တရုတ်စတိုင်လ် လ္ဘက်ရည်

ဒဏ္ဍာရီများအရ 2737 B.C.ကာလတွင် Shen Nong ဧကရာဇ် သည် တိုင်းခန်း လှည်လည်ရင်း လမ်းခုလတ်တွင် ခေတ္တ စတည်းချရာ၊ စားဖိုမှူးက ဘုရင်မင်းမြတ်ကို သောက်တော်ရေ ကပ်ရန်အလို့  ဌာ၊ ပိုးမွှားသန့် ရှင်းစေရန်အတွက် ရေနွေး ကျိုချက် ဆက်သခဲ့ပါသည်။ ထိုအခါအမှတ်မထင် ကြွေကျ လာသော သစ်ရွက်များသည် လေနှင့်အတူ ရေနွေး ခွက်ထဲသို့  ကျရောက်သွားပြီး၊ ညိုတိုတိုအရောင် ပြောင်းသွားခဲ့ပါသည်။ မင်းကြီးလဲ မြည်းစမ်းသောက်သုံး ပြီးနောက်၊ ထူးခြားသည့် ရနံ့  အရသာတို့ ကို ခံတွင်းတွေ့ သွားခဲ့ရာ၊ ထိုအခါမှစ၍ တရုပ်ပြည်တွင် လ္ဘက်ရည်ကြမ်း သောက်သုံးသော ဓလေ့စတင်လာ ခဲ့ပါတော့သည်။ 

ထိုကာလများ၌ တရုပ်ပြည်တွင် လ္ဘက်ရည် ကို “Cha Ching” ဟု ခေါ်ဝေါ်ကြပါသည်။ တရုပ်လူမျိုးနှင့် လ္ဘက်ရည်ကြမ်း သည် ခွဲခြား၍မရသလို၊ ခေတ်အဆက်ဆက်ကာလမှ စ၍ ယနေ့  ထက်တိုင် မြေအိုးထဲ တွင် လ္ဘက်ခြောက်နှပ်၍ ရိုးရာမပျက် သောက်သုံးလျှက်ရှိပါသည်။ 

တရုပ်ရိုးရာ Green Tea (ခေါ်) လ္ဘက်စိမ်းရည်ကို တစ်ကမ္ဘာလုံးက Chinese Tea ဟု အသိအမှတ်ပြုကြ ရပါသည်။ ယခုအခါ တရုပ်ပြည်တွင် Green Tea အပြင် ဆေးဘက်ဝင် လ္ဘက်ခြောက်များ ဖြစ်ကြသည့် (၁) အတုံးအစိုင်အခဲသဏ္ဍာန် အနီရောင် အဆင်းရှိသည့် Brick Tea 
(၂) လဘ္ဘက်ခြောက်ကို ကဇော် ဖောက်ထားပြီး “ တရုပ်ပြည်၏ ရှန်ပိန်ဝိုင်” ဟု နံမည်ကြီးသော Oolong Tea 
(၃) လ္ဘက်ပေါ်ချိန်တွင် ပထမဦး ဆုံး ၂-လအတွင်း ဦးဦးဖျားဖျား ထွက်ရှိသော အညွန့်ဖူးများကိုသာ ဆွတ်ခူးထားသော Dragon Well Tea 
(၄) ဆေးဖက်ဝင်ဖြူဝါရောင် ပန်းပွင့် တစ်မျိုးကို အခြောက်ခံထားပြီး၊ အချိုကြိုက်သူများအတွက် သကြား ထည့်၍ သောက်သုံးနိုင်သော Chrysanthemum Tea 
(၅) ဆေးဖက်ဝင်သော ပန်းပွင့် တမျိုးကို အလယ်မှာ ထား၍ လ္ဘက်ခြောက်ရွက်နု များဖြင့် လှပသေသပ်စွာ ဝန်းရံတန်ဆာဆင်ထားပြီး၊ ကွမ်းသီး လုံးခန့် အရွယ်အစားရှိကာ၊ ရေနွေးပူပူ ၁-လီတာထဲတွင် ထဲ့လိုက် ပါက၊ ၁၅-မိနစ်အ တွင်း ပန်းအဖူး မှ ပန်းပွင့်လာသကဲ့သို့ အနုပညာဆန်ဆန် လှပသော Flower Tea (ခေါ်) Art Tea ..စသည်ဖြင့် ရှိကြပါ သည်။ တရုပ်နိုင်ငံတွင် ၁၉၈၀ ၀န်းကျင်မှစ၍ iced tea ကို သံဗူး (သို့ မဟုတ်) ဖန်ပုလင်းများဖြင့် သောက် သုံးလာခဲ့ ကြပါသည်။ black, green နှင့် oolong iced tea များ ရှိသလို၊ "yin" (ခေါ်) ဆေးဘက်ဝင် အရွက်တစ်မျိုးဖြင့် စီမံထားသော chrysanthemum နှင့် kuding iced tea များကို နွေရာသီတွင် အပူ ကင်းစေရန်အတွက် သောက်သုံး လေ့ရှိကြပါသည်။ 

တရုပ်ပြည်တွင် နို့ လ္ဘက်ရည်ပူပူကို သောက်သုံးကြသော်လည်း၊ Green Tea ကတော့ တရုပ်နိုင်ငံ ကိုယ်စားပြု သည်ကို မည်သူမျှ မငြင်းဆိုနိုင်ပါ။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
--
promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...