အမြန်လမ်းပေါ်သွားလာသည့်ယာဉ်များ GPSစနစ် တပ်ဆင်ရန် စီစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် သွားလာ မောင်းနှင်နေသော ခရီးသည်တင် မော်တော်ယာဉ် များနဲ့ သွားလာမောင်းနှင် လေ့ရှိသော အိမ်စီးကား များ အပါအ၀င် မော်တော်ကားများကို ဂြိုလ်တု အခြေပြု ခြေရာခံ စနစ်ဖြစ်တဲ့ GPS စနစ်များ တပ်ဆင်သွားရန် စီစဉ်လျက် ရှိကြောင်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရပါတယ်။ အဆိုပါ စနစ်ကို တပ်ဆင် အသုံးပြုမယ့် ဆိုရင် တပ်ဆင်ထားတဲ့ ယာဉ်ရဲ့ အမြန်နှုန်းကိုကအစ တိုင်းတာ သိရှိနိုင်မှာ ဖြစ်သလို ဘရိတ်အသုံးပြုမှုတွေနဲ့ မော်တော်ယာဉ် ရပ်နားမှုတွေလို အချက်အလက်တွေ ကအစ အသေးစိပ် ခြေရာခံထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ လမ်းပြုပြင် ထိန်းသိမ်းရေး အဖွဲ့ကနေပြီး GPSစနစ်ကို မော်တော်ယာဉ်များမှာ တပ်ဆင်ပေးမယ့် ပုဂ္ဂလိက ၀န်ဆောင်မှု ကုမ္ပဏီတွေနဲ့ ညှိနှိုင်းမှုများ လုပ်ဆောင်နေဆဲ ဖြစ်ပြီး ၀န်ဆောင်ခ အပါအ၀င် GPSစနစ်သုံး ပစ္စည်းများရဲ့ စရိတ်ကိုပါ မော်တော်ယာဉ်တိုင်း တပ်ဆင်နိုင်အောင် တတ်နိုင်သမျှ နည်းပါးအောင် ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ ၀န်ဆောင်မှု ပေးမယ့် ကုမ္ပဏီတွေနဲ့ ညှိနှိုင်းမှုများ လုပ်ဆောင်ပြီး သဘောတူညီမှု ရရှိပြီးပါက GPSစနစ်အတွက် လိုအပ်မယ့် Traffic Information Centerနဲ့ GSM Networkတွေကိုလည်း လိုအပ်သလို တည်ဆောက်သွားမှာ ဖြစ်ကြောင်းဆိုပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမဟာ ဆိုရင် လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ယာဉ်အသွားအလာ အများဆုံး အမြန်လမ်း ဖြစ်ပြီး ၂၀၁၃ခုနှစ်အတွင်းက ယာဉ်အစီးရေ ၄သန်းနီးပါးသွားလာ အသုံးပြုခဲ့သလို ယခုနှစ်အတွင်းမှာလည်း မော်တော်ယာဉ်အစီးရေ ၂သန်းကျော်ထိအောင် သွားလာပြီး ဖြစ်ကြောင်း သိရပါတယ်။


လင်းလင်း (IA)
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...