သရုပ်ဆောင် အလုပ်က ကျွန်တော့်ရဲ့ Professional အလုပ်တစ်ခုပါလို့ ဆိုတဲ့ နိုင်းနိုင်း


စန္ဒီ on 2014-05-19 14:08

စံပယ်မင်း ဗီဒီယိုထုတ်လုပ်ရေးနဲ့ Laural Art ထုတ်လုပ်ရေးတို့နဲ့ လက်တွဲပြီး ဇာတ်ကားတွေ ရိုက်ဖြစ်နေတဲ့ နိုင်းနိုင်းဟာ တစ်ခေတ်တစ်ခါက သူမှသူရယ်လို့ နာမည်ရခဲ့တဲ့သူပါ။ လက်ရှိအနေအထားမှာ ပုံမှန်ဇာတ်ကားသာ ရိုက်ကူးနေရတယ်ဆိုတော့ အဲ့ဒါနဲ့ ပတ်သက်ပြီး သူ့ကို မေးကြည့်လိုက်တဲ့ အခါ နိုင်းနိုင်းက “ကောင်းပါတယ်။ အရင်ကလို ဝုန်းဒိုင်းကျဲပြီး လုပ်လို့ ကောင်းတဲ့ခေတ် မဟုတ်တော့ ဘူးဆိုတော့ ပုံမှန်ပါပဲ။ နောက်ပြီး အရင်လို ဇာတ်လမ်းတွေ ကအစ သွားတူမှာ စိုးတယ်။ နောက်ပိုင်းမှာ ကားတွေ ဆက်တိုက်ရိုက်ဖြစ်ပါတယ်။ အခုလည်း ကျွန်တော့်ကားတွေ ထွက်နေတာပါပဲ။ SkyNet ရုပ်သံလိုင်းမှာလည်း လွှင့်နေတာပါပဲ။ အရင်ကဆိုရင် အခွေကြည့်ပြီး ဇာတ်လမ်းတွေကို မေ့သွားနိုင်ပေမယ့် SkyNet မှာ လွှင့်နေတာကျတော့ တောက်လျှောက် လာနေတာဆိုတော့ ကိုယ့်အတွက်ကို အများကြီး ပိုပြီးတော့ ဆင်ခြင်စရာတွေ ရှိလာတယ်။ အဲဒီလိုအနေအထားတွေ ရှိနေတယ်ဆိုတော့ ရိုးရိုးဇာတ်လမ်းတွေ ဆိုရင် ဒါကြီးကတော့ တူနေတယ်။ ဒါကြီးကတော့ ငါရိုက်ဖူးတယ်နော်ဆိုတာကို အမြဲခေါင်းထဲမှာ စဉ်းစားမိ ပါတယ်။ ဒီသရုပ်ဆောင်အလုပ်က ကျွန်တော့်ရဲ့ Professional အလုပ်တစ်ခုလို့ အလုပ်နဲ့ ပတ်သက်ပြီး အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် လေ့လာသုံးသပ်ဖြစ်ပါတယ်”လို့ ဆိုပါတယ်။


Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...