မိဘမဲ့ကလေးများ အသက်ကြီးလာရင် သေဆုံးမှုများ

ကလေးငယ်များဟာ မိဘသေဆုံး သွားသည့် အခါမှာ စိတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်း၊ အပြစ်ရှိ ခြင်းနှင့် မလုံခြုံခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါများ ခံစားကြရ ပါတယ်။The American Cancer Society ဆိုတဲ့ အဖွဲ့က အရွယ်ရောက်ပြီး သူတွေရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး လေ့လာခဲ့ ကြပါတယ်။ 

၂၀၀၉ ခုနှစ် လေ့လာမှုအရ မိဘတွေကို ငယ်စဉ် ဘ၀ ဆုံးရှုံးခဲ့တဲ့ သူတွေဟာ အသက်ကြီးရင့်လာတဲ့ အခါမှ စိတ်ကျခြင်း၊ အရက်သောက် သုံးခြင်း တွေ ပိုများ လာတာတွေ့ရပါ တယ်။Dr.David Brentက မိဘ တွေဆုံးပြီး ၂နှစ်ကြာတဲ့အခါမှာ ကလေးတွေဟာ စိတ်ကျပြီး ဆေးစွဲ ခြင်းနှင့် အရက်သောက်ခြင်းတို့ကို ပြုလုပ်ကြပါတယ်။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာ ကြောင့်ပါပဲ။ ရာဇ၀တ်မှုတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူ တွေရဲ့ နောက်ကွယ်မှာ ငယ်စဉ်ကလေးဘ၀က မိဘများဆုံးရှုံးကြ ကြောင်းကိုတွေ့ရပါတယ်။ ကျွန်တော်ဆိုရင် ၇ကြိမ် တိုင်တိုင် ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ဖူးတဲ့ လူငယ် လေးတစ်ဦးကို တွေ့ဖူးပါတယ်။ သူဟာလည်း ငယ်စဉ်ဘ၀က မိဘတွေ မရှိတော့တဲ့ ကလေးတစ်ယောက် ပါပဲ”” ဟု ပြောပါတယ်။


မာဃ
Ref;MNT
Health Updates Journal No.(129)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...