ဆာလောင်မှုက ရှေ့ အာမခံချက်က နောက် ကြောက်ကြောက် နှင့်သာ စားရသည်

သက်တမ်းလွန် မလွန် မသိနိုင်သော နိစ္စဓူဝ ဟင်းလျာ များနှင့် ကျွန်ုပ်တို့ 

မနက်ခင်းစာကို ငွေ ၃ဝဝ ကျပ်နှင့် လှလှပပလေး ဖြတ်သန်းနိုင်မည် ဆိုလျှင် သင်စိတ်ဝင် စားမိပါ လိမ့်မည်။ ထမင်းကြော် တစ်ပွဲကို မည်သည့် အသားဟင်းနှင့် စားစား သုံးရာကျပ် ဟူသော ဈေးက လူအတော် များများကို မျက်ခုံးပင့် စူးစမ်း မိစေ ကြလိမ့်မည်။

”အစ်မက အဲ့ဒီလို ရောင်းနိုင်တာက အများစာဖြစ်နေ လို့လေ။ နည်းနည်းပဲ ရောင်းရမယ်ဆို ဘယ်ဒီဈေးနဲ့ ရမလဲ” ဟု အလုံမြို့နယ် သစ်တော လမ်းထိပ်အနီး ထမင်းကြော်ဆိုင် ပိုင်ရှင် မကျင်လှ(အမည်လွှဲ)က ပြောသည်။ တစ်နေ့ရောင်းအားနှင့် ချင့်ချိန်ကာ အသား၊ငါးများကို နေ့စဉ်ဝယ်ယူပြီး ချက်ပြုတ်ရောင်းချ ခြင်းကြောင့် သူမဆိုင်တွင် နေ့ကူးသော ထမင်း၊ ဟင်းများမရှိဟု သူက ဆိုသည်။

”ချိန်ချက်တော့ တစ်နေ့စာ တစ်နေ့ကုန်တယ်၊ ဒီတော့ ဆီများများ ထည့်ချက်စရာ မလိုဘူး”ဟု သူမက ပြောသည်။ သို့သော် အရသာ ကဲစေရန်အတွက် အချိုမှုန့်၊ ဟင်းခတ် မှုန့် တို့ကိုမူ အတော်လေး သုံးပေး ရသည်ဟု ဆိုသည်။ အချို့သောထမင်းဆိုင်များတွင် ဆီအလွန်အကျွံ ထည့်ချက်ထားကြသည်ကို အားလုံး မျက်မြင်ဖြစ်ပေလိမ့်မည်။ လက် တစ်လုံးခန့် ဆီလွှမ်းနေသော ဟင်းလျာသည် သာမန်အမြင်အရ စားချင် စဖွယ် ဖြစ်နေတတ်သော်လည်း မည်သည့်နေ့က ချက်ထားပြီး ရက်ပေါင်းမည်မျှခန့် ပြန် လည်နွေး ထားရသော ဟင်းလျာများ ဖြစ်သည်ကိုမူ ခန့်မှန်း၍ပင် ရမည်မဟုတ်။

”ဆီများများနဲ့ ချက်ထားတော့ ဒီနေ့ မကုန်လည်း ပြန်နွှေးပြီး နောက်နေ့ရောင်းလိုက်ရုံပဲလေ။ တော်ရုံနဲ့ သိုးသွားတာမှမဟုတ်တာ”ဟု မကျင်လှက ဆိုသည်။ထိုသို့သော အကြောင်းများကြောင့်ပင် ထမင်းဆိုင် အများစုတွင် ဈေးပေါပေါ စားအုန်းဆီ ဗုံးပေါလအောသုံးကာ ချက်ထားသော ဟင်းလျာများကို ဒန်အိုး အကြီးကြီးများနှင့် ထည့်ကာ ခင်း ကျင်းထားကြခြင်း ဖြစ်သည်။ ”စားချင်စရာတော့ ဒီလောက် မကောင်း ပါဘူးဗျာ။ ဒါပေမဲ့ ကြုံရာဆိုင်မှာစားပစ်လိုက်တာပါပဲ”ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သော ကိုမော င်မောင်က ပြောသည်။

ယင်းသည် ကိုမောင်မောင်တစ်ဦးတည်းသာမဟုတ်၊ ရန်ကုန်မြို့နေ ဝန်ထမ်းအများစုကြုံတွေ့နေရသော နိစ္စဓူဝဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။ သူတို့နေ့စဉ် စားေ သာက္ေ နေ သာထမင်းဆိုင်မှ ဟင်းလျာများသည် မည်မျှသန့်ရှင်းလတ်ဆတ် နေပါသနည်း။ မည်မျှကျန်းမာရေးနှင့် ကိုက်ညီပါသနည်းဟုမေးလျှင် အတော် များများက နှာခေါင်းရှုံ့ ပခုံးတွန့်ကာ ဖြေကြလိမ့်မည်။ ဘယ်နှစ်ကြိမ်မှန်းမသိ ပြန်နွှေးထားသော ဟင်းလျာ များကို ဝင်ငွေထွက်ငွေ အရ ချင့်ချိန်သုံးဆောင်နေကြ ရခြင်း ဖြစ်သည်။

တစ်ခါတလေတွင်သာ သန့်သန့်ရှင်းရှင်းခင်းကျင်းပြီး ကျန်းမာရေးနှင့်အညီ ချက်ပြုတ်ရောင်းချသော ထမင်းဆိုင်များတွင် သွားရောက်စားဖြစ်သည်ဟု အများ စုက ဆိုကြ သည်။ ”တစ်ခါတလေ ရခိုင်ဆိုင် လိုမျိုးပေါ့။ တောစာ ဆန်ဆန်ရတဲ့ ဆိုင်တွေမှာ သွားစားဖြစ်တယ်”ဟု ကိုမောင်မောင်က ပြောသည်။

”ပုံမှန်ထက် နှစ်ဆလောက်ကုန် တယ် အဲဒီလိုနေ့မျိုးဆို” ဟု၎င်းက ပြောသည်။ မည်သည်တို့ကို ရှောင်ကြဉ်ပြီး မည်သည့်အချက်များကို ဆောင်ရမည်ဟူသော အသိရှိသော် လည်း အသိနောက်သို့ လိုက်နိုင်စွမ်းနည်းနေသေးသည့် အခြေအနေသည် မည်သို့သောအကျိုးဆက်တို့ကို ဖြစ်ပေါ်စေမည်ကို အားလုံးတွေးဆနိုင်ပါလိမ့်မည်။

သို့သော် ရန်ကုန်နေ ဝန်ထမ်းအများစုမှာယခုအချိန်အထိပင် ကျန်းမာရေးအသိနောက်သို့ လူမလိုက်နိုင် ကြသေးသည်ကို ဆီဗုံးပေါလအောသုံးထားသော လမ်းဘေးထမင်း ဆိုင်၏ နေ့လယ် ထမင်းစားချိန် မြင်ကွင်းများက သက်သေခံပေး နေကြပါသည်။ စတိုးဆိုင်များပေါ်မှ သက်တမ်းမကုန်သေးသော်လည်း သက်တမ်းလွန်နေသော အသင့်စား မုန့်များနှင့် ကျွန်ုပ်တို့ စီးပွားရေးမြို့တော် ရန်ကုန်၏ လမ်းထောင့် များတွင် Convenience Stores ဟုခေါ်သော ၂၄ နာရီ ဖွင့်လှစ်ရောင်းချ ပေးသော ခေတ်မီကုန်စုံ ဆိုင် များက အလျှိုလျှိုပေါ်လာနေသည်။ သန့်ရှင်းသပ်ရပ်စွာထုပ်ပိုးထားသော အသင့် စားစားသောက်ကုန် များကို ရောင်းချပေးသော စတိုးဆိုင် များသည် ရန်ကုန်လူထုနှင့် အတော် အသင့်အသားကျလာနေပြီ ဖြစ်သည်။ သက်တမ်းကုန်ဆုံးရက်ကို တစ်ပါတည်းကပ်ထားပေးသောကြောင့် စိတ်ချလက်ချ ဝယ်ယူ စားသုံးနိုင်သည်ဟုဆိုသော်ငြား အချို့ေ သာစားသောက်ကုန်များ ကတော့ သက်တမ်းမကုန်သေးဟု ညွှန်းဆိုထားကြသော်လည်း စားသုံးရန် မသင့်တော်တော့သော အခြေအနေများ ရှိနေသည်ဟု ဈေး ဝယ် အချို့ က ပြောကြသည်။

”သက်တမ်းကုန်ဆုံးရက်ကတော့ ၂ဝ၁၅ လို့ရေးထားပေမယ့် အခြေအနေကတော့ မကောင်းတော့ဘူး။ သေချာကြည့်မိလို့ တော်သေးတာပေါ့”ဟု ဆိုလာ သူကတော့ လမ်း မတော်မြို့နယ်နေ ကိုဥာဏ်လင်းအောင် ဖြစ်သည်။ ရန်ကုန်မြို့လယ် ရွှေဘုံသာလမ်းရှိ နာမည်ကြီး စတိုးဆိုင်တစ်ခုမှ ဝယ်ယူလာသော အသင့်စားမုန့် သည် ပြည် တွင်း ထုတ် တော့ မဟုတ်။ မလေးရှားတွင် ထုတ်လုပ်ပြီး စင်ကာပူက ဖြန့်ချိသည်ဟု စာတမ်းပါရှိသော မုန့်ဖြစ်သည်။ သက်တမ်းကုန်ဆုံးရက်ကို (ဝ၉-ဝ၆-၂ဝ၁၅) ဟုရေး ထားေ သ်ာငြား အတွင်း က စားသောက်ကုန်ကတော့ မှိုတက်နေပြီ ဖြစ်သည်ကို ကိုဥာဏ်လင်းအောင် မှတ်တမ်းတင်ထားသော ဓာတ်ပုံအရ ရှင်းရှင်းလင်းလင်း မြင်တွေ့ရ သည်။ ကိုဥာဏ်လင်းအောင်ကဲ့သိုပင် အလားတူဖြစ်ရပ်မျိုးနှင့် နှစ်ကြိမ်ထက် မနည်း ကြုံတွေ့ခဲ့ရသူ အလုံမြို့ နယ်နေ မနိုင်းနိုင်းကတော့ စတိုးဆိုင်များ၏ တာ ဝန်ယူမှုကို အံသြမိ သည်ဟု ဆိုသည်။

”ဝယ်လာတဲ့မုန့်က နောက်တစ်နှစ် လောက်နေမှ သက်တမ်းကုန်မှာလို့ ကပ်ထားတယ်။ ဒါပေမဲ့အထဲမှာ မှိုတွေတက် ပြီး ဘယ်လိုမှစားဖို့မဖြစ်တော့တဲ့ အခြေ အနေမို့ သွားပြန်ပြောတာကို သူတို့နဲ့မဆိုင်ပါဘူး။ အဲ့ဒီမုန့်ထုတ်တဲ့ ကုမ္ပဏီကို ဖုန်းဆက်ပါဆိုတော့ သူတို့ရဲ့ တာဝန်ယူမှုကို အတော်လေးအံသြမိတယ်”ဟု မနိုင်းနိုင်းက ဆိုသည်။ ထုပ်ပိုးပြီးသား အသင့်စားစားသောက်ကုန်များကိုသာ ဆိုင်တင်ရောင်းချသည့် စတိုးဆိုင်ဖြစ်သော်လည်း ဤကဲ့သို့သော အခြေအနေများကိုမူ သတိပြုရန်လိုပေ လိမ့်မည်။ တာဝန် ယူဖြေရှင်းပေးရန် လိုပေမည်။ သို့မဟုတ်လျှင် စားသုံးသူ၏ ယုံ ကြည်အားပေးမှုကို ခေတ်မီကုန်စုံဆိုင်တို့ ဆုံးရှုံးရပေလိမ့်မည်။

”ကျွန်မအဲ့ဒီဆိုင်ကနေ ဘယ်တော့မှ ဈေးမဝယ်တော့ဘူးလို့ အဲ့ဒီလို ပြန်ပြောတဲ့ အချိန်မှာပဲ ဆုံးဖြတ်လိုက် တယ်”ဟု သူမက ဆိုသည်။ တာဝန်ယူမှု တာဝန်ခံမှုဟူသော စကားလုံးသည် စာမျက်နှာများထက် တွင် သာ ရှိနေပြီး တကယ့်လက်တွေ့နှင့် ကင်းကွာနေသေးသည်ဆိုခြင်းက ကောင်းသော ကိစ္စရပ်မဟုတ်၊ လိုအပ်မည့် ဥပဒေ များ ပြ ဋ္ဌာန်းဆောင်ရွက်ရန်အတွက် ရှိပြီးသား ဥပဒေများ အသက်ဝင်စေရန် လုပ်ဆောင် ရန် အရေးတကြီးလိုအပ်လာနေပြီကို ဈေးကွက်က သက်သေထူ သွားပါ လိမ့်မည်။

”အစ်ကိုတို့ အဖွဲ့က ပြည်သူတွေ မစားသင့်ဘူးဆိုပြီးတားထားတာတွေ ရှိတယ်။ ဒါပေမဲ့ FDA က အသေ အချာမပိတ်တော့ ဆိုင်တွေမှာပြန်တွေ့နေရ တယ်”ဟု စားသုံးသူ ကာကွယ်ရေးမှ အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။ လက်ရှိတွင် ပြည်သူများစားသုံးနေသည့် အိုအီးရှီနှင့် ဒီးဒိုအချိုရည်များကို စာသုံးသူကာကွယ်ရေးအဖွဲ့က မစားသုံး သင့်ကြောင်း သတင်းထုတ်ပြန်ထား သော်လည်း လက်ရှိဈေး ကွက်တွင် ပြန်လည်တွေ့မြင်နေရကြောင်း စားသုံးသူ ကာကွယ်ရေးမှအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြော သည်။ ”စားသုံးသူကာကွယ်ရေးကိုယုံရင် မစားနဲ့၊ FDA ကိုယုံရင်စားပေါ့”ဟု ၎င်းမှ ဆက်ပြောသည်။

မိရိုးဖလာ အသွင်ပြောင်း စားသောက်ကုန်များနှင့် ကျွန်ုပ်တို့

မနက်မိုးလင်းမှ ညနေမိုးကြီးချုပ်အထိ ကူးချည်ပြန်ချည် ပြေးဆွဲပေးနေသော ရန်ကုန်-ဒလကူးတို့ သင်္ဘောဘေးမှ စင် ရော်ငှက်များကို သင်အစာကျွေးဖူးပေလိမ့် မည်။ ပေါင် မုန့် ပန်းကန် လေးတစ်ချပ် ဝယ်ပြီး စင်ရော်များကို အစာကျွေးရသည် မှာ စိတ်ပျော်ရွှင်လွတ်လပ်ဖွယ်ဖြစ်သည်။ သို့သော် သင် သတိထားမိချင်မှ ထားမိပေလိမ့် မည်။ ထိုပေါင် မုန့်များ သည် လူတို့စားသုံးရန်မသင့်တော့ဟု ယူ ဆသော သက်တမ်းလွန်ပေါင်မုန့်များ ဖြစ် ပါသည်။ ထို့ကြောင့် အလွန်နည်း ပါးသော ဈေးနှု န်းဖြင့် ရောင်း ချနိုင်ခြင်း ဖြစ် သည် ဟု ငှက်စာရောင်းသူတို့က ပြောကြသည်။

”ပေါင်မုန့်တစ်လုံးကို၁၂ဝ နဲ့ ၁၅ဝ ကြားပေးရတယ်လေ။ အမေက တစ်ခါဝယ်ရင် အလုံးလေး ငါးဆယ် လောက် သူတို့ဆီကဝယ်ထားလိုက်တယ်”ဟု ပန်းဆိုးတန်း ဆိပ်ကမ်းမှ ငှက်စာရောင်းသူ ကလေးမ တစ်ဦးက ပြောသည်။ လူတို့အတွက် စားသုံးရန်မသင့်တော့ သည့် သက်တမ်းလွန်အစားအသောက် များကို တိရစ္ဆာန်အစာ အဖြစ် ပြန် လည် အသုံးချမှု ပုံစံတစ်ခုမျှသာ ဖြစ်သည်။ ဤအပေါ် မည်သူမျှ ကြီးကြီးမားမား အပြစ် ဆိုမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် လူသည် တိရစ္ဆာန်ထက် အဆင်မြင့် သည် ဟု သိသိသာသာရော မသိမသာရော အားလုံးက ယုံကြည်ယူဆလက်ခံထားကြ သောကြောင့် ဖြစ်ပေမည်။

သို့သော်လူတို့သည်လည်း အသွင်ပြောင်း စားသောက်ကုန်များကို မှီခိုစားသုံးနေကြမိပေမည်။ ယင်းတို့ သည် မိရိုးဖလာ အရသော်လည်းကောင်း၊ မတော်လောဘကြောင့် သော်လည်းကောင်း ဖြစ်နိုင်ပေသည်။ ကားဂိတ်၊ ရထားဘူတာရုံများနှင့် သင်္ဘောဆိပ်များစသော လူစည်ကားရာ အရပ်များတွင် လက်ပွေ့ ဈေးသည်များ အာပေါင် အာရင်း သန်သန်ဖြင့်အော်ဟစ်ရောင်းချနေသော အိမ်ပြန်လက်ဆောင် ကိတ်မုန့် များ၊ လက်ဖက်ရည်ဆိုင်များတွင် မသေမသပ် ခင်းကျင်းထားတတ်သော ဓားလှီးမုန့်များသည် မိရိုး ဖလာ သဖွယ် ဖြစ်နေသော အသွင်ပြောင်းစားသောက် ကုန်ပစ္စည်းအချို့ ဖြစ်ပါသည်။

ဓားလှီးမုန့်ဆိုသည်မှာ ပေါင်မုန့်ကျန် များကို သကြားနှင့် ရောကျိုကာ အချို အဖြစ် ပြောင်းပြီး ဂျုံအတွင်းတွင် ဌာပနာ ထည့်၍ ပြန်ဖုတ်ထားသောမုန့် တစ်မျိုး ဖြစ်ကြောင်း ဓား လှီးမုန့်ကိုကိုယ်တိုင်ပြု လုပ်ရောင်းချသူ လက်ဖက်ရည် ဆိုင်ပိုင် ရှင် ဒေါ်သန်းဝင်းကပြောပြသည်။ လက်ဖက်ရည်ဆိုင်တွင် တစ်နိုင် တစ်ပိုင် ပေါင်မုန့်ဖုတ်ရောင်းသော လုပ် ငန်းဖြစ်သောကြောင့် တစ်နေ့စာ တစ်နေ့ ချင့်ချိန်ပြုလုပ်သော်လည်း အခါမသင့်သည့် အခါများတွင် ထိုမုန့်များ ပိုလျှံ နေတတ်သည်ဟု သူမက ဆိုသည်။ ထို အခါများ တွင်ေ တာ့ ယင်းပေါင်မုန့်များကို သူတို့အသွင်တစ်မျိုးပြောင်းကာ ဈေး ကွက်တင်ကြရသည်။

”ကျွန်မတို့ကတော့ ကိုယ်တိုင် ပေါင်မုန့်ဖုတ်ရောင်းတယ်။ သက်တမ်း ကုန်ဆုံးရက်တော့ သတ်မှတ်ထား တာမရှိဘူး။ ဆိုင်မှာ လုပ်ရောင်းလို့ နှစ်ရက်လောက်မှ မရောင်းရ ရင်တော့ကျန်တဲ့ ပေါင်မုန့်တွေကို ဓားလှီးမုန့် ပြန်လုပ်ပြီးရောင်းပါတယ်”ဟု ၎င်းက ပြောသည်။ ဤသို့လုပ်ဆောင်နေသည်မှာ လွန် ခဲ့သည့် နှစ် ၂ဝ ခန့်က မင်္ဂလာဒုံမြို့နယ် ဝါယာလက်တွင် လက်ဖက်ရည်ဆိုင် စဖွင့် ကတည်းက ဖြစ်ပြီးအခြားသူ များလည်း ထိုနည်းအတိုင်းပင် ပြုလုပ်နေကြသည်ဟု သူမက ဆိုသည်။

”မီးအပူပေးလိုက်တော့ ရှိတဲ့မှိုတွေကို လူတွေ မမြင်နိုင်တော့ဘူးလေ။ စီးပွားရေး သမားဆိုတော့ ဒီလောက်တော့လုပ်ရ တာပေါ့”ဟု သူမက ပွင့်လင်းစွာပြောသည်။ ထို့ပြင် စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌဦးဗအုပ်ခိုင်က မှိုတက်နေသော ပေါင်မုန့်များအား အခြားနည်းတစ် ခုပြောင်းပြီး ဈေးကွက် အတွင်း ပြန်လည်ရောင်းချသည့် သတင်းအား ကြားရသော်လည်း စားသုံးသူကာကွယ်ရေးအဖွဲ့အနေဖြင့် ဓာတ်ခွဲခန်းမရှိ၍ သက်သေပြရန် ခက်ခဲကြောင်း၊ FDA အဖွဲ့တွင် အဓိက တာဝန်ရှိကြောင်း ပြောသည်။ ”ဒါတွေက ကင်ဆာရောဂါတွေ ဖြစ်နိုင်ပါတယ်။ မစားသင့်ပါဘူး”ဟု စားသုံးသူ ကာကွယ်ရေးမှအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

ဤသည်က လူအများ၏ နေ့စဉ်ဘဝ နေထိုင်စားသောက်မှုပုံစံကို စီးပွားရေး လုပ်ငန်းရှင်တချို့က ကိုယ်ကျိုး စီးပွားအတွက် အသုံးချနေသည့်များစွာသော ပုံစံ များထဲမှ တစ်ခုသာ ဖြစ်ပါသည်။ ”ဒီလိုတွေ လုပ်နေတာ မကောင်းဘူး ဆိုတာတော့သိတယ်။ ဒါပေမဲ့ ရောင်းကုန် ဖို့ အဓိကလိုဖြစ်နေတယ်လေ”ဒေါ်သန်း ဝင်းက ပြောသည်။သူမတို့ လက် ဖက်ရည်ဆိုင်သည် တစ်ပိုင်တစ်နိုင် မိသားစုစီးပွားရေးမျှသာ ဖြစ်သည်။ ဤ ကဲ့သို့ တစ်နိုင်တစ်ပိုင်စီးပွား ရေးလုပ်ငန်းတွင်ပင် စီးပွားရေးဆန်ဆန် ပြုလုပ်ခြင်းများရှိနေလျှင် တစ်နိုင်ငံ လုံး နှင့် ချီကာလုပ်ကိုင်နေသော လုပ်ငန်းများ တွင် ဤကဲ့သို့ အမြတ်ထုတ်မှုများ ရှိနေ မည်ဆိုသည်က ယုံမှားဖွယ် မရှိပေ။

ယင်းကို မည်ကဲ့သို့ ထိန်းချုပ်မည်၊ မည်ကဲ့သို့စစ်ဆေးအရေးယူမည်ကို အာဏာပိုင်တို့က သေချာစွာ ပေါ်လစီချမှတ် လုပ်ဆောင်သင့်သည်။ ပွင့်လင်းမြင်သာမှုရှိ ရမည်ဆို သည်ကား အထူးပြောဖွယ်မလိုပေ။ ယခုလက်ရှိ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA ကမူ မည်ကဲ့သို့ လုပ်မည်၊ မည်သို့ မည်ပုံ အရေး ယူမည် ဆိုသော်ငြား အခြေအနေက ထူးမခြားနားဖြစ်နေသေးသည်ကို သူတို့လည်း ငြင်းနိုင်မည်မဟုတ်။

အဆိုပါအခြေအနေများကြား စားသုံးသူများအနေဖြင့် မိမိကိုယ်သာကိုးကွယ်ရာဟူ၍ အားတန်နိုင်ကြ သည့်ဘဝများ မဟုတ်ကြရာ လာမည့်ဘေး ပြေးတွေ့ဟူ၍ လည်း မိုက် မဲရန်မသင့်။ ‘အ စားမတော် တစ်လုတ်နှင့် အသက်ကိုÓဏ် စောင့်’ဟူသော စကားနှစ်ခုကိုသာ ဦးထိပ် ထားရင်း …။


ကျော်ရဲလင်း၊ ဇေဝေယံ
Popular Myanmar News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...