စုံထောက်ကြီး တစ်ဦးအသွင် တွေ့မြင်ရတော့မည့် Mr Bean



ပေါတိပေါကြောင် လူ့ဂွစာကြီး တစ်ဦးအဖြစ်မှ ဆေးတံကြီးခဲထားပြီး အတွေးနက်နေသည့် စုံထောက်ကြီး တစ်ဦးအနေဖြင့် ရိုဝမ်အက်ကင်ဆန်ကို တွေ့မြင်ရတော့မည် ဖြစ်သည်။ Mr Bean ဇာတ်ကားများဖြင့် ကမ္ဘာကျော်ခဲ့သည့် ဗြိတိသျှ ဇာတ်မြူးသရုပ်ဆောင် ရိုဝမ်သည် ပြင်သစ်နိုင်ငံ၏ ရှားလော့ခ်ဟုမ်းလ်စ် ဖြစ် လာတော့မည်ဟု သိရသည်။ Mr Beanနှင့် အထူးထောက်လှမ်းရေး အေးဂျင့်အဖြစ် ပါဝင်ထားသော Johnny English ဇာတ်ကားများတွင် ပရိသတ်ကို ပြုံးပျော်စေခဲ့ပြီးနောက် အသက်(၅၉)နှစ်ရှိ ရိုဝမ် သည် ပြင်သစ်မှုခင်း ဇာတ်လမ်းတွဲများတွင် ပါဝင် သရုပ်ဆောင်ရန် သဘောတူညီခဲ့ပြီ ဖြစ်သည်။


(Mr Bean ဇာတ်ရုပ်ဖြင့် မြင်တွေ့ရသည့် ရိုဝမ်အက်ကင်ဆန်)

ဂျူးလ်စ်မိုင်ဂရတ် ဇာတ်ရုပ်သည် ပြင်သစ်၏ နာမည်ကျော် စုံထောက်တစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး ယင်းကို တစ်ကျော့ပြန် အသက်သွင်းမည့် ဇာတ်လမ်းတွဲများ၌ ရိုဝမ်က ပါဝင်သွားရန် စီစဉ်နေခြင်းဟု သိရှိရသည်။ စိတ်ကူးယဉ် ဖန်တီးထားသည့် အဆိုပါ ဇာတ်ကောင်ကို လွန်ခဲ့သော (၂၁)နှစ်က ITV ၏ စီးရီးအစီအစဉ် အဖြစ် (၁၂)ပိုင်းခွဲကာ ထုတ်လွှင့် ပြသခဲ့ဖူးသည်။ ထိုစဉ်က မိုက်ကယ်ဂမ်ဘွန်က ဆေးတံကြီးခဲကာ သရုပ်ဆောင်ခဲ့ပြီး ၎င်း၏ နေရာကို ယခုအခါတွင် ရိုဝမ်က ဆက်ခံမည် ဖြစ်သည်။


(၁၉၉၂ ခုနှစ်က မိုင်ဂရတ်အဖြစ် သရုပ်ဆောင်ခဲ့သည့် ဂမ်ဘွန်)(Mr. Bean မင်းသားကြီး ရိုဝမ်အက် ကင်ဆန်)

Suday Express သတင်းစာက ယခုသတင်းကို စတင်ဖွင့်ချလာခြင်းဖြစ်ပြီး ITVကမူ နှုတ်ဆိတ်နေဆဲ ဖြစ် သည်။ မိုင်ဂရတ်စ်ကို ဘယ်လ်ဂျီယံ စာရေးဆရာ ဂျော့ဂ်ျဆိုင်မီနွန်က ဖန်တီးခဲ့ပြီး (၁၉၃၁)ခုနှစ်မှ စတင် ကာ နှစ်ပေါင်း(၄၀)မျှ ကြာမြင့်သည်အထိ ဝတ္ထုပေါင်း (၇၅)အုပ်ထိ ရေးသားခဲ့ဖူးကြောင်း သိရှိရသည်။

Planet Myanmar Network
May 12 14
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...