အောင်မြင်ရေး စိတ်စွမ်းအင် (၃)

မသိစိတ်ကို ဖော်ထုတ်ခြင်း

လူတွေရဲ့ ဦးနှောက်အ သိဉဏ်ဟာ သိစိတ်နဲ့ မသိစိတ်ဆိုတဲ့ စိတ်အခြေအနေ နှစ်မျိုးပေါ်မှာ မူတည်ပြီး အလုပ်လုပ်ပါတယ်။ သိစိတ်နဲ့ မသိစိတ် ဆိုတဲ့ အခြေအနေ နှစ်ရပ် က တစ်ခုနဲ့တစ်ခု ဆက်နွယ်မှု ရှိနေပါတယ်။ အမျိုးအစားတွေ ခွဲခြား သိခြင်း၊ နှိုင်းယှဉ်ခြင်း၊ ချင့်ချိန်ဝေဖန်ခြင်း၊ အကဲဖြတ် သုံးသပ်ခြင်း၊ ဆုံးဖြတ်ချက်တွေ ချမှတ်ခြင်း စတဲ့ ကိစ္စရပ်တွေကို အချင်းချင်း ဆက်သွယ်ပြီး သူ့ကဏ္ဍအလိုက် ဆက်သွယ်ဆောင်ရွက် ကြပါတယ်။

အောင်မြင်ရေး စိတ်စွမ်းအင်ကို လေ့လာ ကြည့်တဲ့အခါမှာ သိစိတ်ဟာ သတိထားမိနိုင်တဲ့ စွမ်းရည်ရှိ အပြင်ပန်း စိတ်အခြေအနေဖြစ်ပြီး မသိစိတ်ကတော့ မမြင်နိုင်တဲ့စွမ်းရည်၊ အလွယ်တကူ သတိမထား မိနိုင်တဲ့ အစွမ်းအစတွေရှိတဲ့ အတွင်းစိတ်၊ တိမ်မြုပ်နေတဲ့စိတ်၊ တန်ခိုးသတ်္တိ ထူးတွေ အမြောက်အမြား ကိန်းအောင်းနေတတ် တဲ့စိတ်ပဲ ဖြစ်ပါတယ်။

သိစိတ်နဲ့ မသိစိတ်ဟာ ပင်လယ်ရေပေါ် ပေါလောပေါ်နေတဲ့ ရေခဲတောင်ကြီးလိုပါပဲ။ ရေပေါ်မှာ မြင်နေ ရတဲ့ ရေခဲတောင်ရဲ့အပိုင်း ထက် ရေအောက်မှာ တိမ်မြုပ်နေတဲ့ ရေခဲတောင် ကြီးက အဆများစွာ ကြီးထွား လွန်းပါတယ်။ စိတ်ပညာရှင်ကြီးတွေရဲ့ အဆိုအရ မသိစိတ်ရဲ့ စွမ်းအင်ထူးဟာ သိစိတ်မှာရှိတဲ့ စွမ်းအင်ထက် အဆပေါင်း သုံးသောင်းလောက်ကို ပြင်းထန်ပါတယ်။

ဒါကြောင့် သိစိတ်နဲ့ မသိစိတ်ကို စွမ်းအင် ချင်း ယှဉ်ပြိုင်မယ်ဆိုရင် အင်အားချင်းလုံးဝ မမျှတဲ့အတွက် မသိစိတ်ကပဲ အနိုင်ရသွားတတ် ပါတယ်။ မသိစိတ်က အစွမ်းအစတွေ ထွက်ပေါ် လာပြီး လုပ်ဆောင်တဲ့ အခါမှာ တကယ့်အံ့မခန်း အောင်မြင်မှုတွေကို တွေ့ရှိရတတ်ပါတယ်။ ဥပမာ- အခက်အခဲတွေကြုံနေတဲ့ အခြေအနေ မျိုးတို့၊ အသက်အန္တရာယ်နဲ့ တွေ့ကြုံနေတဲ့အခါ မျိုးတို့မှာ မသိစိတ်ရဲ့အစွမ်းတွေ ထွက်ပေါ် လာ တတ်ပါတယ်။

သာမန်အချိန်မှာ လုံးဝမသယ်နိုင်တဲ့ ကြီး မားလေးလံတဲ့ သေတ္တာကြီးတွေကို မီးလောင် နေတဲ့အခါမျိုးမှာ သယ်ပြေးနိုင်တဲ့ စွမ်းအားဟာ မသိစိတ်က ထွက်ပေါ်လာတဲ့ တန်ခိုးစွမ်းအင်ပါ။ ဒီလို တန်ခိုးစွမ်းအင်တွေ ဟာ လူတွေရဲ့ မသိ စိတ်ထဲမှာ အထူးကိန်းအောင်းနေတတ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် အောင်မြင် ရေး စိတ်စွမ်း အင်ပညာရှင်ကြီးတွေက မသိစိတ်ထဲက စွမ်းအား အပြင်းဆုံး တန်ခိုးသတ်္တိတွေကို ဖော် ထုတ်သုံး စွဲပြီး ထိပ်တန်းအောင်မြင်မှုတွေရရှိဖို့ နည်းလမ်း တွေကို လေ့လာစူးစမ်း ခဲ့ကြပါတယ်။ 

