အနာဂတ်ရဲ့ ဗီဇကုထုံး
အယ်ဇိုင်းမား ရောဂါဆိုတာ အသက်ကြီး လာတဲ့ သူတွေ အများစုမှာ ကြုံရလေ့ရှိပြီး ဦးနှောက်ထဲမှာ ဘီတာ အမိုင်းလွိုက် ပရိုတင်းတွေပုံ လာပြီး ဦးနှောက် ရဲ့ အာရုံကြောတွေ၊ နူရုန်းတွေကို ဖျက်ဆီး ပစ်လို့ ဦး နှောက် မှတ်ဥာဏ်တွေ တဖြည်းဖြည်း လျော့နည်း လာတဲ့ ရောဂါ တစ်ခုဖြစ် ပြီး၊ ကုသဖို့ အတွက် ကတော့ ရှာဖွေဆဲပဲ ဖြစ်ပါတယ်။
အပိန်လေး
Ref;Medindia
အခုအခါ မှာတော့ တရုတ်နိုင်ငံ Hebei Chemical and Pharm-aceutical College ကနေ ပြီး မျိုးရိုးဗီဇ ပြောင်းလဲမှု လုပ်ပြီးနောက် Recombinant adeno associated virus(rAAV) ဗိုင်းရပ်စ်ကို ထုတ်လုပ်ခဲ့ပြီး ယင်းဗိုင်းရပ်စ်က Human HIF-1& ဗီဇကို ပြောင်းလဲမှု ဖြစ်ပါတယ်။ ဒါ ကြောင့်လေ့လာမှုမှာ rAAV-HIF-1& ကို စမ်းသပ်တိုက်ကျွေးပြီးနောက် ဘီတာ အမိုင်းလွိုက်ကြောင့် ဦးနှောက် အာရုံကြောတွေ ပျက်စီးမှုကို လေ့လာရာမှာ၊ ပျက်စီးမှုနှုန်းတွေ ကျလာတာကို တွေ့ရှိခဲ့ရပါတယ်လို့ ဦးနှောက်နှင့် အာရုံကြော ပြန်လည်ဖွံ့ဖြိုးရေး သုတေသန အတွဲ ၉ အမှတ်စဉ် ၁၁ မှာ ဖော်ပြခဲ့ပြီး နောင်လာမဲ့ အနာဂတ်မှာ အယ်ဇိုင်းမှာရောဂါရဲ့ ကုထုံးသစ် တစ်ခုဖြစ် လာနိုင် တယ်လို့ ဆိုထားပါတယ်။
အပိန်လေး
Ref;Medindia
Health Updates Journal No.(128)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook