သန့်ရှင်းသပ်ရပ်သော ရပ်ကွက် ဖြစ်ပေါ်လာရေး အားလုံးတွင် တာဝန်ရှိသည်

ရပ်ကွက် အတွင်းရှိလမ်းများ၊ ပလက်ဖောင်းများ၊ ရေနုတ်မြောင်း များပေါ်သို့ အမှိုက်မပစ်ကြရန်၊ သတ်မှတ်ထားသော အမှိုက်ပုံးတွင်သာ စွန့်ပစ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ က ထုတ်ပြန်ကြေညာထားသည်။ သို့သော် ရပ်ကွက် နေပြည်သူ၊ လမ်းသွား လမ်းလာများ အနေဖြင့် အမှိုက်များကို စနစ် တကျမစွန့်ပစ် ဘဲ ဖြစ်က တတ်ဆန်း စွန့်ပစ်သူများကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တချို့ထံမှ သိရှိရသည်။ တောင်ဒဂုံမြို့နယ်၊ ၂၆ ရပ်ကွက်၊ အောင်ဇေယျအိမ်ရာ တာဝန်ခံအ တွင်းရေးမှူး ဦးညီကျော်က ” အရင်တုန်းကတော့ ရပ်ကွက်အတွင်းမှာ အမှိုက်ကန်တွေထားရှိပြီး အမှိုက် တွေကို စွန့်ပစ်တာပေါ့နော်။ အခုတော့ အမှိုက်တွေကို စွန့်ပစ်ဖို့ ခေါင်းလောင်း တီးစနစ်ကို ကျင့်သုံးနေရ တယ်။ ကားတွေကို လပေးစနစ်နဲ့ငှားပြီး အမှိုက်ပစ်တာပေါ့။ တစ်ပတ်ကို အမှိုက်ကား သုံးကြိမ်၊ တစ်လ ၁၂ ကြိမ်လာပြီးပစ်တာပေါ့” ဟု ပြော သည်။ အမှိုက်များကိုစွန့်ပစ်ရန်အတွက် အမှိုက်ကားတစ်ခေါက်ကို ငွေကျပ်နှစ်သောင်းငါးထောင်၊ တစ်လကို ငွေကျပ် နှစ်သိန်းငါး သောင်းပေး ရကြောင်းလည်းသိရသည်။

” တိုက်ခန်းပိုင်ရှင်တွေဆီက အမှိုက်ခွန်ကြေးတော့ ကောက်ခံရပါတယ်။ တစ်လကို ငွေကျပ် တစ်ထောင်နှုန်း နဲ့ပေါ့။ ဦးတို့ အောင်ဇေယျအိမ်ရာမှာ တိုက်ခန်း ၇၈၄ ခန်းရှိ တာပေါ့။ အဲဒီအခန်းတွေ ထဲကမှ အခန်း ၇ဝဝ လောက်တော့ ကောက်လို့ရတယ်။ ကျန်တာတွေတော့ ရွှေ့ရပြောင်းရနဲ့ သိပ်အတည် တကျမရှိကြတော့လေ။ များေ သာအားဖြင့်တော့ သန့်ရှင်းသပ်ရပ်မှုကို ကြိုက်ကြပါတယ်။ သူတို့အတွက်လည်း ငွေတစ်ထောင်ဆိုတာ မပြောပလောက်ပါဘူး။ အိမ်ရာတစ်ခုလုံး သန့်ရှင်း သပ် ရပ်နေမှ လူနေချင်စိတ်ရှိမှာလေ။ ကိုယ်ကိုယ်တိုင်လည်း သပ်သပ်ရပ်ရပ်နေရတာကိုကြိုက်တယ်။ အကောင်းဆုံးဖြစ်အောင်တော့ စီစဉ်လုပ်ဆောင်ပေးဖြစ် ပါတယ်” ဟု လည်း အုပ်ချုပ်ရေးမှူး ဦးညီကျော် ကပြောသည်။

အမှိုက်များကို စည်းကမ်းရှိရှိဖြင့် စနစ်တကျ စွန့်ပစ်သင့်ကြောင်း၊ အမှိုက်ကား လာမည်ရက်၌သာ အမှိုက် များကို သိမ်းဆည်းပေးသော်လည်း တချို့ကမူ စည်းကမ်းမ ရှိဘဲ ဖြစ်သလို လုပ်သွားကြောင်းလည်း ပြောသည်။ အိမ်ရာတချို့၌မူ မြို့နယ်စည်ပင်က တာဝန်ယူမှုမရှိသည့်အတွက် ကိုယ့်စရိတ်များဖြင့်သာ အမှိုက်ကား ငှားပြီး ရှင်းနေ ရကြောင်း သိရသည်။ တောင်ဒဂုံမြို့ နယ်၊ ၂၆ ရပ်ကွက်ထဲ၌နေသူ မောင်လျံချင့်ခုပ် ဆိုသူကလည်း ” အမှိုက်ကားတွေလာမယ်ဆိုပြီး အမှိုက်တွေပုံ ထားတာရှိ တယ်။ တိုက်ရှေ့ပုံထားတဲ့အမှိုက်တွေကို စည်ပင်ကသိမ်းသွားပေမယ့် လူရှင်း တဲ့နေရာတွေမှာ ပုံထားတဲ့ အမှိုက် တွေက တစ်စတစ်စနဲ့ စည်ပင်က လည်းလာမသိမ်း။ ဒီတော့ အမှိုက်ပုံ ကြီးဖြစ်လာတယ်။ ကျွန်တော့် အထင်တော့ ရပ်ကွက်တိုင်း၊ လမ်း တိုင်းမှာ အမှိုက်ပုံးမရှိဘူး။ နေရာတိုင်းမှာ ထားပေးစေချင်တယ်။ ဒီလိုထားပေးရင် စည်ပင်က အမှိုက်ကားလာပြီဆိုပြီး အော်စရာမလို တော့ဘူး။ ပြီးတော့ အမှိုက်ပုံး၊ ကန်ထဲကအမှိုက်တွေကို တစ်ပတ် နှစ်ခါလောက် လာသိမ်းပေးစေချင်တယ်။ တချို့အိမ်ရှေ့တွေမှာ အမှိုက်ပုံးတွေ ထားရှိစေတယ်။ ဒါက အိမ်ရှင်တွေအတွက် မကောင်းဘူး လို့မြင်တယ်။ အနံ့အသက်တွေ မကောင်းတော့ ဘယ် သူကမှ ကိုယ့်အိမ်ရှေ့မှာ ထားချင်ကြမှာ မ ဟုတ်ဘူး။ အခုနာရေး ကူညီမှုအသင်း ကို အားကျတယ်။ လက်ရှိမှာ နာရေးကူညီမှု အသင်းကဦးဆောင်ပြီး အမှိုက်ကောက်ပေးနေကြတယ်။ ဒီလိုမျိုး အမှိုက်ကောက်တဲ့ အဖွဲ့အစည်းတွေ အများကြီးပေါ်ထွက်လာ စေချင်တယ်။ ဒါမှလည်း စည်း ကမ်းမဲ့အမှိုက်ပစ်တဲ့သူနည်းလာမယ်။ ရန်ကုန်မြို့တော်လည်း ပိုပြီး စည်ပင်ဝပြောလာမှာ။ လူတိုင်း က စိမ်းစိမ်းစိုစိုမြင်ချင်ကြတာပါပဲ။ ဒါပေမဲ့ မလိုက်နာကြတာက ပိုဆိုးတယ်။ အားလုံးမှာတာဝန်ရှိပါတယ်” ဟုပြောသည်။

သီဟစံမင်း
Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...