သင့်ဘ၀အတွက် အကျိုးပေးသော အသက် မွေးဝမ်းကြောင်း အလုပ်

ကျွန်တော် တို့ ဗေဒင်ဆရာ တွေဆီကို ရောက်လာပြီ ဆိုရင် နောက်ဆုံး ပိတ် မေးတဲ့ မေးခွန်း ကတော့ "ဘာလုပ်ငန်း နှင့် ကြီးပွား ချမ်းသာမှာလဲ " ဘာစည်းပွားရေး လုပ်ငန်းတွေ လုပ်ရင် သေချာပေါက် ကြီး ပွား ချမ်းသာမှာလဲ " စတဲ့ မေးခွန်း တွေကို နောက်ဆုံးပိတ် မေးတတ် ကြပါတယ်။ အဲဒီလို မေးလာပြီ ဆိုရင် ဗေဒင်ဆရာ တွေကလည်း မိမိတို့ စိတ်သန်တဲ့ အသုံးပြုတဲ့ ပညာရပ်နဲ့ အကြံ ညာဏ် ပေးတတ် ကြတယ်။

ဇာတာနဲ့ ဟောတဲ့ ဗေဒင်ဆရာကလည်း ဇာတာကို ကိုင်စွဲပြီး အသက်မွေးဝမ်းကြောင်း လုပ်ငန်း ရွေးပေးတယ်။ ဂဏန်း ဗေဒင် ဆရာကလည်း ဂဏန်းဗေဒင်ပညာနှင့် တိုက်ဆိုင်ပြီး အကြံပေးတယ်။ လက္ခဏာ ဆရာကလည်း သူ့ရဲ့လက်ဖ၀ါး ပြင်က ဂြိုဟ်ခုံ အနိမ့်အမြင့် လမ်းကြောင်း အနေအထားတွေကို ကြည့်ပြီး ဆုံးဖြတ်တယ်။ မြန်မာ့ရိုးရာ ဗေဒင်ပညာနဲ့လည်း အကြံညာဏ် ပေးကြတယ်။

ဟုတ်ပြီ။ ဘယ်နည်းကတော့ မှန်တယ်။ ဘယ်နည်းကတော့ မှားနေတယ်လို့ ပြောလို့ မရပါဘူး။ အကုန်လုံးကတော့ သူ့နည်းနှင့်သူ မှန်နေတတ်ကြတာပါပဲ။ တစ်ခုကတော့ မှန်တယ် ... တစ်ခုကတော့ မှားနေတယ်ဆိုတာ အမှန်တော့ နှိုင်းယှဉ်မှု့တွေသာ ဖြစ်ပါတယ်။

အခု ကျွန်တော် ပြောချင်တာက မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာမှာလာတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်း ရွေးချယ်မှု့နှင့် ပါတ်သက်လို့ ပြောပြချင်တာပါ။ ဒါနဲ့ စကားမစပ် ဘ၀အတွက် အသက်မွေး ၀မ်းကြောင်း အလုပ်ရွေးချယ်မှု့နှင့် ပါတ်သက်လို့ ကျွန်တော်ဖတ်ဘူးတဲ့ အဘမင်းသိင်္ခရဲ့ ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဆိုတဲ့ စာအုပ်လေးထဲက အဘရဲ့အယူအဆ အဘရဲ့ ဓမ္မတွေကို အားလုံးအတွက် ဖော်ပြပေး လိုက်ပါတယ်။

အဲဒီ ဖြစ်ချင်တာဖြစ်မောင်ဘချစ်ဆိုတဲ့ စာအုပ်ထဲမှာ ဘယ်လိုပါသလဲဆိုတော့ ကျွန်တော်တို့ ဇာတ်လိုက် ကြီး မောင်ဘချစ်က အလုပ်ရှာမယ် အလုပ်လုပ်မယ်လို့ အလောတကြီး ဦးဂွမ်တီဆိုတဲ့ အဖိုးကြီးကို ပြောတော့ ဦးဂွမ်းတီက

အလုပ်အတွက် အလောသုံးဆယ် မလုပ်စမ်းပါနဲ့ကွ။ အထူးသဖြင့် အသက်မွေ ၀မ်းကြောင်းအလုပ်ကို ရွေးချယ်တော့မယ်ဆိုရင် စဉ်းစဉ်းစားစား လုပ်စမ်းပါကွ။ လူတွေဟာ ခြောက်လ တစ်နှစ်လောက် ၀တ်ရမယ့် လုံချဉ်ကလေး တစ်ထည်လောက် ၀ယ်ဖိုပဆိုရင် သေသေချာချာ ရွေးတော့တာပဲ။ အသား ကောင်းရဲ့လား အဆင်ကောင်း ရဲ့လား၊ သေသေချာချာကို ရွေးတော့တာပဲ။ တကယ်ကတော့ လုံချဉ်အရွေး မှားလို့ ဘာမှ ဒုက္ခမရောက်ဘူးကွ။ အသက်မွေးဝမ်းကျောင်းအလုပ်ကို အရွေးမှားရင် တစ်သက်လုံး ဒုက္ခရောက်တော့တာပဲ။ ဒါကြောင့် တစ်သက်လုံး လုပ်ရမည့် အလုပ်ကို သေသေချာချာ ရွေးပြီး စဉ်းစားပြီးမှ လုပ်ရတယ်ကွ။ ငါ့ဆီမှာနေပြီး အေးအေးဆေးဆေး စဉ်းစားစမ်းပါ မောင်ဘချစ်ရာဟု ပြောလေ၏။

"ထမင်းစားဖို့ အလုပ်တစ်ခုခုတော့ လုပ်ရမယ် မဟုတ်လားဗျဟု မောင်ဘချစ်က မေးမြန်းရာ ဦးဂွမ်တီက...

အဲဒီလို စိတ်ကူးမျိုးဟာ တော်တော့ကိုသနားစရာ ကောင်းတဲ့ စိတ်ကူးမျိုး ကိုယ်လူရဲ့။ ထမင်းစားဖို့ လောက်သာ ရည်ရွယ်ပြီး အလုပ်လုပ်တဲ့ လူဟာ ဘယ်မှာ ထူးချွန်မှာလဲကွ။မင်းတစ်ခု စဉ်းစားကြည့်စမ်း။ မင်းလဲပဲ ရွှေကျီး မင်းကုမ္ပဏီမှာ ငွေကိုင်စာရေး လုပ်ခဲ့တာပဲ။ ဘာများ အမြတ်ထွက်ခဲ့သလဲ။ဒါကြောင့် တစ်သက်လုံး လုပ်ရမယ့် အလုပ်ကို ရွေးချယ်တော့မယ်ဆိုရင် ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်မျိုးကို ရွေးချယ် ရမယ် ကိုယ့်လူဟု ပြန်ပြောလေ၏။

အဲဒီလို ရွေးချယ်ဖို့ဆိုရင် ၀ါသနာကို အရင်းခံပြီး စဉ်းစားရမှာလား ဦးဂွမ်တီ.....

အဲဒါလည်း ပြောရဦးမယ်.. ၀ါသနာတစ်ခုတည်းနဲ့လည်း မရွေးနဲ့ဦး။ ၀ါသနာဆိုတာက တော်တော် ထူးဆန်း တယ်က။ ဒုက္ခရောက်မယ့် အလုပ်ကိုမှ ၀ါသနာပါတာမျိုး ရှိသေးတယ်ကွ။ ဥပမာကွာ အဂ္ဂိရတ် ထိုးတာတို့ ၊ ဘီးလိယက် ထိုးတာတို့ ၀ါသနာပါတယ် ဆိုပါတော့ကွာ။ အဲဒီ ၀ါသနာကလည်း အသက်မွေး ၀မ်းကျောင်း ဖြစ်အောင် လုပ်ဖို့ မလွယ်ဘူးကွ။ ဒါကြောင့် ၀ါသနာ တစ်ခုတည်းနဲ့လည်း မဆုံးးဖြတ်ရ ဘူးကွ။

ဒီလိုဆိုရင် ကျွမ်းကျင်တဲ့အလုပ် ကိုယ်လုပ်နိုင်တဲ့ အလုပ်ကို ဦးစားပေးပြီး ရွေးချယ်ရမှာလား။

ဒီလိုလည်း မဟုတ်သေးဘူးကွ။ ကျွမ်းကျင်တာ တစ်ခုတည်းနဲ့လည်း ရွေးချယ်လို့ မရပြန်ဘူး။ ကျွမ်းကျင် တာက ကျွမ်းကျင်တာ ဖြစ်ပြီး အောင်မြင်တာက အောင်မြင်တာကွ။ မတူဘူး။ ဥပမာကွာ ကောလိပ် လှေလှော်အသင်း ၀င်ထားပြီး လှေလှော်လေ့ကျင့်ထားတဲ့ ကျောင်းသားတစ်ဦးဟာ လှေလှော် ကျွမ်းကျင် တာပေါ့ကွာ။ အဲဒါနဲပဲ သူဟာ ကောလိပ်ကျောင်းက ထွက်တဲ့အခါ လှေလှော်စားရတော့မှာလားကွ။

ဒီလိုဆိုရင် အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်လိုများ ရွေးချယ်ရမှာလဲ ပေါက်ဖော်ကြီးရယ်...