မသိ စိတ်ဟာ သူ့ကိုပြောသမျှ အရာအား လုံးကို အတားအဆီးမရှိ လက်ခံယုံကြည်တတ် ပါတယ်။ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန် မခွဲခြားဘဲ သူ့ဆီဝင်လာသမျှကို လက်ခံယူတတ်တယ်။ မသိစိတ်ဟာ ကွန်ပျူတာ တစ်လုံးနဲ့ ဆင်တူပါတယ်။ ကွန်ပျူတာဆိုတာ သူ့ထဲကို ထည့်သွင်းလိုက်တဲ့ ဆော့ဖ်ဝဲတွေ၊ သတင်းအချက်အလက်တွေကို သိမ်းဆည်းထား နိုင်စွမ်းရှိပါတယ်။ လိုအပ်တဲ့အချိန်မှာ လိုအပ် သလို အသုံးပြုဆောင်ရွက်နိုင်အောင် အချက် အလက်တွေ၊ အဖြေတွေကို ပြန်ထုတ်ပေးတတ် ပါတယ်။

တစ်နေကုန် အလုပ်တွေ မနားတမ်းလုပ် ပြီးလို့ အိမ်ပြန်လာတဲ့အခါမှာ သိစိတ်က ““ငါသိပ် ပင်ပန်း နေပြီ”” လို့ စတင်တွေးတောလိုက်တယ် ဆိုကြပါစို့။ ဒီအခါမှာ မသိစိတ်ဟာ ““ငါသိပ် ပင်ပန်းနေပြီ”” ဆိုတဲ့ သတင်းကို ရရှိသွားတာနဲ့ ဒီသတင်းမှန်ကန်ကြောင်းကို သက်သေပြဖို့ အကြောင်းခိုင်လုံစေတဲ့ အရာတွေကို လုပ်ဆောင် ပြပါလိမ့်မယ်။ အချိန်တိုအတွင်း ခန်္ဓာကိုယ်ဟာ တကယ်ပင်ပန်းလာသလို ခံစားလာရပြီး ခြေကုန် လက်ပန်းကျလာတတ်တယ်။ တဖြည်းဖြည်းနဲ့ ဘာမျှမလုပ်ချင် မကိုင်ချင်လောက် အောင်ကို အနားယူလာပါလိမ့်မယ်။ ဒါဟာ မသိစိတ်က သူ့ကိုပြောထားတဲ့ ““ငါ သိပ်ပင်ပန်းနေပြီ”” ဆိုတဲ့ စကား လုံးဝမှန်ကန်အောင် အထောက်အထား တွေကို ထုတ်ပြပေးလိုက်တာဖြစ်ပါတယ်။

ဒီလိုပါပဲ။ တစ်နေကုန် ပင်ပင်ပန်းပန်းနဲ့ အလုပ်တွေများခဲ့ပေမဲ့ ကိစ်္စတစ်ခုကို အခုပဲ ““မဖြစ်မနေ လုပ်ကို လုပ်ရမယ်”” လို့ သိစိတ်က ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ကျွန်တော်တို့ သတိ မထားမိခင်မှာပဲ မသိစိတ်က ““မဖြစ်မနေ လုပ်ကို လုပ်ရမယ်””ဆိုတဲ့ အချက်ကို ပြသဖို့အတွက် အသင့်ရှိနေပြီးသား စွမ်းအင်တွေကို သွားရောက် လှုံ့ဆော်ပါလိမ့်မယ်။

ကိုယ်က မနက်အစောကြီးထပြီး အရေး ကြီး လုပ်စရာကိစ်္စရှိတဲ့အခါ ညအိပ်ရာမ၀င်မီ ကတည်းက ““ငါ မနက်စောစော ငါးနာရီ ထကို ထရမယ်၊ မထလို့ကိုမဖြစ်ဘူး””လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချပြီး အိပ်စက် လိုက်တဲ့အခါမှာ မသိစိတ်ကို သတင်းပို့ပြီးသား ဖြစ်သွားပါတယ်။ လူက ကောင်းကောင်း အိပ်မော ကျသွားပေမဲ့ မသိစိတ်က ဒီအချက်ကို သက်သေပြဖို့ လုပ်ဆောင်ရန် အသင့်အနေအထား ဖြစ်နေပြီးသား ပါ။ ထူးခြားအံ့သြစရာ ကောင်းလောက်အောင်ပဲ ကိုယ်သတ်မှတ်ထားတဲ့ အချိန်အတိအကျ အတိုင်းကို နိုးထလာတတ်ပါတယ်။ ဒါဟာ မသိ စိတ်ရဲ့ လှုံ့ဆော်စွမ်းအင်ကြောင့်ပါပဲ။

