စီးကရက် အစီခံဟောင်းများက ဖုန်းအားသွင်း ပေးနိုင်မည့် ကိရိယာများ ဖြစ်လာမည်

ဆိုးလ် ၊ သြဂုတ် ၇

စီးကရက် အစီခံများကို လမ်းပေါ်မှာ နေရာတကာ တွေ့နိုင်သည်။ လူများစုကြီး အဖို့ အမှိုက် ဖြစ်သော် လည်း လူတစ်စု အတွက်ကား အနာဂတ် လျှပ်စစ် စွမ်းအင် သိုလှောင်နိုင်မည့် အလား အလာရှိသော နည်းပညာ ပစ္စည်းတစ်ခု အဖြစ် စမ်းသပ်နေကြပြီ။

တောင်ကိုရီးယား မှ သုတေသန ပညာရှင် များ သည် စီးကရက်များတွင် နောက်ပိတ် အဖြစ် ထည့် ထားသော အစီခံများကို လျှပ်စစ် သိုလှောင်နိုင် သော ပစ္စည်းအဖြစ် ပြောင်းလဲပြီး ကွန်ပျူတာများ၊ လျှပ်စစ်ကားများ၊ လေရဟတ်များမှာပါ ထည့်သုံး နိုင်အောင် စမ်းသပ်နေကြပြီ။ အစီမံများတွင် ပါသော ဓာတ်ပစ္စည်းကို လျှပ်စစ်စွမ်းအင် သိုလှောင် ထားနိုင်သော လျှပ်သို ပစ္စည်းများ၏ အပြင် နံရံအဖြစ် အသုံးပြုနိုင်သည်။

စမ်းသပ်ချက် အရ လက်ရှိ သုံးနေသော ကာဗွန်၊ ခဲနှင့် ကာဗွန်နာနိုပျြွန် များထက်ပင် ဆေးလိပ် အစီခံ များမှ ရသော ဓာတ်ပစ္စည်းက လျှပ်စစ် သိုလှောင်နိုင်စွမ်း ပိုမြင့်မားကြောင်း တွေ့ရသည်။ ကမ္ဘာတစ်ဝန်း တစ်နှစ်ကို စီးကရက် အစီခံ တန်ချိန် (၇၆၆၅၇၁) ကို စွန့်ပစ်နေကြသည်။ ကုန်ကျစရိတ် အနည်းငယ်မျှဖြင့် ရရှိနိုင်မည့် စွမ်းအင်ရင်းမြစ် တစ်ခုဖြစ်သည်။

လေ့လာ သုတေသနကို ဆိုးလ်အမျိုးသား တက္ကသိုလ်မှ ပါမောက္ခ ယွန်ဟိုး ရီနှင့်အဖွဲ့က ပြုလုပ်ခြင်း ဖြစ် သည်။ ““သုံးပြီးသား စီးကရက် အစီခံ ဟောင်းတွေကို လျှပ်သိုပစ္စည်း အဖြစ် ပြောင်းလဲ အသုံးချနိုင်မယ့် နည်းစနစ်ကို စမ်းသပ် နေပါတယ်။ လူ့အဖွဲ့အစည်းရဲ့ စွမ်းအင် လိုအပ်ချက်ကို သဘာဝ ပတ်ဝန်းကျင်နဲ့ ညီညွတ်တဲ့ နည်းတဲ့ ထုတ်ယူနိုင်မယ့် နည်းလမ်း တစ်ရပ်လည်း ဖြစ်ပါတယ်””ဟု ပါမောက္ခ ရီက ပြော သည်။

စီးကရက် အစီခံများကို ဖွဲ့စည်း ထားသော ဆဲလူးလို့စ်များကို ကာဗွန် ပစ္စည်းအဖြစ် ပြောင်းလဲယူကာ လျှပ်သို ပစ္စည်းများတွင် ထည့်သွင်း အသုံးပြုခြင်းဖြင့် သဘာဝမှ ထုတ်ယူနည်း များအစား စွန့်ပစ် ပစ္စည်းမှ ထုတ်ယူခြင်းကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိုလည်း အားပေးပြီးသား ဖြစ်သွားကြောင်း ပါမောက္ခ ရီက ပြောသည်။ 


Source: Daily Mail
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...