ကဲ.. သေသေချာချာ နားထောင်ပေတော့ကွ။
လူတစ်ရာမှာ တစ်ယောက်လောက်တောင် ဟန်ကျပန်ကျ ဖြစ်ခဲတဲ့ အောင်မြင်တဲ့ အနုပညာအလုပ်။ ဥပမာ ဘိုင်စကုတ်မင်းသားအလုပ်တို့။ စာရေးဆရာ အလုပ်တို့။ ဂီတသမားအလုပ်တို့။ ကြော်ငြာ ကိုယ်စားလှယ် အလုပ်တို့ စတဲ့ အလုပ်မျိုးတွေကို မရွေးချယ်ရဘူးကွ။ ဒီအလုပ်မျိုးတွေက အောင်မြင် ရင်တော့ အလွန် အင်မတန်ကောင်းပါတယ်။ မအောင်မြင်ရင် ရေစုံမျှောမယ့် အလုပ်မျိုးတွေက။ ဒါကြောင့် ကြပ်ကြပ် ရှောင်ပါ။

•အသက်မွေး ၀မ်းကြောင်း အလုပ်တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် လနဲ့ နှစ်နဲ့ ချီပြီး လေ့လာစဉ်းစား ပြီးမှသာ ငါ ဘာလုပ်ရမယ်လို့ ဆုံးဖြတ်ပါ။

•အသက်မွေး ၀မ်းကြောင်းအလုပ်အဖြစ် ဗေဒင်ဆရာဆီက ဟောချက်နဲ့ မလုံလောက်ဘူးကွ။ ဗေဒင်ဆရာ ကတော့ ကမ္မဇီဝဂြိုဟ်ဟာ ဘယ်ဂြိုဟ်ဖြစ်လို့သာ ဘာအလုပ်လုပ်လို့သာ ဟောမှာပဲ။ ဒါပေမယ့် သူ့စကား ကိုလည်း မယုံနဲ့ဦးကွ။ အဲဒီ ဗေဒင်ဆရာကိုယ်တိုင်က ဘယ်ဂြိုဟ်တွေ ဘာဖြစ်နေလို့ ဗေဒင်ဆရာ ဖြစ်လာ တာလဲ ဆိုတာတောင် မစဉ်းစားမိတဲ့ ဗေဒင်ဆရာက များတယ်ကိုယ့်လူ....

•လောကမှာ ငါဟာဖြင့် ဒီအလုပ် တစ်မျိုးတည်းဖြင့် သင့်တော်တဲ့လူလို့ ကိုယ့်ကိုကို မထင်မိလေနဲ့ကွ။ အနည်းဆုံး အလုပ်သုံးလေးမျိုး လုပ်နိုင်စွမ်းတာချဉ်းပဲ။

•အသက်မွေး ၀မ်းကျောင်းအလုပ်ကို ရွေးချယ်ပြီဆိုရင် အဲဒီ အလုပ်က ၀ါရင့်ပုဂ္ဂိုဟ်တွေဆီက အကြံ ဉာဏ်ကို မရမကွ။ အဲဒီအချက် (၅)ချက်ကို သေသေချာချာ မှတ်ပြီး အချိန်ယူ စဉ်းစားစမ်းပါ မောင်ဘချစ် ရာဟု ပြောဆိုလိုက်လေတော့၏။

ကျွန်တော်တို့ မဟာဘုတ် ဗေဒင်ပညာမှာ လာတဲ့ အသက်မွေး ၀မ်းကြောင်းပညာ ရွေးချယ်တဲ့ နည်းကို စတင်ကြရအောင်ပါ။ မဟာဘုတ်တွက်နည်းက လွယ်ပါတယ်။ လူတိုင်းနည်းပါး တတ်ကြပါတယ်။ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကိုတည်ပါ။ (၇)နဲ့စားပါ။ ဘာကြွင်းလဲ။ အဲဒီ အကြွင်းအလိုက် အကျိုးပေး အောင်မြင် စေမည့် လုပ်ငန်းတွေကို ရွေးချယ်ပေးတာ ဖြစ်ပါတယ်။

ဒါလေးကို အရင် သိထားပါ။

(၁)-တနင်္ဂနွေဂြိုဟ်....အုပ်ချုပ်ရေးအလုပ်။ ကျပန်းအလုပ်။
(၂)-တနင်္လာဂြိုဟ်..... ခရီးသွားရသောအလုပ်။ ကုန်သည်အလုပ်။
(၃)-အင်္ဂါဂြိုဟ်.... စာပေ ၊ စက်ဘက် ။ စစ်ဘက် ၊ ဆေးဘက်။
(၄)-ဗုဒ္ဓဟူးဂြိုဟ်.... အနုပညာ-အလှပညာလုပ်ငန်း။
(၅)-ကြာသပတေးဂြိုဟ်.... ပညာနှင့် ပတ်သက်သော အလုပ်။
(၆)-သောကြာဂြိုဟ်.... ခရီးဝေးသွားရသောအလုပ်။
(၀)-စနေဂြိုဟ်.... ၀န်ထမ်းအလုပ် ၊ လခစားအလုပ် ၊ နိုင်ငံရေးအလုပ်။

အဲဒါကို သိပြီးရင်တော့ ကျွန်တော်တို့ မဟာဘုတ် တွက်မယ်။ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇)နဲ့ စားလိုက်ပါ။ ဘာကြွင်းသလဲ။ အဲဒီ အကြွင်းအပေါ် မူတည်ပြီး အောက်မှာ အကြွင်းအားလုံးအတွက် အကျိုးပေးသော နေ့နံ အလုပ်များကို ဖော်ပြပေးလိုက်ရပါတယ်။

အကြွင်း(၁)ရသူများ အတွက် အကျိုးပေးသောလုပ်ငန်းများ
(၅)-ကြာသပတေးဂြိုဟ်.... ပညာနှင့် ပတ်သက်သော အလုပ်။
(၆)-သောကြာဂြိုဟ်.... ခရီးဝေးသွားရသောအလုပ်။
(၀)-စနေဂြိုဟ်.... ၀န်ထမ်းအလုပ် ၊ လခစားအလုပ် ၊ နိုင်ငံရေးအလုပ်။

အကြွင်း(၂)ရသူများ အတွက် အကျိုးပေးသောလုပ်ငန်းများ
(၆)-သောကြာဂြိုဟ်.... ခရီးဝေးသွားရသောအလုပ်။
(၀)-စနေဂြိုဟ်.... ၀န်ထမ်းအလုပ် ၊ လခစားအလုပ် ၊ နိုင်ငံရေးအလုပ်။
(၁)-တနင်္ဂနွေဂြိုဟ်....အုပ်ချုပ်ရေးအလုပ်။ ကျပန်းအလုပ်။

အကြွင်း(၃)ရသူများ အတွက် အကျိုးပေးသောလုပ်ငန်းများ
(၀)-စနေဂြိုဟ်.... ၀န်ထမ်းအလုပ် ၊ လခစားအလုပ် ၊ နိုင်ငံရေးအလုပ်။
(၁)-တနင်္ဂနွေဂြိုဟ်....အုပ်ချုပ်ရေးအလုပ်။ ကျပန်းအလုပ်။
(၂)-တနင်္လာဂြိုဟ်..... ခရီးသွားရသောအလုပ်။ ကုန်သည်အလုပ်။

အကြွင်း(၄)ရသူများ အတွက် အကျိုးပေးသောလုပ်ငန်းများ
(၁)-တနင်္ဂနွေဂြိုဟ်....အုပ်ချုပ်ရေးအလုပ်။ ကျပန်းအလုပ်။
(၂)-တနင်္လာဂြိုဟ်..... ခရီးသွားရသောအလုပ်။ ကုန်သည်အလုပ်။
(၃)-အင်္ဂါဂြိုဟ်.... စာပေ ၊ စက်ဘက် ။ စစ်ဘက် ၊ ဆေးဘက်။

အကြွင်း(၅)ရသူများ အတွက် အကျိုးပေးသောလုပ်ငန်းများ
(၂)-တနင်္လာဂြိုဟ်..... ခရီးသွားရသောအလုပ်။ ကုန်သည်အလုပ်။
(၃)-အင်္ဂါဂြိုဟ်.... စာပေ ၊ စက်ဘက် ။ စစ်ဘက် ၊ ဆေးဘက်။
(၄)-ဗုဒ္ဓဟူးဂြိုဟ်.... အနုပညာ-အလှပညာလုပ်ငန်း။

အကြွင်း(၆)ရသူများ အတွက် အကျိုးပေးသောလုပ်ငန်းများ
(၃)-အင်္ဂါဂြိုဟ်.... စာပေ ၊ စက်ဘက် ။ စစ်ဘက် ၊ ဆေးဘက်။
(၄)-ဗုဒ္ဓဟူးဂြိုဟ်.... အနုပညာ-အလှပညာလုပ်ငန်း။
(၅)-ကြာသပတေးဂြိုဟ်.... ပညာနှင့် ပတ်သက်သော အလုပ်။

အကြွင်း(၀)ရသူများ အတွက် အကျိုးပေးသောလုပ်ငန်းများ
(၄)-ဗုဒ္ဓဟူးဂြိုဟ်.... အနုပညာ-အလှပညာလုပ်ငန်း။
(၅)-ကြာသပတေးဂြိုဟ်.... ပညာနှင့် ပတ်သက်သော အလုပ်။

(၆)-သောကြာဂြိုဟ်.... ခရီးဝေးသွားရသောအလုပ်။


ဆရာဟိန်းတင့်ဇော်
www.heintinzaw.com
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...