Stugeron ဆေးဆိုတာ


သမီးက အသက်၂၈ ပါ။ စာသင်နေတဲ့အချိန် ခေါင်းကို ၂ နာရီလောက် ဆက်တိုက် ထောင်ထားရင် ပခုံးနှစ်ဘက်ကစပြီး ဇက်ကြောက ခေါင်းတခုလုံး နားထင်ကြောထိ ကိုက်တက်လာပါတယ်။ ပြီးခဏဆိုရင် ခေါင်းတွေ ကိုက်လာပြီး သွေးပေါင်လဲ ၉ဝ-၆ဝ လောက်ထိ ကျကျ သွားပါတယ်။ အဲ့လိုဖြစ်ရင် Betex နှင့် Stugeron ဆေးကို တရက်၂ ကြိမ် ၃/၄ ရက်လောက်
ဆက်တိုက် သောက်လိုက်ရင် ခေါင်းကနည်းနည်း သက်သာသွားပါတယ်။ အရမ်းကြီး ပခုံးကြောတွေ မတက်တော့ပါဘူး။ အရမ်းကြီးတော့ ခဏခဏလဲ မသောက်ရဲဘူး။ ဆေးစွဲသွားမှာကြောက်လို့ပါဆရာ။ အပြင်ကပြန်လာပြီဆိုရင် နားထဲက လေတွေထွက်နေပြီ။

ဆေးတွေထဲမှာ နာတာကိုက်တာအတွက်မပါပါ။

Stugeron ဆေးဆိုတာ Cinnarizine ဖြစ်တယ်။
• Motion sickness (Travel sickness) ခေါ်တဲ့ ခရီးသွားခေါင်းမူး၊ အန်ချင်တာအတွက် အဓိကသုံးတယ်။
• Meniere's disease ရောဂါခေါ်တဲ့ အတွင်းနားရောဂါအတွက်လဲ သုံးတယ်။
• ပျို့တာ၊ ခေါင်းမူးတာ၊ Vertigo အမူးရောဂါတွေအတွက်လဲ သုံးနိုင်ပါသေးတယ်။
• Tinnitus နားထဲမှာ အသံမည်နေတာမျိုးလဲ သက်သာစေတယ်။
• Meniere's disease ရောဂါအတွက် အသက် ၁၂ နှစ်အထက်ကို တခါသောက် ၂ ပြား၊ တနေ့ ၃ ကြိမ်အထိပေးနိုင်တယ်။ ၅-၁၂ နှစ်ဆိုရင် ၁ ပြား၊ ၃ ကြိမ်။
• Travel sickness ခရီးသွားတုံးမူးချင်၊ အန်ချင်တာ ကာကွယ်ဘို့ အသက် ၁၂ နှစ်အထက်ကို ခရီးမထွက်ခင် ၂ နာရီကြိုတင်ပြီး ၂ ပြားသောက်ပါ။ ၅-၁၂ နှစ်ဆိုရင် ၁ ပြား။
• သတိထားဘို့က ခေါင်းမူးစေတယ်။ ကျောင်း၊ အလုပ်လုပ်ရသူတွေ သတိထားရမယ်။ အရက်နဲ့မတွဲရပါ။
• ကလေးတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ သတိနဲ့ပေးတယ်။
• ဘေးထွက်-ဆိုးကျိုးတွေထဲမှာ ခေါင်းမူးတာအပြင် ရည်ရှည်သောက်ရင် ကိုယ်အလေးချိန်တက်မယ်။ အစာမကျေဖြစ်မယ်။

Betex ထဲမှာ Thiamine HCl 100 mg, Pyridoxine HCl 200 mg, Cyanocobalamin 200 mcg တွေပါတယ်။ ဗီတာမင် ဘီ (၁)၊ (၆) နဲ့ (၁၂) တွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...