ကလေးများကို အမှန်တကယ် ရင်ဖွင့်အောင် ပြုလုပ်နည်းများ

ကလေးများကို သူတို့လေးတွေရဲ့ စိတ်ထဲမှာ ရှိတဲ့အတိုင်း ရင်ဖွင့်စေချင်ရင်၊ ကလေးများ သင့်ကို သူတို့ရဲ့ လျို့ဝှက်ချက် ကလေးတွေကို ပြောပြစေချင်ရင်၊  အောက်ပါ နည်းလမ်း အတိုင်း လုပ်ကြည့် ကြရအောင်… အနည်းဆုံးတော့ သင့်နဲ့ သင့်ကလေး ဆက်ဆံရေး တော်တော် အဆင်ပြေသွား ပါလိမ့်မယ်။

၁။ ချီးကျူးစရာ အကြောင်းအရာ ပေါ်ပေါက်လာရင် ရက်ရက်ရောရော ချီးကျူးပေးပါ။ ချီးကျူးရတဲ့ အကြောင်းအရာများကို သင်ကလေးအား သေသေချာချာ ရှင်းပြပါ။ ချီးကျူးသင့် ချီးကျူးထိုက်တယ်လို့ ကလေး ခံစားမိပါစေ။ ချီးကျူးတဲ့ အကြောင်းအရာ အားလုံး အမှန်ဖြစ်ဖို့ လိုပါတယ်။

၂။ ကလေးကို အပြောနဲ့မဟုတ်ပဲ၊ လက်တွေ့မှာ သူငယ်ချင်းလို မြင်ကြည့်ပြီး ပေါင်းကြည့်ပါ။ သူငယ်ချင်း ပုံစံနဲ့ပေါင်းရင် ဆုံးမတာတွေ နည်းသွားပြီး တိုင်ပင်တာတွေ များသွားတယ်။

၃။ ပုခုန်းလေးကို ပုပ်လိုက်၊ ခေါင်းကလေးကို ကိုင်လိုက်၊ မျက်နာကလေးကို ပွတ်လိုက်၊ အခွင့်အခါ ကြုံတိုင်း ပြုလုပ်ပါ။ အပြုအမူဟာ စကားလုံးထက် ပိုမိုထိရောက်တတ် ပါတယ်။

၎။ ကိစ္စတစ်ခုခု (သို့) အဖြစ်အပျက်တစ်ခုခု အပေါ်မှာ ထားရှိတဲ့ မိမိရဲ့ ထင်မြင်ယူဆချက်နဲ့ ခံစားချက် တွေကို ကလေးနဲ့ တိုင်ပင်သလိုလိုနဲ့ ပြောပြပါ။

၅။ “ငါမင်းကို စေတနာနဲ့ ပြောနေတာ၊ မင်း ဒါတော့ ဒီလိုလုပ်သင့်တယ် ” ဆိုတဲ့ စကားပြော လေသံမျိုး ကို လုံးဝရှောင်ကြင်ပါ။ မင်းအတွက် မင်းလုပ်နေတယ်။ မင်းအလုပ် မင်းပြီးအောင်လုပ် ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်အောင် ပြောကြားရင် ပိုမိုထိရောက် တတ်ပါတယ်။

၆။ ငါမင်းအဖေပဲ၊ ငါပြောတဲ့အတိုင်း မင်းလုပ်ရမယ် ဆိုတဲ့လေသံမျိုး ရှောင်ကြင်ပါ။ မိဘဟာ ကလေးရဲ့ စံပြပါ။ မိဘလုပ်သလို ကလေးတွေ လိုက်ပြုမူတတ်ပါတယ်။

၇။ ကလေးတွေ မပြောပြချင်တဲ့ အကြောင်းအရာတွေကို ဆဲဆိုတာမျိုး၊ ရိုက်နက်ပြီး အတင်းပြောခိုင်း တာမျိုး မလုပ်ပါနဲ့။ ဖိနိပ်ခြင်းဟာ အာခံခြင်းကို ဖြစ်ပေါ်စေတာပဲ ရှိတယ်။ ကလေးတွေ အမှန်မပြောပြ တာဟာ ကိုယ်မေးတဲ့ ပုံစံက မမှန်သေးလို့ပါ။ ဒီကိစ္စကို ခဏလပ်ထားလိုက်ပါ။ လေးငါးရက်လောက် ကျရင် မသိမသာနဲ့ ပြန်ချော့မေးကြည့်ပါ။ ကလေးရဲ့ စိတ်အကာအကွယ် တော်တော်ရော့သွားတာ တွေ့ရှိ ပါလိမ့်မယ်။ မေးရတာလည်း အရမ်းလွယ်ကူ သွားပါလိမ့်မယ်။

၈။ ခေတ်ကြီးဘယ်လောက်ပဲတိုးတက်နေပါစေ၊ ကလေးတွေကို စာရေးကြည့်ပါ။ အလွန်စိတ်ဝင်စားစရာ ကောင်းပြီး ပိုမိုထိရောက်တာကို သင်တွေ့ရှိ ပါလိမ့်မည်။ အထူသဖြင့် တစ်ခုခု အပြစ်တင်တာ မှားသွား လို့၊ စကားပြောတာ လိုအပ်တာထက် ပိုပြီးပြောမိတဲ့ အခါမျိုး ကျရင်၊ ကိုယ်စိတ်မကောင်းတာတွေ၊ ကိုယ်ဖြစ်စေချင်တာတွေကို စာနဲ့ဆက်သွယ် ရေးသားလို့ ရပါတယ်။ ကိုယ့်ကိုကို စမ်းစစ်တဲ့ အခါမျိုးပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့မေတ္တာကို ဖေါ်ပြချင်တဲ့ အခါပဲ ဖြစ်ဖြစ် ပြောလို့မထွက်တဲ့ စကားတွေကို စာရေးရင် ပိုအကျိုးရှိပါတယ်။

၉။ ကလေးနဲ့ တူညီတဲ့ စာအုပ်တစ်အုပ်ကို ဖတ်တာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ကား တစ်ကားကို အတူကြည့်တာပဲ ဖြစ်ဖြစ် မကြာမကြာ ပြုလုပ်ပေးရင်၊ မိသားစုအတွင်းမှာ စကားလက်ဆုံကျဖို့ အခွင့်ကောင်း ပိုမိုရရှိစေ တတ်ပါတယ်။

၁၀။ ကလေးအပေါ် မကျေမနပ်နဲ့ မညည်းညူ ပါနဲ့။ ညည်းညူခြင်းဟာ မိဘနဲ့ သားသမီးကြားမှာ ကာဆီး တဲ့ တံတိုင်းကြီးသဖွယ် ဖြစ်နေတတ်ပါတယ်။

ကျွန်တော် ပညာရှင် မဟုတ်ပါ။ မိဘကောင်းဖြစ်ချင်တော့ စာအုပ် ရှာဖတ်ပါတယ်။ ကောင်းတာတွေ တွေ့တော့ ရှယ်ရာလုပ်ချင် လာပါတယ်။ ဖတ်ထားတဲ့ စာအုပ်ထဲက ဟိုနားနည်းနည်း ဒီနားနည်းနည်းနဲ့ ဘာသာပြန်တာက များပါတယ်။ မိဘများ ဖတ်ကြည့်ရင် အကျိုးမဖြစ်ရင်တောင်မှ အကျိုးမယုတ်စေအောင် သတိထားပြီး ရေးသားထားပါတယ်။ 

နစ်သက်နိုင်ကြပါစေ။


--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...