ရေဆိုးများကို သန့်စင် ပေးနိုင်မည့် ဇကာလွှာ

ကမ္ဘာတစ်ဝှန်း ရေသန့် အမြောက်အမြား ဖြန့်ဝေ ပေးနိုင်ရန် အသုံးဝင် လာမည့် ရေသန့် ဇကာပုံစံ ငယ်သစ်ကို တီထွင်နိုင်ခဲ့ကြောင်း သုတေသီ Wendelin Stark နှင့် Jeremy Nussbaumer့ အဖွဲ့တို့ပြုလုပ်သည့် လေ့လာမှုတွင် ဖော်ပြထား သည်။

DrinkPure လို့ အမည်ပေးထားတဲ့ ဇကာဟာ မည်သည့် ရေပုလင်းမှာမဆို တပ်ဆင်ထားနိုင် ပါတယ်။ ရေသန့်စင်နိုင်ဖို့ ရေစုပ်စက် မလိုသလို ရေသိုလှောင် ထားစရာလည်း မလိုတဲ့အတွက် အသုံးပြုရ လွယ်ပါတယ်””ဟု သုတေသီ တစ်ဦးက ဆိုသည်။

မသန့်စင်ရသေးသည့် ရေကို ပုလင်းအတွင်းထည့်၍ ဇကာတပ် ဆင်လိုက်ရုံဖြင့် အသင့် သောက်သုံး နိုင်မည်ဖြစ်ပြီး အဆိုပါဇကာမှာ (၁၀၀) ဂရမ် အောက်သာရှိကြောင်း သိရသည်။

ရေဖြတ်သန်းစီးဆင်းနိုင်မှုမြင့်မားသည့်အတွက် အချိန်တို အတွင်း ရေလီတာပေါင်းများစွာ သန့်စင်နိုင် မည်ဖြစ်သည်။ ဇကာကို ထုတ်လုပ်ရန် ကုန်ကျစရိတ်နည်းပါးပြီး အခြားမည်သည့် ဇကာများထက်မဆို ထုတ်လုပ်ရ လွယ်ကူသည် ဟုလည်း ဆိုထားသည်။

ဇကာတွင် အဆင့်သုံးဆင့် ပါဝင်ပြီး ပထမအဆင့် ဇကာတွင် သဲနှင့်အပင်ထွက်အပိုင်းအစများကဲ့သို့ ကြီးမားသည့် အမှုန်အမွှားများကို စတင်စစ်ထုတ်ပေးသည်။ ဒုတိယ အဆင့်တွင် သတ္တိကြွကျောက်မီးသွေး အမှုန့်နှင့် ပြုလုပ်ထားပြီး အနံ့ဆိုးများ နှင့် ဓါတုပစ္စည်းများကို ဖယ်ရှားပေးသည်။ တတိယအဆင့်မှာ အရေးအပါဆုံး အဆင့်ဖြစ်ပြီး ဘက်တီးရီး ယားကို ဖယ်ရှားပေးသည့် Polymer အလွှာပါဝင်သည်။ အဆိုပါ တတိယအလွှာသည် မည်သည့်အိမ်သုံး ရေစစ်ဇကာမျိုးထက်မဆို ပိုမိုသန့်စင်အောင် စစ်ထုတ် ပေးနိုင်သည်ဟု သိရသည်။

ရေစစ်ဇကာအဖြစ် အသုံးပြု နိုင်ရုံသာမက အဆိပ်အတောက် ကင်းစင်သည့်အပေါ် အင်္ကျီအဖြစ် လည်းကောင်း၊ ဘတ္တရီတစ်ခုနှင့် တစ်ခုကြား အကန့်အဖြစ် လည်းကောင်း အသုံးပြုနိုင်ရန်လည်း ဆက်လက် သုတေသနပြုလုပ်လျက် ရှိကြောင်း သိရသည်။ 


ဇော်ကို
Ref:MDI
Health Updates Journal No. 129
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...