မသိစိတ်ဟာ ကျွန်တော်တို့ သတိမထား မိတဲ့ အချိန်တိုင်းလိုလိုမှာ အလုပ်လုပ်ဆောင်နေ တတ်ပါတယ်။ သူဟာ ကျွန်တော်တို့ ယုံကြည် သမျှ ခံစားချက်အတိုင်း တစ်သဝေမတိမ်း တုံ့ ပြန်ဆောင်ရွက် တတ်ပါ တယ်။ ““မလုပ်နိုင်ဘူး”” လို့ မသိစိတ်မှာ စွဲနေရင် လုံးဝ မလုပ်နိုင်ပါဘူး။ ““လုပ်နိုင်တယ်””လို့ စွဲမြဲ ယုံကြည်နေရင် လုပ်ကို လုပ်နိုင်ပါတယ်။

အလုပ်ကိစ်္စတွေရှိတဲ့အခါမှာ ““သိပ်အရေး မကြီးပါဘူး၊ ခဏရွှေ့ဆိုင်းထားလို့ရပါတယ်”” လို့ စိတ်မှာ သတ်မှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ပျင်းရိခြင်းကို ဖြစ်စေတဲ့ စိတ်ကူးတွေ၊ စိတ်ကို ထိုင်းမှိုင်းစေတဲ့ အခြေ အနေတွေကို မသိစိတ်က ဖြည့်ဆည်းပေးမယ့် အခွင့်အလမ်းတွေ ဖန်တီး လာတတ်ပါတယ်။ အလုပ် ကိစ္စတွေကို ဟိုရွှေ့ ဒီရွှေ့နဲ့ ဘေးချိတ်ထားတတ်တဲ့ အကျင့်က ကြာ လာလေလေ ပိုပျင်းတတ်လာလေ ဖြစ်တတ်ပါ တယ်။ အလုပ်ကိစ်္စတိုင်းကို အရေးမကြီးပါဘူး ဆိုတဲ့ အစွဲတွေ ဖြစ်လာတတ်ပါတယ်။

တကယ်တော့ လူတွေအားလုံး အရေး တကြီး အလုပ်တွေ လုပ်ဆောင်နေတဲ့အချိန်မှာ သုံးစွဲလို့ မကုန်ဘူး လို့ ထင်ရတဲ့ စွမ်းအင်တွေ ရှိနေ တတ်ပါတယ်။ သာမန်လူသားတစ်ယောက် ဟာ သူ့မှာရှိနေတဲ့ အစွမ်း အစ တွေအားလုံးရဲ့ ၀.၀၂%ကိုသာ အသုံးချကြပါတယ်လို့ အိုင်း စတိုင်းကြီးက ဆိုခဲ့ပါတယ်။ လူသာမန် ဘ၀မှ ရုန်းထွက်နိုင်တဲ့ စွမ်းအားနဲ့ အမြင့်မားဆုံး အောင်မြင်မှုအားလုံးတို့ဟာ မသိစိတ်မှာရှိတဲ့ စွမ်းအင် တွေရဲ့ လှုံ့ဆော်အားတွေကို ကောင်း ကောင်း ထုတ်သုံးတတ်လို့သာ ဖြစ်ပါတယ်။

ဒါကြောင့် ဘ၀အောင်မြင်မှုတွေကို အလွယ်တကူနဲ့ ရယူပိုင်ဆိုင်ချင်တဲ့သူတိုင်းဟာ မသိစိတ်ရဲ့ တန်ခိုး စွမ်းအားကို အားကိုးအသုံး ချပြီး အရာအားလုံးကို ဖန်တီးလုပ်ဆောင်နိုင် ပါတယ်။ မသိစိတ်ကို လုံးဝ ယုံကြည်ပြီး အသုံး ချတတ်မှသာ မသိစိတ်က ပိုမိုရင့်ကျက်လာပြီး တန်ခိုးစွမ်းအားတွေကို တိုးပွားလာစေ မှာ ဖြစ် ပါတယ်။ မသိစိတ်ကို အသုံးချလေလေ ယုံကြည်မှု ပိုရှိလေ၊ ယုံကြည်မှုတွေ ရှိလာလေလေ မသိ စိတ်တန်ခိုးစွမ်းအင် ပိုပြီး ပြင်းထန်လာလေလေပဲ ဖြစ်ပါတယ်။


ဖူးကျော်ဇင်(Future Wave)
JOB Seeker Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...