဲ့ ရောကုန်မှာ စိုးလို့ပါ...။ မယုံမရှိ ပါနဲ့ Focusing Mode နဲ့ Drive Mode တောင် မကွဲတဲ့ Experienced Photographers တွေ အများကြီး ရှိပါတယ်..။

Metering Mode အကြောင်းဆက်မရှင်းခင် အောက်က ပုံလေးကို အရင်ကြည့်လိုက်ပါ..။ Canon နဲ့ Nikon မှာ Metering Mode အခေါ်အဝေါ်တွေ မတူပါဘူး...။ ဒါပေမယ့် လုပ်ဆောင်ချက်ခြင်း တူပါတယ်...။ Canon မှာက Mode တစ်ခု ပိုပါပါတယ်...။

Canon နဲ့ Nikon ရဲ့ အခေါ်အဝေါ် ကွဲပြားချက်လေးပါ..။

ဒါဆို ကျွန်တော် ဆက်ရှင်းပါ့မယ်...။

1. Evaluative Metering/ Matrix Metering

ဒီကောင်က AI ကို ပိုအသုံးပြုပါတယ်..။ ကျွန်တော် တို့ ရှုခင်းတစ်ခုခု ဒါမှမဟုတ် Subject တစ်ခုခုကို ရိုက်လိုက်ရင် သူက Imaging Process မှာ Detect လာဖြစ်တဲ့ Pixel တွေရဲ့ ပုံပန်းနဲ့ Color တွေရဲ့ Data တွေကို ခြုံငုံကြည့်လိုက်ပြီး ဒီပုံကတော့ ရှုခင်းပုံ..။ ဒီပုံကတော့ Portrait ပုံ...။ စသဖြင့် သူ့ဘာသာ အမျိုးအစားခွဲပြစ်လိုက်ပြီး..။ လိုအပ်မယ်ထင်တဲ့ Exposure နဲ့ Color ကို ထုတ်ပေး လိုက်ပါတယ်..။ အဲ့ဒီ့ အခါ ကျွန်တော်တို့ ရိုက်လိုက်တဲ့ပုံမှာ Exposure Effect, Color Effect သွားဖြစ်ပါတယ်...။

ဥပမာ Sensor မှာ Detect သွားဖြစ်တဲ့ Color တွေက ပုဇွန်ဆီရောင်လေးပါမယ်..။ အပြာရောင်ပါမယ်..။ အစိမ်းရောင် ပါမယ်..။ ဘာညာ ဆို သူက..။ (Vertical အလိုက် Sensor က ဖတ်တယ်ဆိုပါစို့ ) ဟုတ်ပြီ ဒါဆို ဒါဟာ ရှုခင်းပုံ..။ ရှုခင်းပုံမှာမှ ဒါဟ Sunset ပုံ...။ ဒီ့အတွက် ဒီ Color နဲ့ ဒီ Exposure ဖြစ်မယ်ဆိုပြီး သူက ပုံကို Effect လုပ်ပေးလိုက်တဲ့သဘောပါ...။ ဥပမာ ပင်လယ် ကမ်းခြေကို ရိုက် တယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ...။ အပေါ်မှာက အပြာရောင် ...။ အလယ်မှာက စိမ်းဖန့်ဖန့်လေး...။ ပြီးရင် အောက်ဆုံးမှာ အဝါ နုနုလေး ဒါဆို..။ ပင်လယ်ကမ်းခြေပုံ ဖြစ်မယ်ဆိုပြီး သတ်မှတ်ပေးပါတယ်..။

ဆိုလိုတာက သူက Guess လုပ်ပြီး Exposure နဲ့ Color ကို Effect လုပ်ပေးတာပါ...။ သူက Guess လုပ်တာ ဖြစ်တဲ့အတွက် မှန်ချင်ရင်လည်း မှန်ပါမယ်...။ မှန်ချင်မှလည်း မှန်ပါ့မယ်..။ သူ Guess လုပ်တာ မှန်ရင် Exposure မှန်မှန်နဲ့ Color မှန်မှန်ထွက်တဲ့ အတွက် တကယ်ကောင်းတဲ့ ပုံတစ်ပုံရပါလိမ့်မယ်...။ သူ Guess လုပ်တာမှားရင်တော့ ... ဟာ ဘာကြီးလဲ အပြင်မှာ ငါမြင်နေရတာ ဒီလိုလဲ မဟုတ်ပါလားဆိုပြီး Exposure အကြောင်းတုန်းက ကျွန်တော် ရှင်းခဲ့သလို အူလည်လည် ဖြစ်သွားနိုင်ပါတယ်...။

