ထိုင်းတွင် မြန်မာ အလုပ်သမားအချို့ သစ်ရွက် ပြုတ်စားသည် ဆိုသည့်ကိစ္စ

ရွှေရည် ဖြိုးအောင် အေဂျင်စီ ရှင်းလင်း လွန်မင်းမန် လူမှု ကွန်ယက်နှင့် အင်တာနက် သတင်းဌာန
အချို့၏ ရွှေရည် ဖြိုးအောင် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ စေလွှတ်သည့် အလုပ် သမားများ၏ သတင်း ရေးသားချက် များမှာ မှန်ကန်မှု မရှိကြောင်း ယင်းအေဂျင်စီ၏ ဒါရိုက်တာ ဦးမိုးကျော်က ဩဂုတ်လ၁ရက်နေ့၊ ယုဇနဟိုတယ် (ရွှေဂုံတိုင်)တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

ရွှေရည်ဖြိုးအောင် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တင်ပို့သည့် မြန်မာ အလုပ်သမား ၂၆ ဦးမှာ ထိုင်းနိုင်ငံတောင်ပိုင်း စတုံမြို့တွင် လုပ်ခလစာ ရရှိခြင်းမရှိဘဲ စားစရာမရှိသဖြင့် သင်္ဘောသီး၊ ကန်စွန်းရွက်နှင့် ဘောစကိုင်းရွက်များ ပြုတ်စားနေရကြောင်း ရွှေလုပ်သား၊ သစ်ထူးလွင်နှင့် ရွှေမြန်မာ စသည့် အင်တာနက်သတင်း ၀က်ဘ်ဆိုဒ်များနှင့် လူမှုကွန်ယက် စာမျက်နှာများက သာမက နိုင်ငံပိုင် သတင်းစာတစ်ခု ဖြစ်သည့် မြန်မာ့အလင်း သတင်းစာကပါ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရေးသားခဲ့သည်ဟု ဦးမိုးကျော်က ဆိုသည်။

ထိုင်းနိုင်ငံရေးအခြေအနေအရ ကုမ္ပဏီများတွင် စာရင်းစစ်များ ၀င်ရောက်စစ်ဆေးနေသော အခြေအနေ များကြောင့် ကုမ္ပဏီမှ လစာပေးချေရန် နှောင့်နှေးကြန့်ကြာမှုများရှိနေခဲ့သည်။ ထို့ကြောင့် ၎င်းတို့ သွား ရောက် ဖြေရှင်းသောအခါ အဆိုပါ ဗှ ဗျသခငအေနိ ကုမ္ပဏီမှ လက်ကျန်လစာများကို မကြာမီ အမြန်ပေး ချေသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလုပ်သမားများကို ကြိုတင်ငွေ တစ်ယောက် ဘတ် ၅၀၀စီ ထုတ်ပေးခဲ့ကြောင်း ဦးမိုးကျော်က ဆိုသည်။

ထို့ပြင် အလုပ်သမားများကိုလည်း လက်ကျန်လစာများကို ယင်းကုမ္ပဏီမှ မကြာမီအမြန်ဆုံး ပေးချေ သွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှ အကြောင်းပြန်ကြားချက်ကို အလုပ်သမား သံအရာရှိနှင့် အလုပ် သမား များအား ပြန်လည်အကြောင်းကြားခဲ့သည်ဟု ၎င်းကဆိုသည်။

"စတုံမြို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်းဆိုတာ မှန်ပါတယ်ခင်ဗျ။ သို့သော်လည်းပဲ သူဖော်ပြထားတဲ့အတိုင်း မွတ်စလင်သောင်းကျန်းသူများ လှုပ်ရှားတဲ့နေရာဆိုတာ မဟုတ်ပါဘူး။ နောက်နိုင်ငံတော် အနေနဲ့ အလုပ် သမားတွေ စေလွှတ်ဖို့ ကန့်သတ်ထားတဲ့နေရာဆိုတာလည်း မဟုတ်ပါဘူး" "တတိယအချက်အနေနဲ့ လစာထုတ်ရက်နောက်ဆုတ်သွားတဲ့အတွက်ကြောင့် ကလေးတွေမှာ ငွေပိုငွေလျှံ နည်းသွားပါတယ်။ ဒါကြောင့်မို့လို့ တစ်ချို့သောကလေးတွေကတော့ သူတို့ခြိုးခြံချွေ တာလိုတာက တစ်ကြောင်း၊ ပတ်ဝန်း ကျင်ကို သွားပြီးတော့ ဈေးဝယ်မယ်ဆိုရင် အခက်အခဲဖြစ်မှာ စိုးတဲ့ အတွက်ကြောင့် မို့လို့ ပတ်ဝန်းကျင် မှာရှိတဲ့ သင်္ဘောသီး၊ ကန်စွန်းရွက်တွေကို ခူးယူပြီးတော့ ချက်ပြုတ်စားသောက် ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဘောစကိုင်းရွက်တွေကို စားသောက်တယ် ဆိုတာကလည်း ဘောစကိုင်းရွက်တွေကို ပြုတ်ပြီးတော့၊ သုပ်ပြီးတော့ စားသောက်ခြင်းဖြစ် ပါတယ်။ ထမင်းဟင်း စားစရာ လုံးဝမရှိတော့လို့ သစ်ရွက်ပြုတ်စား နေရတယ်ဆိုတာ လုံးဝမဟုတ် ပါဘူး" ဟု ဦးမိုးကျော်က ပြောသည်။

