သံအချွန် အတက်တွေနဲ့ ဖန်တီးထားတဲ့ ကုတင် အိပ်ယာပေါ်က အ၀တ်ဗလာနဲ့ အမျိုးသမီး


ယခုလ သြဂုတ် (၉) ရက်နေ့က တရုတ်နိုင်ငံ၊ ဘေဂျင်းရှိ အနုပညာ ပြခန်းတစ်ခုမှာ ပြသ ခဲ့တာ ပါ.. ဒီပြပွဲမှာ တရုတ်မျိုးသမီး အနုပညာရှင် တစ်ဦး ဖြစ်တဲ့ Zhou Jie ဟာ ပုံတွေမှာ မြင်ရတဲ့အတိုင်း အ၀တ်အစားတွေ မပါပဲ သံကြိုးအချွန် အတက် တွေနဲ့ အထူးဖန်တီး ပြုလုပ်ထားတဲ့ ကုတင် အိပ်ယာပေါ်မှာ အိပ်စက်ပြရင်း လူတွေရဲ့ အာရုံ စူးစိုက်မှုကို ရယူခဲ့တာ ဖြစ်ပါတယ်... ဒီ Project ကို "၃၆ ရက် (36 Days)" လို့ အမည်ပေး ထားပြီး... အဆိုပါ ၃၆ ရက် ကျော်လွန် သွားရင် တော့ သူမအနေနဲ့ ပုံမှန်နေ'နေကျအတိုင်း နေသွားမယ်လို့ ဆိုပါတယ်... ဒီအတိုင်းဆိုရင် သူမရဲ့ Art Project က သြဂုတ်လ (၉)ရက်နေ့က စတင်တာဆိုတော့ စက်တင်ဘာလ (၁၃)ရက်နေ့အထိ ယခုပုံစံ အတိုင်း ၃၆ ရက် ပြည့်အောင် နေသွားရမှာ ဖြစ်ပါတယ်... ဒီ project နဲ့ ပတ်သက်ပြီးတော့ အနုပညာ ရှုထောင့်ကနေ ကြည့်ပြီး အကောင်းမြင်သူများ ရှိသလို... စတန့်ထွင်တယ်... ခရေဇီ ဖြစ်တယ်ဆိုပြီး ဝေဖန် ပြောဆိုသံတွေလည်း ထွက်ပေါ်လျက် ရှိပါတယ်...။















ref;chinasmack/ by ko myo
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...