တိုဟူး စပ်ဆီးအုပ်

ဒီဟင်းလေးက ကျွန်မရဲ့ ဖေဖေ အင်းလူမျိုးတွေရဲ့ အရမ်းကို စားကောင်းလှတဲ့ ရိုးရာဟင်း တစ်မျိုး ဖြစ်ပါတယ်။

***.. တိုဟူး စပ်ဆီးအုပ် အတွက် လိုအပ်တာ လေးတွေ….

1. တိုဟူး လုပ်နည်းမှာ လုပ်ထားသော တိုဟူး၏ တစ်ဝက်
2. အကွင်းလိုက် လှီးကာ နှစ်ပိုင်းဖြတ်ထားသော ခရမ်းချဉ်သီး – တရုတ်ထမင်းစား ပန်းကန်လုံး တစ်လုံးခွဲ
3. အနည်းငယ် ပါးပါး လှီးထားသော ကြက်သွန်ပင် – တရုတ် ထမင်းစား ပန်းကန်လုံး ၂ လုံး
4. ငရုတ်သီးအကြမ်းမှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
5. အရသာမှုန့် – ထမင်းစားဇွန်း ၁ ဇွန်း
6. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း တစ်ဝက်
7. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
8. ဆီ – ဟင်းခပ်ဇွန်းကြီး ၂ ဇွန်းခွဲ(ဟင်းချက်ရန်အတွက်)

တိုဟူးကို ပုံတွင်ပြထားသလို အတုံးများ တုံး(လှီး)ကာ ဆီပူများများထဲ ထည့်ပြီး ၃ မိနစ်ကြော်ပါ။ (တိုဟူး တုံးလေးများကို မကြော်ခင် ဟင်းချက်သောအခါ အရသာဝင်စေရန် ဓါးချွန်လေး ထိုးထည့်ပြီး ဟိုဖက်၊ဒီဖက် အပေါက် နှစ်ပေါက်ခန့် ဖောက်ပေးပါ။)

ခရမ်းချဉ်သီး၊ ကြက်သွန်ပင်၊ ငရုတ်ကြမ်းမှုန့်၊ နနွင်း၊ အရသာမှုန့်၊ ဆား တို့ကို ချက်မည့်အိုးထဲထည့်ကာ ခရမ်းချဉ်သီးဖတ်များ ကြေသွားအောင်ဖိချေနယ်ပေးပါ။

ပြီးလျှင် ဆီ ဟင်းခပ်ဇွန်းကြီး ၂ ဇွန်း ထည့်ကာ မီးဖိုပေါ်တင်ပြီးလုံး (ကြော်)ပေးပါ။

ခရမ်းချဉ်သီးဖတ်များ နွမ်းသွားလျှင် တိုဟူးကြော်များကို ထည့်၍ အနည်းငယ်မွှေပြီး အိုးအဖုံး ဖုံးကာ ၂ မိနစ်ထားပြီးလျှင် တိုဟူးဟင်းလေးကို အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။


ref;https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook









ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...