လူတွေ မသိသေးတဲ့ လူ့ အကြောင်း

အမေရိကန် သတင်း တစ်ပုဒ်မှ ဆေးပညာ အရ ရှုမြင် သုံးသပ် ကာ "Weird facts about human body (၀ါ) လူတွေ မသိ သေးတဲ့ လူ့  အကြောင်း" ခေါင်းစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလ ၂၇ ရက် တနင်္ဂနွေနေ့ မှာ စူးစမ်း ပညာာရှင် Brian Clegg ဆိုသူက အောက်ပါ အတိုင်း ဖော်ပြထား ခဲ့ပါတယ်။ 

1. ဦးနှောက် နှင့် အာရုံကြောများ အကြား အပြန်အလှန် လှုံ့ ဆော် စေခိုင်းတုန့် ပြန်မှုတို့ ရဲ့  အမြန်နှုန်းဟာ ၁-နာရီလျှင် ၁၇၀ မိုင်နှုန်း ဖြစ်ပါတယ်။ 

2. သွေးထဲမှ ပါလာသော အောက်စီဂျင်၏ ၂၀ % ကို ဦးနှောက်က အသုံးပြုလေ့ ရှိပါတယ်။ 

3. လက်သည်များက ခြေသည်းတွေထက် ၄-ဆ ပိုအရှည်မြန်ပြီး၊ အားလုံးထဲမှာ လက်ခလယ်ရဲ့ လက် သည်းက အရှည် အမြန်ဆုံးပါဘဲ။

4. သွေးထဲရှိ အငန်ပမာဏဟာ ပင်လယ် ရေငန်၏ အငန် ပမာဏနှင့် ထပ်တူ ညီပါတယ်။

5. ကလေးတွေက ဆောင်းရာသီမှာ အရပ်အရှည် မြန်ကြပါတယ်။ လူတယောက်ရဲ့  အရပ်အမောင်း အရှည်က နံက် နှင့် ည လုံးဝမတူကြဘဲ၊ နံက်ပိုင်းမှာ အရပ် တိုင်းကြည့်တဲ့ အခါ ၁-စင်တီ မီတာ ပိုရှည်ပါ တယ်တဲ့။
 
6. ခန္ဓာကိုယ် တစ်ခုလုံးသို့  နှလုံးသွေးကြော စီးဆင်း လည်ပတ်မှုဟာ တစ်နေ့ လျှင် အကြိမ် ၁၀၀၀ ရှိ ပါတယ်။

7. မျက်တောင်မွှေးရဲ့ သက်တမ်းဟာ ပျမ်းမျှ ရက်ပေါင်း ၁၅၀ ကြာမြင့်ပါတယ်။

8. မျက်ခုံး တစ်ဖက် တစ်ချက်စီမှာ မျက်ခုံးမွှေး အပင်ပေါင်း ပျမ်းမျှ ၅၀၀ စီ ရှိကြပါတယ်။

9. လူ့ ခန္ဓာကိုယ်ထဲရှိ အာရုံခံ ဆဲလ်များမှာ ပျမ်းမျှ ၁၀၀ ဘီလီယမ် ပါရှိပါတယ်။

10. မျက်လုံးဖွင့်ပြီး၊ ဘယ်သူမှနှာချေလို့  မရနိုင်ပါ။ နှလုံးခုန်နေတာက လွဲလို့ ၊ နှာချေစဉ်မှာ ခန္ဓာကိုယ် တစ်ခုလုံး အလုပ်လုပ်ခြင်း ခေတ္တရပ်ဆိုင်း သွားလေ့ ရှိပါတယ်။

11. အရိုးများဟာ ကွန်ကရစ်ထက် ၄-ဆမျှ ပို၍ ခိုင်ခန့် သန်မာပါတယ်။ လူတစ်ယောက်ရဲ့ အမာဆုံး အရိုးဟာ မေးရိုးဖြစ်ပြီး၊ အသေးဆုံး အရိုးက နားရွက်ပါဘဲ။ အရိုးများ ကျိုးအက်ခြင်းက သူ့ အလိုလို ပြန်ဆက်လေ့ ရှိသော်လဲ၊ သွားအကျိုးများ ကတော့ နဂိုအတိုင်း ပြန်ဖြစ် မလာတော့ပါ။ 

12. မွေးဖွားလာချိန်မှာ ဒူးဆစ်ရှေ့ ရှိ ခုံညင်းရိုး ပါပေမယ့် အသက် ၂-နှစ်မှ ၆-နှစ်ရောက်တဲ့ အထိ ခုံညင်းရိုးကို သိသိသာသာ မမြင်ရနိုင်ပါ။

13. အသက်အရွယ် ကြီးလာတာနဲ့ အမျှ နှာခေါင်း နှင့် နားတို့ ကလိုက်၍ ကြီးလာသော်ငြား၊ မျက်လုံးရဲ့  အရွယ်အစားကတော့ တသမတ်တည်း အရွယ်ပြောင်းလဲမှု မရှိပါ။

14. မွေးဖွားလာချိန်မှာ အရိုးအဆစ်ပေါင်း ၃၀၀ ရှိကြပေမယ့်၊ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ ၂၀၆ မျှသာ ရှိပါတော့တယ်။

15. ဦးခေါင်းခွံကို မတူညီသော အရိုးပေါင်း ၂၆ ခုဖြင့် ဖွဲ့ စည်းထားပါတယ်။

16. ဆံပင်ကို ဖွဲ့ စည်းထားတဲ့ အရာဝတ္တု ပစ္စည်းများဟာ လက်သည်းခွံမှာ ပါတဲ့  အရာဝတ္တုများနှင့် တူတူ ပါဘဲ။

17. လူ့ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး ကြွက်သားက တင်ပါးဖြစ်ပြီး၊ အသန်မာဆုံး ကြွက်သားက လျှာ ဖြစ် ပါတယ်။

18. တစ်နေ့တာ သောက်သုံး လိုက်သော ရေ၏ ၁.၅ လီတာ ပမာဏကို ဆီးအဖြစ် စွန့် ထုတ်လေ့ရှိပြီး၊ ပျမ်းမျှ လူတစ်ယောက်က တနေ့ လျှင် အနည်းဆုံး ရှုး(အပေါ့) ၆ ခါ စွန့် ထုတ်လေ့ ရှိပါတယ်။

19. ခံတွင်းထဲက မျိုချလိုက်တဲ့ အစာက အစာအိမ်ကို ရောက်ဖို့  ၇-စက္ကန့် ကြာပါတယ်တဲ့။

20. ကလေးများက လူကြီးများထက် အရသာခံအာရုံ ပိုမိုကောင်းမွန် ပါတယ်။

21. နှာခေါင်းထဲမှ နှပ်ချေးညှစ်ထုတ်တဲ့ ပြင်းအားက တနာရီလျှင် မိုင်၁၀၀ နှုန်းနဲ့ ညီမျှပါတယ်။ 

22. ဆံပင်တစ်ပင်၏ သက်တမ်းဟာ ၃-နှစ်မှ ၇-နှစ်အထိ ရှိတတ်ပြီး၊ ရာသီဥတုပေါ် မူတည်၍ အမျိုးသား များက တစ်နေ့  လျှင်ပျမ်းမျှ ဆံပင် ၄၀ ကျွတ်ကြပြီး၊ အမျိုးသမီးများ အပင် ၇၀ ကျွတ်ကြ ပါတယ်။

23. ဘလိပ်ဓားဟာ အစာအိမ်ထဲက အစာချေ အက်ဆစ်ရည်ထဲမှာ ပျော်ဝင်နိုင်ပါတယ်။

24. အမျိုးသမီးများရဲ့ နှလုံးခန်နှုံးဟာ အမျိုးသားများထက် ပိုမြန်ပါတယ်။

25. ခန္ဓာကိုယ်အတွင်း ကလီစာတွေမှာ အသည်းက အလုပ်အရှုပ်ဆုံး ပါတဲ့။

26. အဆုပ်ထဲမှာ ဆံချည်ပြွန်သွေးကြောမျှင် သန်း ၃၀၀ ပါရှိပြီး၊ ဘယ်ဘက်အဆုပ်က ညာဘက် အဆုပ် ထက်ပိုသေးပါတယ်။

27. လူတစ်ယောက်ဟာ တစ်မိနစ်လျှင် ပျမ်းမျှ ၁၃-ကြိမ်မျှ မျက်တောင်ခတ်လေ့ရှိပြီး၊ အမျိုးသမီးက ၂-ဆပိုပါတယ်တဲ့။

28. ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း ၅-သိန်းမျှပါရှိပါတယ်။

29. တံတွေးဟာ ခံတွင်းရဲ့ စက်ဆီ/ချောဆီကဲ့သို့  ခံတွင်းကို စိုစွတ်စေကာ၊ အစာများ အလွယ်တကူ ၀ါးခြေမျိုချနိုင်အောင် ကူ ညီပေးပါတယ်။ လူ့ ဘ၀ တစ်သက်တာအတွင်း တံတွေးထွက်ရှိမှုဟာ ရေကူးကန် ၂-ကန်စာနှင့် ညီမျှပါတယ်။

30. ခန္ဓာကိုယ်တစ်ခုရဲ့  အကြီးဆုံးဆဲလ်က မမျိုးဥ ဖြစ်ပြီး၊ အသေးဆုံး ဆဲလ်က ဖိုသုက်ရည်ထဲရှိ လိင် ကလပ်စည်း ဖြစ်ပါတယ်။

31. မိခင်ဝမ်းတွင်း သန္ဓေသားဘ၀ မမွေးဖွားခင် ၆-လ အလိုမှာ ကတည်းက သွားပေါက်ဖို့  အရှိန် ယူနေ ပါပြီတဲ့။

32. အမျိုးသား ၁၀ ဦးမှာ ၉ ဦးခန့် က အချိန်နာရီတိုင်းမှာ ရာဂစိတ်နိုးကြွလေ့ရှိပြီး၊ ၁၀-ဦးမှာ ၅-ဦး က အိပ်နေစဉ် မှာတောင် ရာဂစိတ်နိုးကြွပါတယ်။

33. စားပိုးနင့်နေအောင်စားခြင်းက အကြားအာရုံကိုလျော့နည်းစေပါတယ်။

34. လူတစ်ယောက်ရဲ့ အနံ့ ခံအာရုံက မတူညီသော အနံ့  ၅-သောင်းခန့် ကို ခွဲခြားမှတ်မိနေ တတ်ပြီး၊ အမျိုးသမီးများက အမျိုးသားများထက် အနံ့ ခံစွမ်းအား ပိုအားကောင်းပါတယ်။ အသက် ၆၀ ကျော်ရင်တော့ ကျား-မ အားလုံး အနံ့ ခံအာရုံ လျော့ကျလေ့ရှိပါတယ်။ 

35. အသက် ၆၀ ရာက်လာတဲ့အခါ အမျိုးသားများ၏ ၆၀% က အိပ်ပျော်စဉ် ဟောက်လေ့ရှိပြီး၊ အမျိုးသမီး များ မှာတော့ ၄၀% ဟောက်လေ့ ရှိပါတယ်။

36. ခလေးငယ်၏ ဦးခေါင်း အရွယ်အစားဟာ သူ့ အရပ်ရဲ့  ၄ ပုံ ၁ ပုံမျှ ရှိပြီး၊ အသက် ၂၅-နှစ်မှာတော့ ဦးခေါင်းအရွယ်က အရပ် အရှည်ရဲ့  ၈ ပုံ ၁ ပုံ ဖြစ်သွားပါတယ်။

37. ရောဂါဝေဒနာ စွဲကပ်ရခြင်း၏ ၉၀% ဟာ စိတ်ဓာတ် ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာရ ပါတယ်။

38. အရေပြား အပေါ်ယံဆဲလ်များက ၂၇-ရက် တစ်ကြိမ် ကြွေကျ အသစ်လဲလေ့ရှိပြီး၊ တကိုယ်လုံးရဲ့  အရေပြားပေါ်သို့  နေ့ စဉ် ဗက်တီးရီယား ပိုးမွှားပေါင်း ၃၂ သန်း အလည်လာလေ့ ရှိပါတယ်တဲ့။

39. အရွယ်ရောက် သူများအားလုံး မိနစ်တိုင်းမှာ ကိုယ်တွင်းရှိ ဆဲလ်ပေါင်း သန်း ၃၀၀ မျှ သေကြပြီး၊ တစ်နေ့ လျှင် ဆဲလ်သစ် ပေါင်း ၃၀၀ ဘီလီလျှံ မွေးဖွားလာလေ့ ရှိပါတယ်။

40. နှုတ်ခမ်းများ အနီရောင်သန်းနေရခြင်းမှာ နှုတ်ခမ်းအရေပြားအောက်မှာ အလွန်သေးငယ်ေ သာ သွေးကြောမျှင်များစုဝေး နေခြင်းကြောင့်ပါဘဲ။

41. နွေးနွေးထွေးထွေး အိပ်စက်ခြင်းက အိပ်မက်ဆိုးတွေ မမက်စေပါဘူး။

42. လက် ၂-ဘက်ဆန့် တန်းတဲ့ အကျယ်အ၀န်းက အရပ်အမောင်း အရှည်နှင် ထပ်တူညီပါတယ်။

43. အမျိုးသမီးများ၏ အဆီလောင်ကျွမ်းမှုက အမျိုးသားများထက် နှေးကွေးကြလို့  ခန္ဓာကိုယ်မှာ အဆီ ပိုစုဝေးနေကြ ပါတယ်။

44. သွေးနီဥဆဲလ် တခုဟာ ခန္ဓာကိုယ် ၁-ပတ်ပြည့်ဝစွာ လည်ပတ်ဖို့ ၆၀စက္ကန့် မျှ အချိန်ကြာပါ တယ်တဲ့။

45. ကျမ္မာသန်းစွမ်းသော အမျိုးသား တစ်ယောက်ဟာ တနေ့ လျှင် သုက်ကောင်ရေ ၁၀ သန်းမျှ ထွက်ရှိ ပါတယ်။

46. IQ မြင့်သူတွေက အိပ်ပျော်နေစဉ် မကြာခဏ အိပ်မက် မြင်မက်လေ့ရှိ ကြပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

မှီငြမ်း (American's News : Weird facts about human body)
--
promise.pauk
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...