မြင်အောင်ပြောရရင်တော့ ကျွန်တော်တို့ Point & Shoot တွေမှာ မြင်ဖူးမှာပေါ့ဗျာ..။ ပုံလေးတွေနဲ့ ပေး ထားတယ်..။ ပင်လယ်ပုံတို့..။ ဖယောင်းတိုင် ပုံတို့...။ နှင်းရှောစီးနေတဲ့ပုံတို့...။ ဒါတွေဟာ Beginner တွေအတွက်တော့ မှတ်ရလွယ်အောင် Metering ကို ပုံလေးတွေနဲ့ ပြပေးထားတာပဲ ဖြစ် ပါတယ်..။ အမှန်တော့ အဲ့ဒါ Metering တွေ ပဲ ဖြစ်ပါတယ်...။တော်တော်များများကတော့ အလုပ်ရှုပ် မခံချင်ရင် ဒီ Mode ကိုပဲ ပေးထားပြီး ရိုက်လေ့ရှိပါတယ်...။

2. Center Weighted Metering (Canon မှာရော Nikon မှာပါ နာမည် တူပါတယ်)

Center Weighted Metering ကတော့ Traditional အကျဆုံးနဲ့ Classic အကျဆုံး Method ဖြစ်ပါ တယ်...။ သူက ကိုယ် Focus ပေးလိုက်တဲ့ Subject ရဲ့ ပတ်ပတ်လည်ကို ၆၀% ကနေ ၇၅% အထိ တိုင်းလိုက်ပါတယ်..။ အဲ့ဒီ့ Area ကို အတည်ယူပြီး Exposure နဲ့ Color ကို Balance လုပ်ပေးပါတယ်...။ သူက Evaluative/Matrix ထက် ပိုပြီး တိကျမှုရှိပါတယ်..။ ဒါပေမယ့် နေရာတိုင်းသုံးဖို့ မသင့်တော်ပါ ဘူး...။ အထူးသဖြင့် Landscape သီးသန့် Subject မပါတဲ့အခါမျိုးမှာ မသုံးသင့်ပါဘူး..။ အောက်က ပုံလေးတွေကို ကြည့်လိုက်ပါ..။ ရှင်းသွားပါလိ့မ်မယ်...။

3. Spot Metering (နှစ်ခုစလုံးမှာအတူတူပါပဲ..။ Canon ရော Nikon ရောပါ...။)

Spot Metering ကတော့ နာမည်နဲ့တင် တော်တော်ရှင်းနေမယ် ထင်ပါတယ်..။ ကိုယ်ရိုက်မယ့် Subject ရဲ့ Exposure ကိုပဲ လုံးဝ အတိအကျလိုချင်တယ်..။ ပတ်ဝန်းကျင်ကို လုံးဝ ဂရုမစိုက်တော့ဘူးဟေ့ ဆိုရင် Spot Metering ဟာ အကောင်းဆုံးပါပဲ..။ ဥပမာ ခင်ဗျားက အရမ်းလင်းတဲ့ အရာတစ်ခုကို Focus ပေးပြီး Meter ချိန်လိုက်တယ်ဆိုရင် Camera က Over ဖြစ်နေပြီဆိုတာကို သိတဲ့ အတွက် ပတ်ဝန်းကျင်ရဲ့ အလင်းရောင်ကို မစဉ်းစားတော့ပဲ ခင်ဗျားရဲ့ Subject တစ်ခုထဲအတွက် Shutter Speed ကို အသားကုန် မြန်ပေး (တင်ပေး) လိုက်ပါတယ်...။ အဲ့ဒီ့အခါမှာ မိတ်ဆွေရိုက်ချင်တဲ့ အရမ်းလင်းပြီး Over Expose ဖြစ်နေတဲ့ Subject ဟာ Detail ပြည့်ပြည့်ဝဝနဲ့ Exposure မှန်မှန် ထွက်သွားမှာ ဖြစ်ပါတယ်..။