အလုပ်သမား စုစုပေါင်း ၄၂ဦးကို ခေါ်သွားခဲ့သော်လည်း ၂၆ဦးသာတွေ့ရပြီး ကျန် ၁၆ ဦးမှာ မည်သည့် နေရာတွင် ရောက်ရှိနေသည်ကို မသိရှိရကြောင်း တိုင်ကြားချက်အရ ၂၆ဦးမှာ AS Associated Engineering ကုမ္ပဏီသို့ ရောက်ရှိသွားခဲ့ပြီး ကျန်အလုပ်သမားများမှာ ၎င်းတို့နှင့် စာချုပ်ချုပ်ဆိုသည့် AS Associated ကုမ္ပဏီသို့ ရောက်ရှိသွားပြီး ဘန်ကောက်မြို့ရှိ ယင်းကုမ္ပဏီ တွင်ပင် အလုပ်လုပ်နေ ကြကြောင်း ၎င်းကပြောကြားခဲ့သည်။ ပတ်စပို့စ်စာအုပ်များကို သိမ်းဆည်းထားရ ခြင်းမှာလည်း အလုပ် သမားများအနေဖြင့် သုံးလတစ်ကြိမ် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်သတင်းပို့ရပြီး၊ အလုပ် သမားများလက်ဝယ်တွင် ထားရှိပါက ပျက်ဆီးခြင်း၊ ပျောက်ဆုံးခြင်းများ ရှိနိုင်သည့်အတွက် ကုမ္ပဏီ တာဝန်ရှိသူများထံတွင်သာ သိမ်းဆည်းထားခဲ့ခြင်းဖြစ်ပြီး အလုပ်ရှင်ဘက်မှ ပတ်စပို့စ် သက်တမ်းတိုးခြင်း များလည်း ဆောင်ရွက်ပေးကြောင်း ၎င်းကပြောသည်။

ထို့ပြင် ၀န်ဆောင်ခအဖြစ် မြန်မာငွေ တစ်သိန်းခွဲနှင့် ထိုင်းဘတ်ငွေ တစ်သောင်းသာ ကောက်ခံပြီး ယင်းနှုန်းထားများမှာလည်း မြန်မာနိုင်ငံအေဂျင်စီများအသင်းချုပ်မှ သတ်မှတ်သည့် နှုန်းထားများ အတိုင်း သာဖြစ်သည်ဟု ၎င်းကဆိုသည်။ "အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေကြောင့် မိဘတွေ စိတ်ပူမှာစိုးလို့ မြန်မာနိုင်ငံကို ပြန်လာဖို့ ဆုံးဖြတ်ရတာဖြစ်ပါတယ်။

နောက်တစ်ချိန်ကျရင် နိုင်ငံခြားပြန်သွားဖို့အတွက် ဆောင်ရွက်ဦးမှာပါ။ ဘယ်အချိန်လဲတော့ အတိအကျ မသိသေးဘူး" ဟု ယင်းအလုပ်သမားများတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ကိုနိုင်လင်းထွန်းက ပြောသည်။

"ကျွန်တော်တို့ အသင်းရဲ့ရပ်တည်ချက်က ဘက်မလိုက်တဲ့ ရပ်တည်ချက်ပါ။ အလုပ်ရှင် အလုပ်သမားကြား အလယ်ခေါင်က ရပ်တည်ပေးမယ့် အသင်း တစ်သင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်သမား ဘက်ကြီး ပဲလည်း မလိုက်ပါဘူး။ အလုပ်ရှင်ဘက်ကြီးပဲလည်း မလိုက်ပါဘူး။ မှန်တဲ့ဘက်ကို ကျွန်တော်တို့ ရပ်တည် ပြီးတော့ ဖြေရှင်းပေးပါတယ်" ဟု မြန်မာနိုင်ငံအေဂျင်စီ အသင်းချုပ် ဥက္ကဌ ဦးမင်းလှိုင်က ပြောကြားခဲ့ သည်။ ယခုအခါတွင် အချို့သော ပြည်ပ အလုပ်ရှာဖွေရေးေ အဂျင်စီများမှာ အမည်ခံမျှသာ ဖွင့်လှစ်ထား ကြပြီး တရားဝင်မှတ်ပုံတင် ထားခြင်းမရှိပဲ လုပ်ကိုင်ဆောင်ရွက်ေ နကြခြင်းဖြစ်သည် ဟု ၎င်းကဆိုသည်။ ထို့အတွက် တရားမ၀င်လုပ်ကိုင်မှုနှင့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရန်ပျက်ကွက်မှုတို့ကြောင့် ယမန်နှစ်က ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီနှစ်ခုနှင့် ယခုနှစ်တွင် သုံးခုဖြင့် လုပ်ငန်းလုပ် ကိုင်ခွင့်ကို ဆိုင်းငံ့ထားကြောင်း ၎င်းကပြောသည်။


ref;Myanmar Times
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...