စိုးရိမ်စရာ အနေအထားတွင် ရှိနေတဲ့ Facebook Messenger app သစ်
သင်မသိဘဲ သင့်စမတ်ဖုန်းမှာ ဗီဒီယို ရုပ်သံ သွင်းမှု တွေဖြစ်တတ် ပါသလား။
ဖြစ်တတ်တယ် ဆိုရင် တစ်နေ ရာရာကနေ အဲဒါကို ဘယ်သူတွေ ကြည့်ရှုနေ ကြသလဲ။
သင့်ဖုန်း ကနေတဆင့် Facebook ကို ဖုန်းခေါ် ဆိုခြင်း (သို့) message ပေးပို့ခွင့် ရရှိစေတဲ့ လူမှု ကွန်ရက်ရဲ့ Messenger app အသစ်ကို Android စက်ထဲ download ဆွဲပြီး Install လုပ်မယ်ဆိုရင် ကိုယ်ရေး အချက်အလက်နဲ့ ကင်မရာ အသံဖမ်း မိုက်ကိုပါ ဖျက်ပစ် လိုက်ပါ။
Facebook သုံးစွဲသူ တစ်ယောက်ကတော့ “ကျွန်မ Messenger App ကို download ဆွဲမှာ မဟုတ်ပါဘူး။ အဲဒီသတင်း အချက်အလက်တွေ တခြားမသိတဲ့ သူတွေရဲ့ လက်ထဲသို့ ရောက်သွားရင် ဘာဖြစ်သွားနိုင် တယ်ဆိုတာ ဘယ်သူမှ မသိဘူးလေ” လို့ ဆိုပါတယ်။
ဒါက message ပို့တဲ့အခါ ပိုမိုအဆင်ပြေမှု ရှိအောင်သာ လိုအပ်တာပါ။ နောက်ပြီး ဒီလိုပြောနေကြ တာတွေလဲ ကြာခဲ့ပါပြီ။ ဒီကိစ္စကို နားလည်အောင် ရှင်းပြရတဲ့ အကြောင်းအရင်း ကတော့…
Facebook သုံးစွဲသူတွေ Facebook app ကနေတဆင့် message တွေကို မရရှိနိုင်တော့ဘူး ဆိုတဲ့ သိသွားမှာ ဖြစ်တဲ့ အတွက်ကြောင့်ပါ လို့ Facebook ကုမ္ပဏီ ကနေပြောဆိုခဲ့ပါတယ်။
ဒီအစား သူငယ်ချင်း(သို့) လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ဆီက message ကို ဖတ်ချင်တယ် ဆိုရင် messenger app ကို download ဆွဲပြီး တရားဝင် အချက်အလက်တွေကို ခွင့်ချက်ရှိရ မှာဖြစ် ပါတယ်။
iTunes app Store ပေါ်တွင် ပေးပို့တဲ့ အစီရင်ခံစာ ၆၀၀၀ ကျော်ရှိနေပါတယ်။ အပြုသဘောမမြင်ကြတာ အများစုပါ။ မေးစရာ မေးခွန်းတစ်ခုက ဒါကို လူတွေ download လုပ်နေကြဦးမှာလား။
Download လုပ်ထားတဲ့ သူတွေလည်း အများစုမှာ ချိတ်ဆက် အသုံးမပြုတော့ဖို့သာ ရွေးချယ်နေကြတဲ့ ပုံပါပဲ။
Source: myfoxchicago

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook