ထိုင်းနိုင်ငံ Webster University တွင်Animation ဘာသာရပ်အသစ်ကို ပညာသင်ထောက်ပံ့ကြေးဖြင့် လျှောက်ထားနိုင်

photo:google

အမေရိကန်အခြေစိုက် ထိုင်းနိုင်ငံရှိ Webster University Thailand Campus (WUTC) တွင် Animation ဘာသာရပ်အသစ်ကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ကျောင်းဖွင့်ချိန်အတွက် စတင်၍ ဖွင့်လှစ်မည်ဖြစ်ပြီး ၎င်းဘာသာရပ်အသစ်ကို မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ၃၀ ရာခိုင်နှုန်းနှင့် ပညာသင်ဆု ၅၀ ရာခိုင်နှုန်းဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

၎င်းဘာသာရပ် အသစ်ဖြစ်သော BA Animation ကို သြဂုတ်လ ကျောင်းဖွင့်ချိန်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တရားဝင်ကြေငြာသည့်နေ့မှစ၍ တစ်လအတွင်း Animation ဘာသာရပ်ကို စိတ်ဝင်စားသော မြန်မာနိုင်ငံမှ ကျောင်းသားများ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကျောင်းသားပေါင်း ၁၀၀ ကျော်ရှိကြောင်း MSI နိုင်ငံခြား ပညာရေးဝန်ဆောင်မှုမှ သိရသည်။

အမေရိကန် BA Animation ဘာသာရပ်ကို သင်ကြားလိုသော ကျောင်းသားများအတွက် ထိုင်းနိုင် iH Webster တက္ကသိုလ်၏ animation ဘာသာရပ်တွင် Elective နှင့် General Courses များကို ပေါင်း၍ BA Animation ဘွဲ့ဒီဂရီကို ၄ နှစ်ကြာ သင်ယူရမည် ဖြစ်သည်။ အနည်းဆုံး ကျောင်းဝင်ခွင့် သတ်မှတ်ချက် မှာ မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင် တန်းအောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများ မည်သူမဆို လျှောက် ထားနိုင်သည်။ အင်္ဂလိပ်စာ အရည်အချင်းသတ်မှတ်ချက်မှာ IELTS 6.0 သို့မဟုတ် TOEFL 550 ဖြေ ဆို အောင်မြင်ထားရမည်။ ဖြေဆိုထားခြင်းမရှိပါက WUTC \ TOFEL စနစ်ကို အခြေခံ၍ စစ်ဆေးသော ဝင်ခွင့်စာမေးပွဲကို MSI ရုံးခန်းတွင် ကြိုတင်စာရင်းပေးသွင်း၍ ဖြေဆိုနိုင်ခွင့်ရှိသည်။ ၅၀ ရာခိုင်နှုန်း ခံစားခွင့် ရှိသော ကျောင်းသားမှာ BA Animation ဘွဲ့ဒီဂရီကို ၄ နှစ်စာအတွက် စုစုပေါင်း မြန်မာကျပ်ငွေ သိန်း ၂၁၀ ခန့်သာ ကုန်ကျမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်း ခံစားခွင့်ရှိသော ကျောင်းသား၊ ကျောင်းသူများသည် ၄ နှစ်စာ အတွက် စုစုပေါင်း သိန်း ၃၀၀ ကျပ် ဝန်းကျင်သာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက အမှတ် ၂၃၄၊ ဒုတိယထပ် (ညာ)၊ ရွှေဘုံသာ (အလယ်ဘလောက်)၊ ပန်းဘဲ တန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉ ၂၉၊ ၀၉-၅၁၀၃၉၁၅ သို့ ဆက်သွယ်မေးမြန်းနိုင် သည်။

သန္တာ
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...