တိုင်ကပ်မှိုထောင်း
ဒီမှိုထောင်းကို ကျမက ရေးပြချင်လွန်းလို့ ပြင်သစ် က လင်းက ရှားရှားပါးပါး လှမ်းပို့ရှာတယ်။ ကျမ တို့လင်မယား အသိမ်း လွန်းသလား ၊ ပါဆယ်ပုံး နဲ့အတူ ပစ်လိုက်မိသလား မသိပဲ အဲဒီမှိုထုပ်လေး လုံးဝပျောက်သွားပါရော။ ငိုမလို ရီမလို နဲ့ ကျမ က ပြင်သစ်ကို ဖုံးဆက်တော့ သဘောကောင်း သူလေးက ပြန်ပို့ပေးရှာတယ်။ ဒီနည်းလေးကိုလဲ စိတ် ရှည်ရှည်နဲ့ သင်ပေးပါတယ်ရှင်။ ဒီမှိုလေးက ရှမ်းပြည်ဘက်မှာ တိုင်တွေပေါ်မှာ သဘာဝ အလျောက် ပေါက်တာမို့ တိုင်ကပ်မှိုလို့ ခေါ်တာပါတဲ့။ ဒီမှာတော့ အခြောက် လှန်းထားတာကို သုံးရ တာပါ။ ရေကတော့ တော်တော် ဆေးယူရတယ်၊ သဲစင်အောင်လို့ပါ။
မှိုထောင်းလေး လုပ်နည်း ရေးပါမယ်နော်
ပါဝင်ပစ္စည်းများ
-တိုင်ကပ်မှို အခြောက် လက်တဆုပ်စာ
-ဖက်ဖယ်ရွက် အနဲငယ်
-ရှမ်းနံနံအနဲငယ်
- နံနံပင်အနဲငယ်
-ကြက်သွန်ဖြူ ၃မွှာ
-ပင်စိမ်းအနဲငယ်
-ငရုတ်သီးစိမ်း ၅တောင့်
-ဆား ၂ဇွန်း (အချိုဇွန်း)
-ကြက်သားမှုန့် ၂ဇွန်း ( အချိုဇွန်း)
မှိုအခြောက် လေးတွေကို တည ရေစိမ်ထားလိုက်ပါတယ်။ နောက်တနေ့ မနက်မှာ မှိုကို ရေစိမ်ပြီး သကာလ သန့်နေ မှ ဖြစ်မှာမို့ အထပ်ထပ်အခါခါ ဇကာခြင်းလေးနဲ့ ရေကို ထပ်ကာ ထပ်ကာ ဆေးပြီး သဲစင်အောင် ပြုလုပ်ရပါတယ်။ ရေဇလုံထဲ ပြန်ထည့် ရေပြန်စစ်နဲ့ ပျင်းနေအောင်တော့ ဆေးရပါ မယ်နော်…
ထောင်းနည်း
ကြက်သွန်ဖြူအနဲငယ်နဲ့ ငရုတ်သီးစိမ်းကို ဆား၊ အသားမှုန့်ထဲ့ကာ ညက်အောင်ထောင်းပါ ပြီးရင် ရှမ်းနံနံနဲ့ ဖက်ဖယ်၊ နံနံပင် စင်းကာ ထဲ့ထောင်းပြီး ရေစစ်ထားတဲ့ မှိုကို နောက်ဆုံးမှာ ထဲ့ထောင်း ညက်ပြီဆိုရင်ဖြင့် စားရန်အသင့် တိုင်ကပ်မှို ထောင်း လေးရပါပြီရှင်
အရသာ အပေါ့အငံ လိုသလို ချိန်ဆထဲ့ပါ။ စားနေစဉ် မှိုအရသာက ထုတ်ထုတ်လေးဖြစ်ပြီး စပ်စပ် မွှေးမွှေးလေးနဲ့ စိမ့်နေသောကြောင့် စားလို့ အလွန်ကောင်းပါတယ် ရှင်။

သန့်စင်ပြီး မှိုလေးတွေကို ရေပွက်ပွက်ဆူမှာ ၅ မိနစ်ပြုတ်ပါတယ်။ ပြုတ်နေစဉ်မှာ ဆား၊ အသားမှုန့်တို့ ကို တဇွန်းစီ အနဲငယ် ထဲ့ပြုတ်ခြင်းဖြင့် မှိုကို အရသာဝင်စေပါတယ်ရှင်။ ပြုတ်ပြီးရင် ရေခဏစစ်ထားပါ
ထောင်းနည်း
ကြက်သွန်ဖြူအနဲငယ်နဲ့ ငရုတ်သီးစိမ်းကို ဆား၊ အသားမှုန့်ထဲ့ကာ ညက်အောင်ထောင်းပါ ပြီးရင် ရှမ်းနံနံနဲ့ ဖက်ဖယ်၊ နံနံပင် စင်းကာ ထဲ့ထောင်းပြီး ရေစစ်ထားတဲ့ မှိုကို နောက်ဆုံးမှာ ထဲ့ထောင်း ညက်ပြီဆိုရင်ဖြင့် စားရန်အသင့် တိုင်ကပ်မှို ထောင်း လေးရပါပြီရှင်
အရသာ အပေါ့အငံ လိုသလို ချိန်ဆထဲ့ပါ။ စားနေစဉ် မှိုအရသာက ထုတ်ထုတ်လေးဖြစ်ပြီး စပ်စပ် မွှေးမွှေးလေးနဲ့ စိမ့်နေသောကြောင့် စားလို့ အလွန်ကောင်းပါတယ် ရှင်။
ref;Danuphyu Daw Saw Yee (London)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook