အမျိုးသားတစ်ဦး ဗိုက်အောင့်၍ ဆေးခန်းသွားပြရာမှ

တရုတ် အမျိုးသား တစ်ဦးဟာ ဗိုက်အောင့် ဒဏ်ကို ခံစားနေရပြီး ဆီးထဲတွင် သွေးများ ပါလာတဲ့ အတွက် ဆရာဝန်ကို သွားပြရာကနေ သူဟာ အမျိုးသမီး စင်စစ် ဖြစ်နေပြီး ဓမ္မတာ လာနေခြင်း ဖြစ်ကြောင်းကို သိရှိခဲ့ရပြီး အံ့သြမှင်သက် ခဲ့ရပါတယ်။

အသက် ၄၄နှစ်အရွယ် အိမ်ထောင်ရှိသူ ယင်း အမျိုး သားဟာ Zhejiang ပြည်နယ်မှာ ထိုင်သူ ဖြစ်ပြီး Yongkang မှာရှိတဲ့ ဆေးရုံ တစ်ရုံမှာ သူ့ မိန်းမနဲ့ အတူ သွားပြခဲ့ပြီးနောက် သူဟာ ဘ၀တစ်လျှောက် လုံးမှာ မိန်းမဖြစ်နေခဲ့ တယ်ဆိုတဲ့ တုန်လှုပ်စရာ ရှာဖွေတွေ့ ရှိမှုကို လက်ခံ ခဲ့ရပါတယ်။

အနုလုံပဋိလုံ စစ်ဆေးစမ်းသပ်ပြီး တဲ့နောက်မှာ ၄င်းမှာ ကျားအင်္ဂါအပြင် ပြီးပြည့်စုံတဲ့ မအင်္ဂါ အစုံလိုက် ပါရှိနေတာကို ဆရာဝန်များက ရှာဖွေတွေ့ ရှိခဲ့ ကြပါတယ်။ ယင်းကျားအင်္ဂါကို အသုံးပြုပြီးတော့ ၄င်းရဲ့  မိန်းမနဲ့ ဆက်ဆံလာ ခဲ့တာလည်း ၁၀ နှစ်လောက်ရှိပြီလို့  ၄င်းကတော့ ဆိုပါတယ်။

ဆရာဝန်တွေကတော့ ဒီအချက်ကို သံသယရှိနေပါတယ်။ သူ့ ရဲ့ လိင်အင်္ဂါ အစိတ်အပိုင်းတွေဟာ အခြား လူတွေနဲ့  မတူ ကွဲပြားနေပြီး သူ့ မှာ လည်ဇလုတ်ပါမလာတာကို ဆရာဝန်တွေက တွေ့ ရှိခဲ့ပါတယ်။

Yongkang ပြည်သူ့ ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ အဆိုအရ မစ္စတာချန်းဟာ မိန်းမ တစ်ယောက် ဖြစ်နေတယ်ဆိုတာကို ဆရာဝန်တွေက မယုံနိုင်ခဲ့ကြဘူး လို့ သိရပါတယ်။” သူဟာ ဆံပင်အတိုထားပြီး ယောက်င်္ကျား အ၀တ်အစားတွေကိုလည်း ၀တ်ဆင်ထားတယ်။ ဒါကြောင့် အစကတော့ သူဟာ မိန်းမ တစ်ယောက့် ဖြစ်နေလိမ့်မယ်လို့  ကျွန်တော်တို့ ထင်မထားခဲ့ဘူး” လို့  ၄င်းကဆိုပါတယ်။

ဒါပေမယ့်လည်း မစ္စတာချန်ကတော့ သူ့ မျက်နှာနဲ့ ခြေထောက်တွေ ဖောင်းရောင်လာပြီး မောပန်းနွမ်း နယ် နေသလို ဖြစ်လာတဲ့အခါမှာ သူတစ်ခုခုတော့ဖြစ်နေပြီဆိုတာကို သ်နေခဲ့တယ်လို့ ဆိုပါတယ်။ပိုဆိုးတာက ၄င်းရဲ့ဆီးထဲမှာ သွေးတွေ ပါလာတာလို့ လည်းဆိုပါတယ်။

ဓာတ်မှန်ရိုက်စစ်ဆေးသည့် အဖြေအရ သူ့မှာ သားအိမ်နဲ့ သားဥများရှိနေကြောင်းလည်း တွေ့ ရှိရပါ တယ်။ အဲ့အတောအတွင်းမှာ ခရိုမိုဇုန်းလို့ ခေါ်တဲ့ ဗီဇမျှင်တွေကို စစ်ဆေးရရှိတဲ့ ရလာဒ်ကလည်း မစ္စတာချန်းမှာ သူကို မိန်းမဖြစ်ကြောင်း သေချာစေတဲ့ XX သဏ္ဍန် ဗီဇမျှင်တွေရှိနေတယ်လို့လည်း ညွှန်းဆိုနေပါတယ်။

မစ္စတာ ချန်းဟာ Congenital Adrenal Hyperplasia လို့ ခေါ်တဲ့ စထရပ်စ် ဟော်မုန်းဓာတ် ထုတ် လွှတ်မှုနည်းပါပြီး ကျားဟော်မုန်းဓာတ်တွေ ထုတ်လွှတ်မှုများပြားနေခြင်းကြောင့် ကျောက်ကပ် အပေါ် ကပ်လျှက်ရှိ adrenal အရည်ထုတ် ဂလင်းတွေ ရောင်ကိုင်းလာစေတဲ့ မျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးကို လည်းခံစားနေရပါတယ်။သူရဲ့ ကျောက်ကပ် အပေါ်ရှိ adrenal အရည်ထုတ်ဂလင်းထဲမှာ ဖြစ်နေတဲ့ အကျိတ်ကို ခွဲထုတ်ဖယ်ရှားပေးခဲ့ပါတယ်။ဒီရောဂါဖြစ်ရပ်မျိုးဟာ အလွန်အမင်းရှားပါးပြီး မစ္စတာချန်းဟာ ကျား၊မ လိင်၂ မျိုးပါ ပဂ္ဂိုလ်တစ်ဦးဖြစ်နေတာလား မဖြစ်ဘူးလား ဆိုတာကို အတည်တော့ မပြုရသေးပါ ဘူး။ ဒါပေမယ့် သူ့ မှာ လိင်အင်္ဂါ၂ မျိုး ပါလာသလိုမျိုးတော့ ဖြစ်နေပါတယ်။ 

မစ္စတာချန်းဟာ ဒီအချိန်မှာ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ ရောဂါအတွင် ခွဲစိတ်ကုသမှုခံယူဖို့ နောက်ကျ လွန်းနေပြီလို့  ဆရာဝန်တွေက ဆိုပါတယ်။ အကြောင်းကတော့ ဒီလိုခွဲစိတ် ကုသမှုမျိုးဟာ ငယ်ရွယ်စဉ် အချိန်မှာပဲ လုပ်ဆောင်ရတာမျိုး ဖြစ်တဲ့ အတွက်ကြောင့်ပါပဲ။


Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...