World’s Most Expensive Headphones

စမက်ဖုန်း၊ ကွန်ပျူတာ တွေတင်မပာုတ်ဘဲ နည်းပညာမြင့် နားကြပ်တွေမှာလည်း ပြိုင်ဆိုင်မှုက ပြင်း ထန် လေ့ရှိပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး နားကြပ် ကိုးလုံးပါ။

AKG K812
ပြောရ ရင်တော့ ထုတ်လုပ် သူတွေပာာ driver ဆိုဒ်ကို အပြောင်းအလဲ လုပ်တာပါ။ megapixel အရေ အတွက် တွေပာာ တစ်ကယ်တမ်း လို အပ်တာ မပာုတ်ပေမယ့် အဝိုင်းပုံစံ driver တွေပာာ အရည်အသွေး အရကြည့်ရင် ရိုးရိုး နားကြပ် တွေထက် ကြီးကြီးမားမား ခြားနားမှု တွေ ရှိပါတယ်။ AKG ရဲ့ flagship အသစ် K812 ပာာ 53 mms ထောင့်ဖြတ် အကျယ် ရှိပါတယ်။ ဒီဆိုဒ်ပာာ သီချင်း တွေကို ကျယ်ကျယ်နဲ့ ရှင်းရှင်း လင်းလင်း ကြားနိုင်အောင် ပြုလုပ် ပေးပါတယ်။ ဒီနားကြပ် မှာဆို စတိုင်ကျ လှတဲ့ headband နှစ် ခု၊ သားရေနဲ့ လုပ်ထားတဲ့ headpad တို့ပါဝင် ပြီး သီချင်းကို အကြာကြီး အေးအေးဆေးဆေး နားထောင်နိုင် မှာပါ။ နားမထောင် တော့ဘူး ဆိုရင် ပုံမှာ တွေ့ရတဲ့ သစ်သား stand လေးပေါ်မှာ တင်ထားလိုက်ရုံပါပဲ။ Austrian ထုတ်လုပ်သူ တွေက ဒီလိုမျိုး စတိုင်ကျကျ တင်ထားနိုင်ဖို့ ဝယ်ကတည်းက ထည့်ပေးလိုက်မှာပါ။



GRADO PS1000
GRADO ကိုတစ်ချို့တွေ သိမှာပါ။ GRADO ရဲ့ SR60i နဲ့ SR80i နားထောင်လို့ အကောင်းဆုံး နားကြပ် တွေအဖြစ် ကျော်ကြား ပါတယ်။ ခုလည်း နောက်ဆုံး flagship အသစ် PS1000 ထွက်လာ ပြန်ပါပြီ။ Brooklyn ကနေ ထုတ်လုပ်တဲ့ $1700 တန်နားကြပ် တွေပာာ GRADO ကုမ္ပဏီရဲ့ အကောင်းဆုံး လို့ ဆိုရမှာ တွေပါ။ နားကြပ် driver ပာာ လျှပ်စီးကြောင်း ဟန့်တားမှု (Impedance) 32 ohms ပဲရှိတာ မို့လို့ ဘယ်ဖုန်း မှာမဆို ထိုးပြီး သီချင်း ကောင်းကောင်း နားထောင် နိုင်မယ့် နားကြပ်မျိုးပါ။ ဒါပေမယ့် နားကြပ်ပာာ လေးလံ ကြီးမားပြီး shellကို alloy နဲ့လုပ်ထားပေ မယ့် earcups တွေက သစ်သားနဲ့ လုပ်ထား တာကြောင့် portable လုံးဝ မဖြစ်ပါဘူး။



HIFIMAN HE-6
$1299 တန်တဲ့ ဒီနားကြပ်ပာာ တစ်ခြား နားကြပ် တွေလိုပဲ အကောင်းဆုံး ထဲက တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် iPod မှာတစ်ခါတည်း သွားထိုး ဖို့တော့ မမျှော်လင့် ပါနဲ့။ ပါဝါ များများ ပို့လွှတ်နိုင်ဖို့ amp တစ်ခုလိုအပ် ပါသေးတယ်။ Schiit Lyr တို့ HIFIMAN ရဲ့ EF-6 တို့လိုပေါ့။ ဒါတွေနဲ့ ချိတ်ဆက်ပြီး တော့မှ သင်ပာာ $1299 တန်နားကြပ်ကို အမိုက်စား နားထောင်လို့ ရမှာပါ။



BEYERDYNAMIC T1
T က Tesla ကိုဆိုလိုပြီး German ထုတ်လုပ်သူ တွေရဲ့ အကြိုက်ဆုံး စကားလုံး တစ်ခုပါ။ တစ်ခြား BEYER ရဲ့နားကြပ် တွေလိုပဲ T1 ပာာ ပေါ့ပါးပြီး volumn များများဖွင့် နိုင်ကာ အသံ မကောင်းမှုလည်း လုံးဝ မရှိပါဘူး။ Rock တို့ Modern pop တို့လို့ သီချင်းမျိုး တွေကို နားထောင် ဖို့ အကောင်းဆုံး နားကြပ် တစ်ခုပါ။ ဒါပေမယ့် Impedance က 600 ohms ရှိပြီး ဒီနေ့ နားကြပ် တွေထဲမှာ အများဆုံး ဖြစ်တာကြောင့် amp တစ်ခုကတော့ လိုမှာ ဖြစ်ကာ တန်ဖိုးကတော့ $1400 ရှိပါတယ်။



SENNHEISER HD 800
ဘယ်သူ့ မေးမေး အကြိုက်ဆုံး နားကြပ် တစ်ခုပြောပါ ဆိုရင် HD 800 ဖြစ်နိုင်လောက် ပါတယ်။ ဒီအနက်နဲ့ ငွေရောင် ဒီဇိုင်းပာာ ဂျာမနီက ထုတ်လုပ်သူ တွေရဲ့ အရည်အသွေးကို ဖော်ပြထားတဲ့ masterpiece တစ်ခုပါ။ အရည်အသွေး ကောင်းတော့ ဈေးကလည်း ကြီးတာပေါ့။ ဒေါ် လာ1500 ရှိတဲ့ ဒီနားကြပ်ပာာ wired ရဲ့ review လုပ်ဖူးသမျှ နားကြပ် တွေထဲမှာ အကောင်းဆုံး လို့ဆိုပါတယ်။ 56 mm ရှိတဲ့ driver ကြောင့် အသံပာာ ပြောစရာ မလိုအောင် ကောင်းပြီး amp ကြားခံဖို့ တော့လိုပါတယ်။



ULTRASONE EDITION 5
$5000 တန် Edition 5 ပာာဈေး အကြီးဆုံး နားကြပ် တစ်ခု မပာုတ်သေး ပါဘူး။ အခုရေ ၅၅၅ ခုသာ ထုတ်ပြီး နားကြပ် ရောင်းတာ မပာုတ်ပဲ အနုပညာ တစ်ခုကို ရောင်းချတာလို့ ဆိုထားပါတယ်။ အရာ အားလုံးပာာ လှပ သေသပ်ပြီး ကြိုးတွေက အစ မတူထူးခြား ပါတယ်။ iPhone (sans amp) ကို direct တပ်နိုင်ပြီး 40 mm ရှိတဲ့ driver ပာာအသံ အားကောင်းကောင်း ကိုထုတ်လုပ် ပေးနိုင်ပါတယ်။ bass boost ဖြစ် ပေမယ့် တစ်နေ့လုံး တပ်ဆင်ထား နိုင်လောက်တဲ့ အထိ သက်တောင့် သက်သာ ရှိတဲ့ နားကြပ် မျိုးပါ။ စတိုင်ထုတ် ကြွားဖို့ အတွက်နဲ့ သီချင်း ကောင်းကောင်း နားထောင်ဖို့ နှစ်မျိုးလုံး အတွက် $5000 ပာာတန်တယ် ဆိုရမှာပေါ့။



AUDIO-TECHNICA W5000
W5000 ရဲ့ 53 mm driver ရှိတဲ့ earcup (နားအုပ်) ပာာ နားကို သေချာ လုံခြုံစေပြီး တစ်ခြား နားကြပ် တွေထက် စူးစိုက်မှု အားကောင်း စေမှာပါ။ Headband ပာာနားကြပ်နဲ့ ခေါင်းကို သေသေချာချာ ထိန်းထား ပေးနိုင်ပြီး 40 ohms ပဲရှိတာကြောင့် ဖုန်းက နားကြပ်ပေါက်ကို တိုက်ရိုက် ထိုးပြီး နားထောင်လို့ ရပါတယ်။ ဒါပေမယ့် ဒီနားကြပ်ပာာ ကြီးမားတာက တစ်ကြောင်း၊ လှပလွန်းတာက တစ်ကြောင်း ဖြစ်တာ ကြောင့် အပြင်ကို ဝတ်ဖို့ နည်းနည်း စဉ်းစား ရမှာပါ။ $1200 တန်တဲ့ ဒီနားကြပ်ကို အလှသိမ်း ထားလို့လဲ မကိုက် ဘူးနော်။



AUDEZE LCD-3
$1945 တန်တဲ့ Audeze LCD-3 ပာာသူ့ရဲ့ သေသပ် ကောင်းမွန်တဲ့ bass သံကြောင့် နာမည် ကြီးပါတယ်။ Nirvana ရဲ့ "MTV Unplugged in New York" နဲ့ Lou Reed ရဲ့ "Rock n' Roll Animal" ဆိုတဲ့ အယ်လ်ဘမ် နှစ်ခုကို ဒီနားကြပ်နဲ့ နားထောင်ဖို့ အသင့်တော်ဆုံး ပဲလို့ ဆို ထားပါတယ်။ Zebrano သစ်သားနဲ့ သိုးအရေ အုပ်ထားတဲ့ earpad တွေက အနားယူတဲ့ အခါ သပ်တောင့်သပ်သာ နဲ့သီချင်း နားဆင်ဖို့ အ ထိုက်တန် ဆုံးပါ။



ABYSS AB-1266
ဒီနားကြပ်ပာာ ဂုဏ်ပုဒ် နှစ်ခုနဲ့ ကျော်ကြားပါတယ်။ တစ်ခုကတော့ $5495 ရှိတဲ့ ဈေးနှုန်းပါ။ ဒီနေ့ ဖော်ပြတဲ့ နားကြပ် တွေထဲမှာ ဈေးအကြီးဆုံး ဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ ကြည့်ရုံနဲ့ သိနိုင် ပါတယ်။ အကြမ်းခံမယ့် ဒီဇိုင်းမျိုးပါ။ vocal solo တွေ သံစုံတီးဝိုင်း (orchestral) တွေမှာ သီချင်း နားထောင်သလို ရသ အပြည့်အဝ ပေးစွမ်း နိုင်ပါတယ်။ ကြည့်ရတာ နည်းနည်း ပုံဆိုးပေမယ့် တပ်ကြည့်ရင်တော့ အရမ်းကို သက် တောင့်သက်သာ ရှိပါတယ်တဲ့။ ရှေ့က HE-6 နားကြပ်လိုပဲ နားကြပ်က ကောင်းလွန်းတော့ ကြားခံ amp ရှိမှ ဖြစ်မှာပါ။


Images from wired. Source: wired.com

Author
Noel
Myanmar Youth Media Club
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...