ခြင်မလာစေတဲ့ သဘာဝဆေးနည်း

(လေးညှင်းသံပုရာ)

သံပုရာသီးကို ခါးလယ်က ပိုင်းပါ... (တစ်ခြမ်း ခြမ်းရင် အနံ့ သိပ်မထွက်ပါ... ခါးလယ်က ပိုင်းတော့ အစေ့တွေလည်း ထွက်သွား ပါတယ်၊ လေးညှင်းပွင့် စိုက်ရတာလည်း အဆင်ပြေပါတယ်၊ ခြောက်သွားရင်လည်း ညှစ်လို့ အဆင်ပြေပါတယ်)

လေးညှင်းပွင့် တွေကို သံပုရာသီး အသားထဲ မြုပ်ဝင်အောင် ထိုးစိုက်ပါ... များများ စိုက်နိုင်လေ ကောင်းလေပါပဲ...

အရင်ကတော့ အခန်းထောင့်တွေ ကုလားထိုင် အောက်တွေမှာ ဖြန့်ထားပါတယ်... အခုတော့ ဗန်းထဲ ထည့်ပြီး အခန်းအလယ်ခေါင် (သို့) လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ထားလိုက်ရင် ရပါပြီ...

၂ရက် ၃ရက်ဆို အပေါ်ကြောတင်းပြီး ခြောက်သလို ဖြစ်သွားပါတယ်... ဒါဆို သံပုရာခြမ်းလေးကို အောက်က ကိုင်ပြီး အရည်စို့လာအောင် ညှစ်ပေးပါ... နောက်ထပ် ၂ရက် ၃ရက် ထားလို့ရပါသေးတယ်...

အခုဆို နိုင်ငံခြားသားတွေတောင် အကြိုက်တွေ့နေတဲ့ ခြင်မလာနည်းလေးပါ... အသုံးတဲ့သူများ အတွက် ဖေါ်ကောင်လုပ်လိုက်ကြောင်းပါခင်ဗျား..


Credit to Khin Maung Htwe
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...