ခန္ဓာကိုယ်ကို ထွင်းဖောက် မြင်နိုင်စေမည့် နည်းပညာ တစ်ရပ် ပေါ်ပေါက်လာ

လန်ဒန် ၊ သြဂုတ် ၈

ခန္ဓာကိုယ်ကို ထွင်းဖောက် မြင်နိုင်သော နည်း ပညာသစ် တစ်ရပ်ကို ကြွက်များနှင့် စမ်းသပ်လျက် ရှိရာ အောင်မြင်မှု ရရှိနေပြီ ဖြစ်ကြောင်း သိရ သည်။

အဆိုပါ နည်းပညာမှာ အသားစ တစ်သျှူးများကို မထိခိုက်စေဘဲ ခန္ဓာကိုယ် အစိတ်အပိုင်းများ နှင့် ယင်းတို့၏ ဆက်စပ်မှု များကို ထွင်းဖောက် မြင်နိုင်သော နည်းပညာ ဖြစ်ကြောင်း Cell ဂျာနယ်တွင် ဖော်ပြ ထားခဲ့သည်။

ကြွက်များ၏ တစ်သျှူးများ အတွင်းရှိ ဆဲလ်များသည် ရိုက်ခတ်လာသော အလင်းလှိုင်းများကို ပုံပျက်ယွင်း စေသဖြင့် အလင်းသည် ပြန်မထွက်နိုင်ဘဲ ခန္ဓာကိုယ်ထဲ က အရာများကို ပကတိ မျက်စိဖြင့် မမြင်ရခြင်း ဖြစ်သည်။ ထိုသို့ အလင်းလှိုင်းများ ကို ပုံပျက်ယွင်း စေသော ဆဲလ်များကို အရည်ပျော်စေသော နည်းဖြင့် ခန္ဓာကိုယ်ကို ထွင်းဖောက် မြင်ရအောင် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ နည်းပညာကို အသုံးပြုကာ ခန္ဓာကိုယ်တွင်း ဗိုင်းရပ်စ်များ ပျံ့နှံ့မှုနှင့် ကင်ဆာဆဲလ်များကို ထောက် လှမ်း နိုင်တော့မည် ဟုလည်း သိရသည်။ သိပံ္ပပညာရှင်များ က မမြင်နိုင်သည့် အင်္ဂါ အစိတ်အပိုင်းများ ကို ဖောက်ထွင်း မြင်နိုင်ရန် အတွက် ရာစုနှစ် တစ်ခုမျှကြာအောင် ကြိုးပမ်း ခဲ့ကြသော်လည်း နည်းပညာ အများစုမှာ တစ်သျှူးများကို ပျက်စီးစေပြီး ဆေးပညာဆိုင်ရာ စမ်းသပ်မှုများ လုပ်ဆောင်နိုင်ရန် အဟန့် အတား ဖြစ်စေသည့် နည်းပညာများသာ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်မှ သုတေသန ပညာရှင်များက အဆိုပါ အိပ်မက်ကို အကောင် အထည် ဖော်လာ နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နည်းလမ်းကို ကြွက်များတွင် စမ်းသပ်ကြည့်ရာ သုံးရက် အတွင်း ကျောက်ကပ်၊ နှလုံး၊ အဆုတ်နှင့် အူများကို မြင်နိုင်ပြီး နှစ်ပတ် အတွင်း ခန္ဓာကိုယ် တစ်ခုလုံးကို ဖောက်ထွင်း မြင်နိုင်ခဲ့ကြောင်း သိရသည်။ သိပံ္ပ ပညာရှင်များက အဆိုပါ နည်းပညာ ကိုသုံးပြီး ဦးနှောက် မှာ နာ့ဗ်ကြောများ ခန္ဓာကိုယ်အနှံ့ သွားလာမှုကို ခြေရာခံလိုက်ကာ တစ်သျှူးများ အတွင်း ပုန်းကွယ် နေသည့် ဗိုင်းရပ်စ်များကို ရှာဖွေနိုင်မည်ဟု ဆိုသည်။ 


Source: Daily Mail
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...