အစာရေစာ အပြင်းအထန် ငတ်မွတ်ခြင်းက ရေရှည် သက်ရောက်မှုတွေ ရှိကြောင်း တွေ့ရှိ
အာဟာရ ကုထုံးက အာဟာရ ချို့တဲ့သော မွေးကင်းစ ကလေး သန်းချီလျက်ကို ကယ်တင်နိုင် ပေမယ့်လည်း ရေရှည် ကျန်း မာရေးနဲ့ အသက် ရှင်သန်ရေး အတွက် အဓိက ကျတဲ့ အစာအိမ် အူလမ်းကြောင်း အတွင်းရှိ ဗက်တီးရီးယားတွေ အချိုးအစား မညီမျှမှုကို ပြန်လည် ထိန်းသိမ်း ပေးနိုင်မှု မရှိဘူး လို့ ပညာရှင်တွေက ၂၀၁၄ ဇွန်လ ၄ ရက်မှာ ပြောကြား ခဲ့တယ်။
Nature ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာချက်မှာ သုတေသန ပညာရှင်တွေဟာ မမြင်ရပေမယ့်လည်း ဖြစ်နိုင်ခြေရှိတဲ့ အပြင်း အထန် အစာရေစာ ငတ်မွတ်တာရဲ့ ရေရှည် ဆိုးကျိုးတွေကို ဖော်ပြ ခဲ့တယ်။
ဆင်းရဲတာ ဒါမှမဟုတ် စစ်ဖြစ် နေတဲ့နိုင်ငံတွေက ကလေးငယ် တွေကို ကယ်လိုရီမြင့်တဲ့ အထူးအစား အစာတွေနဲ့ ကျန်းမာရေးပြန်ကောင်းအောင် ပြုစုပြီးတဲ့နောက် အဲဒီကလေးငယ်တွေဟာ အပြည့်အ၀ ကြီးထွား ခြင်းမရှိဘဲ နာမကျန်းဖြစ်နေဆဲ ဖြစ်ရ တဲ့အကြောင်းရင်းကို ရှင်းပြဖို့အတွက် အခုတွေ့ရှိချက် တွေက အထောက် အကူပြုတယ်လို့ ဆိုတယ်။
““ အပြင်းအထန် ရုတ်တရက် အာဟာရချို့တဲ့ မှုဖြစ်နေတဲ့ ကလေးငယ်တွေမှာ အာဟာရ ကုထုံးက သေဆုံးမှုနှုန်းကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာတဲ့ကြီးထွားမှု ဖြစ်ပေါ်အောင် ပြန်လည်ထိန်းသိမ်း ရေးမှာ မပြည့်မစုံဖြစ်နေရတာက တော့ အဓိကပြဿနာတစ်ရပ်ပါပဲ”” လို့ အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်က အခုလေ့လာချက်ကို ရေးသားခဲ့သူ တွေက ပြောကြားခဲ့တယ်။
အခုသုတေသနအဖွဲ့ဟာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံ ဒါကာရှိမာပါ ဆင်းရဲ သားရပ်ကွက်က ကျန်းမာတဲ့ကလေး တွေရဲ့ အစာအူလမ်းကြောင်းအတွင်း က အဏုဇီဝပိုးမွှားတွေကို လေ့လာခဲ့ ကြတယ်။ အဲဒီနောက် ပြင်းထန်တဲ့ ရုတ်တရက် အာဟာရချို့တဲ့မှုကြောင့် ကုသမှုခံယူနေရတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်လေ့လာ ခဲ့တယ်။
အဲဒီအာဟာရချို့တဲ့နေတဲ့ ကလေးတွေကို ပြန်လည်ကျန်းမာလာအောင် မြေပဲအခြေပြု ကော် ဒါမှမဟုတ် ဆန်နဲ့ ပဲနီလေး အခြေပြု အစားအစာတွေနဲ့ ကုသခဲ့တယ်။ အဲဒီနောက် သူတို့ရဲ့ အစာအူလမ်း ကြောင်း အထဲက အဏုဇီဝပိုးမွှား တွေကို ပြန်လည်လေ့လာခဲ့တယ်။ အဓိကအားဖြင့် အစာခြေရာမှာ အထောက် အကူပြုတဲ့ ဗက်တီးရီးယား တွေနဲ့ တချို့သော ဗီတာမင်တွေ ထုတ်လုပ်ပေးတဲ့ ဘက်တီးရီးယား တွေကို လေ့လာခဲ့တယ်။ သူတို့ကို ကုထုံးမပေးမီ၊ ကုထုံးပေးနေတုန်းနဲ့ ပေးပြီး ကာလသုံးရပ်ကို နှိုင်းယှဉ်လေ့ လာခဲ့တယ်။ အာဟာရမပြည့်ဝတဲ့ ကလေးတွေမှာ လူကိုအကျိုးပြုတဲ့ အဏုဇီဝပိုးမွှား အ၀န်းအ၀ိုင်းဟာ ကောင်းကောင်း ဖွံ့ဖြိုးမှုမရှိဘဲ အသက်ကြီးထွားလာမှုနဲ့အညီ ဖွံ့ဖြိုး တာမရှိကြောင်း တွေ့ရှိရတယ်လို့ဆို တယ်။
ညွန့်လွင် (စက်မှုတက္ကသိုလ်)
Ref;Telegraph

Health Updates Journal No.(128)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook