မော်လမြိုင် ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ်



ကျောက်ပွင့်ရဲ့ အတော်လေးပြင်းတဲ့ အနံ.လေးဟာ ရှောက်ရွက်၊ နှမ်းဆီတို့နဲ့ တွေ့တဲ့အချိန်မှာ အရမ်း စားချင် စဖွယ်အနံ့လေးပြောင်းသွားတာ မို့ ရှောက်ရွက် နဲ. နှမ်းဆီကို မဖြစ်မနေ ထည့်ပေးစေ ချင်ပါ တယ်။

***... မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ် အတွက် လိုအပ်တာလေးတွေ….

1. မော်လမြိုင် ကျောက်ပွင့်ခြောက် – ထမင်းစားဇွန်း ၄ ဇွန်းခန်.
2. လက်ညှိုးအရွယ် ပုဇွန် – ၁၃ ကောင်
3. အစေ့ထုတ်ကာ ပါးပါး လှီးထားသော ခရမ်းချဉ်သီးအလုံးကြီး – တစ်ခြမ်း
4. ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1/2 cup (125 ml)
5. ပုံပါအတိုင်း လှီးထားသော မုန်လာဥနီ – 1/2 cup (125 ml)
6. ပါးပါးလှီးထားသော ရှောက်ရွက် – ထမင်းစားဇွန်း ၂ ဇွန်းခန်.
7. ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
8. အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
9. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
10. သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်း
11. နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အမှိုက် နှင့် သဲများမပါစေရန် ကျောက်ပွင့်များကို ၃ ခါ ရေဆေးပြီး ၂ နာရီခန့် ရေစိမ်ထားပါ။ (ရေစိမ် ပြီးနောက် နောက်ထပ် ၃ ခါခန့် ရေပြန်ဆေးကာ၊ ရေကို ပြောင်စစ်အောင် ညစ်ထားပါ။)

ပုဇွန်များကျက်သွားအောင် ပန်းကန်တစ်ချပ်ထဲဖြန့်ကာ အဖုံး ဖုံးပြီး microwave ထဲ ၃ မိနစ်ခန့် ထည့်ပါ။ (တစ်မိနစ်ခွဲခန့်ကြာလျှင် နောက်တစ်ဖက်လှန်ပေးပါ။)

microwave မသုံးလျှင် ဒယ်အိုးထဲ ထည့်ကာ အိုးပူတိုက်ပြီး ကျက်အောင်လုပ်ပေးပါ။ (အရသာပေါ့သွား တတ်၍ ရေထဲထည့်မပြုတ်ပါနှင့်။)

ပုဇွန်များကျက်လျှင် နှစ်ခြမ်းကွဲအောင် လှီးထားပါ။

ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲ ထည့်ကာ ဖွဖွလေးရောနယ် သုပ်ပြီးနောက် မွှေးပျံ့ကာ စားကောင်းလှသော ချဉ်ချဉ်စပ်စပ် ကျိုးကျိုးကြွပ်ကြွပ် မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။



ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...