သို့သော် ပတ်ဝန်းကျင်က အရာတွေ အားလုံးကတော့ လုံးဝနည်းပါး မှောင်ကျသွားပါလိ့မ်မယ်..။ ထို့ အတူပဲ အရမ်းမှောင်နေတဲ့ အရာတစ်ခု ကို မိတ်ဆွေက Focus ပေးပြီး Exposure တိုင်းလိုက်ရင် Camera က Subject ဟာ Under ဖြစ်နေတယ်..။ လင်းအောင်လို့ Shutter ကိုနှေးပေးရမယ်..။ ဒါမှမဟုတ် ISO ကိုတင်ပေးရမယ်လို့ နားလည်သွားပြီး ရိုက်လိုက်ရင်..။ မိတ်ဆွေရဲ့ Subject က Exposure အတိအကျ Detail အပြည့်အဝ ထွက်ပါလိ့်မယ်..။ ဒါပေမယ့် သူကလည်း ထုံးစံအတိုင်း ပတ်ဝန်းကျင်ကို မတွက်တဲ့ အတွက် ပတ်ဝန်းကျင် က အရာတွေ အားလုံးကတော့ ဖြူဖွေးသွားမှာ ဖြစ်ပါတယ်..။

အောက်က အရုပ်ပုံလေးက အဲ့ဒီ့သဘောပါပဲ...။ အရုပ်ကလေးက ဘာပဲပြောပြော Background ထက်စာရင် အညိုရောင်လေးမို့ Under ဖြစ်နေပါတယ်..။ အဲ့ဒါလေးကို Focus ပေးပြီး ရိုက်လိုက်တဲ့ အချိန်မှာ အနောက်က Background က လိုအပ်တာထက် ဖွေးသွား တာကို တွေ့ရပါလိ့မ်မယ်...။

ဒီလောက်ဆိုရင်တော့ Metering Mode အကြောင်း တီးမိခေါက်မိ ရှိသွားပြီလို့ ထင်ပါတယ်...။ ဘယ်အရာမှ ပုံသေမထားပါနဲ့...။ ကိုယ် ရိုက်မယ့် အနေအထား...။ အလင်းအမှောင်...။ Composition အပေါ်မူတည်ပြီး ဆုံးဖြတ်ချက် မှန်အောင် ချနိုင်ဖို့ အရေးကြီးပါတယ်..။

ဓာတ်ပုံဟာ Engineer နဲ့ Art ပေါင်းစည်းထားတဲ့ အရာဖြစ်ပါတယ်..။ နှစ်ခုစလုံးကို မျှမျှတတတွေးပြီး ဆုံးဖြတ်ချက် ချနိုင်ဖို့ အရမ်း အရေးကြီးပါတယ်..။

စိတ်ဓာတ်မကျပါနဲ့...။ အားမငယ်ပါနဲ့...။ အားမလျော့ပါနဲ့...။ ရိုက်ရင်းလေ့လာ..။ လေ့လာရင်း ရိုက်ပါ...။ အောင်မြင်ပါစေ...။

လေးစားစွာဖြင့်

Black Dream
http://www.aperture21.com

P.S - Dedicated To Sayar Pe Myint Oo

Canon နဲ့ Nikon ရဲ့ အခေါ်အဝေါ် ကွဲပြားချက်လေးပါ..။



Metering Mode သုံးခု နှိုင်းယှဉ် ပြထားတာပါ..။



ဒီပုံလေးက ပိုသိသာပါတယ်..။



Effective Area တွေပါ..။


View Finder မှာ မြင်ရမယ့် ပုံပါ..။

မူရင်း ရှင်းလင်းချက်ပါ..။ Nikon နဲ့ အတူတူပါပဲ..။ Canon က Partial လေး တစ်ခုပိုပါတယ်..။


Nikon Metering Mode Setting ပါ...။
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...