လူတစ်ယောက် ချင်းစီ၏ ပျော်ရွှင်နှုန်းကို သင်္ချာ ညီမျှချင်းဖြင့် တွက်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိ

လန်ဒန် ၊ သြဂုတ် ၇

ပျော်ရွှင်ခြင်းသည် ဘ၀ အခြေအနေ မျိုးစုံ စုပေါင်း သက်ရောက် ခြင်းများမှ ထွက်ပေါ် လာသော ရလဒ် တစ်ခုဖြစ်သည်။ သိပ္ပံ ပညာရှင် များသည် ထိုဘ၀ သက်ရောက်မှု မျိုးစုံကို စုပေါင်းကာ သင်္ချာ ညီမျှချင်း တစ်ကြောင်း တီထွင်ပြီး လူတစ်ယောက်ချင်းစီ ၏ ပျော်ရွှင်နှုန်း ကို တွက်ချက် အဖြေထုတ်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

ပုံမှန်အားဖြင့် စွန့်စားရသော အလုပ်များကို အောင်မြင်စွာ လုပ်ကိုင်ပြီးလျှင် လူသည် ကိုယ့်ကိုယ် ကိုယ် ကျေနပ်ကာ ပျော်ရွှင်မှု ခံစား ရတတ်သည်။ ထိုအချက်ကိုလည်း သင်္ချာ ညီမျှချင်းတွင် ထည့်သွင်း ထားသည်။ ထို့အပြင် ကိုယ်စိတ် ကျန်းမာခြင်း နှင့် စိတ်ပျော်ရွှင် ကျေနပ်ခြင်း ဆက်စပ်နေကြောင်း လည်း ဦးနှောက်ကို ဓာတ်မှန်ရိုက် လေ့လာမှုများ အရ သိထားသည်။ ထိုအချက် ကိုလည်း ထည့်သွင်း တွက်ချက်ထားသည်။

ပျော်ရွှင်ခြင်း ညီမျှချင်း တီထွင်ရန် ကြိုးပမ်းမှု များအကြောင်းကို PNAS ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်သည်။ ပျော်ရွှင်ခြင်း ညီမျှချင်း ပေါ်ပေါက်လာပါ က လူတစ်ဦးချင်း ၏ ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင်း၊ မကျေနပ်ခြင်း များကို တွက်ထုတ် နိုင်ဖွယ်ရှိသလို၊ လူများစုကြီး၏ စုပေါင်း ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင်း၊ မကျေနပ်ခြင်းများ ကိုပါ တွက်ချက် နိုင်လာကာ အစိုးရများ အနေဖြင့် ပြည်သူများ၏ သဘောထား အခြေအနေကို အနီးစပ်ဆုံး သိနိုင်ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင် ကြမည် ဖြစ်ကြောင်း ညီမျှချင်း တီထွင်ရန် သုတေသနပြု နေသော လန်ဒန် တက္ကသိုလ် မှ ဒေါက်တာ ရော့ဘ်ရတ်လစ်ဂ်ျ က ပြောသည်။

““လူတစ်ယောက် ရဲ့ အတိတ်က ဆုံးဖြတ်ချက်တွေ၊ ဆုံးဖြတ်ချက်ကြောင့် ထွက်လာတဲ့ ရလဒ်တွေ နဲ့ ရလဒ်ရဲ့ သက်ရောက်မှု တွေဟာ လူတစ်ယောက် ကို ပျော်ခြင်း စိတ်ဆင်းရဲခြင်း ဖြစ်စေပါတယ်။ ဒါတွေ ကိုပါ ထည့်သွင်း တွက်ချက်ပြီး လူတစ်ယောက် ဘယ်လောက် ပျော်ရွှင်လဲ သင်္ချာညီမျှချင်း နဲ့ တွက်ထုတ် နိုင်အောင် ကြိုးပမ်းနေပါတယ်””ဟု ဒေါက်တာ ရော့ဘ်က ပြောသည်။

””လူတစ်ယောက်ရဲ့ ဦးနှောက် လှုပ်ရှားမှုတွေကို ကျွန်တော်တို့ မှတ်တမ်း တင်မယ်။ ပျော်ရွှင်မှုကြောင့် ရရှိတဲ့ ဆုလဒ် ခံစား ချက်တွေကို ဖော်ထုတ်မယ်။ စိတ်ဆင်းရဲ မှုကြောင့်ဖြစ်တဲ့ ခံစားမှု အချက်အလက် တွေကို ဖော်ထုတ်မယ်။ အဲ့ဒီနည်းနဲ့ လိုအပ်တဲ့ အချက်အလက် တွေကို စုဆောင်းပြီး သင်္ချာညီမျှ ချင်းထဲ ထည့်ကြည့်မယ်။ လူတစ်ယောက် ဘယ်လောက် ပျော်ရွှင်မှုရှိလဲ တွက်ထုတ်မယ်။ လူ့အဖွဲ့အစည်း အလိုက် ပျော်ရွှင်မှု ခံစားရနှုန်း ကိုလည်း အလားတူတွက်ချက် နိုင်မယ်လို့ မျှော်လင့်ပါတယ်””ဟု ဒေါက်တာ ရော့ဘ်က ပြောသည်။ 


Source: Daily Mail
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...