လေ့လာ တွေ့ရှိချက်တွေ အရ လူလိမ် လူညာတွေမှာ ဒီလို လက္ခဏာနဲ့ အကျင့်စရိုက်၊ အကြိုက်လေးတွေ ရှိနေ
ဘယ်သူက မှတော့ ကိုယ့်ကို လိမ်ညာမယ့် လူနဲ့ ရည်းစား ဖြစ်ချင်ပါ့မလဲ။ တွဲချင်ပါ့မလဲ။ ဒါပေမယ့် တစ်ခါတစ်လေ ကျတော့လည်း အချစ်မှာ မျက်စိ မရှိဘူး ဆိုတာတွေ မှန်နေပြန်ရော။ ကိုယ့်ကို လိမ်ညာ နေတာ ဟုတ်သလိုလို၊ မဟုတ် သလိုလိုနဲ့ ဆက်တွဲ မိနေရင်တော့ အဆုံးသတ် ကိုယ်ပဲ ခံစား ရမှာ မမေ့ပါနဲ့။ ဒီလို လိမ်ညာရတာ ၀ါသနာပါတဲ့ လူတွေရဲ့ အကျင့်စရိုက်၊ အကျင့်နဲ့ လက္ခဏာတွေ က ဘယ်လိုရှိမလဲဆိုတာ သုတေသီတွေက ဖော်ထုတ်ခဲ့ ကြသလို စစ်တမ်းတွေအရ ထွက်ရှိလာတဲ့ အဖြေတွေကတော့...
၁။အရပ်ရှည်သောသူ
အရပ်ပုတဲ့ သူတွေက သိပ်ချစ်တတ်၊ ကြင်နာတတ်ပြီး၊ လုံးဝ မလိမ်တတ်၊ မညာတတ်လို့ ယတိပြတ် မပြောနိုင်ပေမယ့် ချစ်ရေးချစ်ရာ ချစ်သူရှာပေးတဲ့ IllicitEncounters.com ရဲ့လေ့လာ တွေ့ရှိချက် အရတော့ အရပ် ၅ပေ ၁၀လက်မ ကျော်လောက် ရှိတဲ့ သူတွေကတော့ အရပ်ပု သူတွေထက် ပိုလိမ်ညာ တတ်ကြတယ်လို့ ဖော်ပြထား ပါတယ်။
၂။ရော့ခ်အင်ရိုး မြူးဇစ်ကြိုက်သောသူ
ကဲ ဘာပြောချင်သေးသလဲ။ ဒီအချက်ကိုလည်း အဲ့ဒီ IllicitEncounters.com ဆိုက်မှာပဲ စစ်တမ်းကောက် တာတွေ၊ လေ့လာတွေ့ရှိချက်တွေအရ အတည်ပြုခဲ့ကြတာပါ။ လိမ်ညာတဲ့သူတွေရဲ့ ၄၁ ရာခိုင်နှုန်းဟာ ရော့ခ်အင်ရိုးဂီတကို နှစ်ခြိုက်သူတွေ ဖြစ်နေကြပါသတဲ့။
၃။ပြင်သစ်လူမျိုး
သင့်ရဲ့ချစ်သူဟာ ဘယ်နိုင်ငံကလူမျိုး ဖြစ်နေပါသလဲ။ ၀ိုင်ခွက်လေးတွေ၊ ချိစ်လေးတွေ၊ ဟိုလိုဒီလို ကိစ္စရပ် တွေနဲ့ ခြေရှုပ်တတ်တဲ့ ပြင်သစ်လူမျိုးတွေ ကတော့ ဒီအချက်ကိုလည်း မငြင်းကြပါဘူး။ ဒီစစ်တမ်းကိုတော့ LELO အမျိုးသမီး၊ အမျိုးသား လိင်အင်္ဂါအတု ရောင်းချတဲ့ ဆိုက်ကနေ ကောက်ယူခဲ့တာဖြစ်ပါတယ်။
၎။Twitter သုံးတဲ့သူ
လူမှုကွန်ယက်တွေက သင့်အချစ်ရေးကို ရှုပ်ထွေးစေတယ်လို့ ခဏခဏ ဖတ်ဖူးမှာပါ။ အဲ့ဒီလူမှု ကွန်ယက် တွေထဲမှာ Twitter ကို အသုံးများတဲ့ လူတွေဟာ ချစ်ရေးချစ်ရာ ကိစ္စတွေ၊ ဇာတ်လမ်းရှုပ်တဲ့ကိစ္စမျိုးတွေကို ပိုလုပ်တတ်ကြ ပါတယ်တဲ့။
၅။ဈေးဝယ်ထွက်ရတဲ့ သိပ်နှစ်ခြိုက်တဲ့သူ
မိန်းကလေးအများစုမှာ တစ်ချိန်လုံးဈေးဝယ်ထွက်နေတတ်သူတွေဟာ လိမ်ညာတတ်တဲ့သူ ဖြစ်တတ်တာ များနေတယ်လို့ သိရပြီး ဒီလိုဈေးဝယ်ထွက်ရခြင်းအကြောင်းအရာကလည်း သံသယရှိဖွယ် ဖြစ်သလို ဈေးဝယ်ပြီး ၀ယ်လိုက်တဲ့ ပိုက်ဆံတွေကို သိုဝှက်ခြင်းတစ်မျိုးရှိနေတာတွေကလည်း မရိုးသားကြောင်း ပြသနေတယ်လို့ စစ်တမ်းကောက်ချက်တွေက ဆိုပါတယ်။
၆။IT နယ်ပယ်မှာ အလုပ်လုပ်နေသောသူ
ကောင်လေးကြည့်ရတာ ရိုးရိုးသားသားလေးပါ။ hoodie အနွမ်းလေးဝတ်ပြီး တစ်ချိန်လုံး အလုပ်ချည်းပဲ အာရုံစိုက်နေတယ်လို့ ထင်နေပါသလား။ huffingtonpost.com ဆိုက်က လေ့လာချက်တွေ အရတော့ IT နယ်ပယ်က အမျိုးသား သုံးပုံနှစ်ပုံဟာ လိမ်တတ်ကြသလို ကိုယ့်ချစ်သူနဲ့ ဇနီးမယားတွေ အပေါ်မှာ လည်း သစ္စာမရှိကြ ပါဘူးတဲ့။
Ref:yourtango.com

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook