Windows 8/8.1 အသုံးပြုတဲ့ မိတ်ဆွေများ ဇွန်လ (၁၀) ရက်နေ့မတိုင်ခင် Windows 8.1 update လုပ်ထားကြပါ
Windows 8.1 (photo;AP)
Windows 8/8.1 အသုံးပြုတဲ့ မိတ်ဆွေများ Windows 8.1 update ကို မလုပ်ရသေးဘူးဆိုရင် လာမဲ့ ဇွန်လ (၁၀) ရက်နေ့မတိုင်ခင် အပြီးလုပ်ထားကြဖို့ အကြံပြုထားပါတယ်... အဲဒီနောက်ပိုင်းမှာတော့ Microsoft အနေနဲ့ unpatched version တွေအတွက် security updates တွေနဲ့ပတ်သက်ပြီး release လုပ်ဖို့ အစီအစဉ် မရှိတော့ဘူးလို့ ဆိုပါတယ်...
ဒီ update ကတော့ free ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလက ထွက်လာတာပါ... taskbar functions အသစ်တွေ အပါအ၀င် mouse control လုပ်တဲ့အပိုင်းကိုလည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပါတယ်... feature အသစ်တွေ အပြင်အဆင်လေးတွေ ဘယ်လောက်ကောင်းသလဲ ဆိုတာတော့ update လုပ်ထားပြီးတဲ့ users တွေ ပိုသိကြမှာပါ... feature အသစ်တွေကို လေ့လာဖို့ အောက်မှာ video file လည်း တင်ထားပေး ပါတယ်...
Windows 8 ပထမ version ကို Microsoft က release လုပ်လိုက်တဲ့ အချိန်ကဆိုရင် start menu, start button နဲ့ အခြား feature အပြင်အဆင်တွေနဲ့ ပတ်သက်ပြီး users တွေထံကနေ ပြစ်တင်ဝေဖန်သံတွေ အတော်လေး ထွက်လာခဲ့ပါတယ်... users အများစုကတော့ အထူသဖြင့် start menu feature တွေနဲ့ ပတ်သက်ပြီး စောဒကတက်ခဲ့ပါတယ်... users တွေရဲ့ အသံကို အလေးထားတဲ့ Microsoft က ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ပိုင်းလောက်က ထွက်လာတဲ့ Windows 8.1 နဲ့ ယခုနောက်ဆုံး ပြီးခဲ့တဲ့ ဧပြီလမှာ release လုပ်လိုက်တဲ့ windows တွေမှာ features အတော်များများကို အပြောင်းအလဲ လုပ်ခဲ့ ပါတယ်... အခုနောက်ဆုံးထွက်တဲ့ update မှာဆိုရင် အပြောင်းအလဲအများဆုံး လုပ်ခဲ့တာကတော့ အထူသဖြင့် start screen အပိုင်းမှာ ဖြစ်ပါတယ်...
ဒီ update version အသစ်ကို users တွေ အကြိုက်တွေ့ကြမှာပါ.. ဒီ update ဟာ Windows 8.1, Windows 8, 32-bit (x86), 64-bit (x64) တွေ အားလုံအတွက် available ဖြစ်ပါတယ်...update လုပ်နိုင်ပါတယ်...
Update လုပ်ဖို့အတွက် automatic updates ကို အသုံးပြုထားခြင်း မရှိတဲ့ users တွေ အနေနဲ့ manual update ကို deadline မကုန်ခင် လုပ်ထားကြပါ... ဒါမှမဟုတ်ရင်တော့ နောက်ပိုင်း window unpatched version တွေအတွက် update လုပ်လို့ မရနိုင်တော့ဘူးလို့ ပြောပါတယ်... manual update လုပ်ဖို့ အတွက် settings menu ကနေ တဆင့်ချင်းသွားပြီး လုပ်နိုင်ပါတယ်... ဒါမှမဟုတ် အောက်က update file တွေကို ဒေါင်းလုပ်ရယူပြီး တခုချင်းစီ install လုပ်ရင်လည်း အဆင်ပြေပါတယ်...
Download updates for 32-bit (x86):
Download updates for 64-bit (x64):
အပေါ်မှာ မိမိ OS (32-bit/x86 OR 64-bit/x64) နဲ့ ကိုက်ညီတဲ့ update file ၆ ဖိုင်လ်လုံးကို download ပြီးရင် အောက်က ဖိုင်လ်နံပါတ် အစီအစဉ်အတိုင်း တခုချင်းစီကို install လုပ်သွားပါ...
အားလုံး install လုပ်ပြီးသွားရင်တော့ features တွေကို တွေ့မှာရတောမှာ ဖြစ်ပါတယ်ခင်ဗျား.... update feature အသစ်တွေကို အောက်က video မှာ ကြည့်လိုက်ပါ...
ref;techniqued,microsoft,bkkpost,youtube
အဆင်ပြေပါစေ.....
ကိုမျိုး (lwanmapyay.blogspot.com)

- KB2919442
- KB2919355
- KB2932046
- KB2937592
- KB2938439
- BB2949621