နေတိုး ရွေးချယ်မယ့် နှလုံးသားရေးရာ

(ရန်ကုန်၊ သြဂုတ် ၁၁ )

”နှလုံးသားရေးရာနဲ့ ပတ်သက်လာရင် နှလုံးသား ကိုပဲ ပုံအပ်ထားတယ်။ နှလုံးသား နဲ့ပဲ ဆုံးဖြတ်မယ်” ဟု နေတိုးက ပြောသည်။

”တချို့ဆို ရှိတယ်။ ဒီလူနဲ့မှ ချစ်သူဖြစ်ချင်တယ်။ ကိုယ့် နှလုံးသား ရဲ့တောင်းဆိုမှု ရှိပေမယ့် ဦးနှောက်က ဒါ မဖြစ်သင့် ဘူးလို့ ဆုံးဖြတ်တာ ရှိတယ်လေ” ဟု နေတိုး က ပြော သည်။

နေတိုးက လတ်တလောမှာ ရုပ်ရှင်လောကမှာ ဈေးကွက် ဝင်နေသည့် မင်းသား တစ်လက်ဖြစ်ပြီး ရုပ်ရှင် ကားကြီးတွေ နဲ့ ဒုတိယ အကြိမ် အကယ်ဒမီ တစ်ပေးခံရသည့် မင်းသား တစ်ဦးလည်း ဖြစ်သည်။

”နှလုံးသားရေးရာ နဲ့ ရွေးချယ်မှု အပိုင်း ကတော့ နှလုံးသားရဲ့ အလိုအတိုင်းတော့ ဖြစ်ချင်တယ်။ မင်္ဂလာ ဖိတ်စာ ဝေမယ့် သတင်းကတော့ ပရိသတ်ကြားရမယ့် အချိန် အခါတော့ မခန့်မှန်းတတ်ဘူး” ဟု ၄င်းက ဆက်ပြောသည်။

”အခု လောလောဆယ်တော့ အနုပညာ အလုပ်ပဲ ဦးစား ပေး လုပ်ဖြစ်နေတယ်။ ဒါလည်း ပရိသတ် အတွက်ပါ” ဟု နေတိုးကပြောသည်။

နေတိုးက လတ်တလောမှာ ဒါရိုက်တာ သိန်းဟန် ဖီးနစ် ရိုက်ကူးသည့် ‘အချစ်စစ်စစ်’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်နေသည်ဟု သိရသည်။ 


ထူးထူး
Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...