Restrictions ဆိုတဲ့ setting ထဲက function လေးအကြောင်း

ဒီနေ့တော့ Restrictions ဆိုတဲ့ setting ထဲက function လေးအကြောင်း ဗဟုသုတ ပြောပြမယ် (မှားကောင်း မှားနိုင်ပါတယ်) လူတော်တော် များများက iPhone iPad iPod တွေသာ ကိုင်နေကြတာ setting ကို အကုန်ဝင် မကလိဖူးကြလို့ ဗဟုသုတ အနေနဲ့ပြောပြတာပါ...

ပုံမှာ ပါတာကတော့ ရှင်းပါတယ် ဥပမာ – safari ကိုသာ off ထားလိုက်ရင် မိမိရဲ့ springboard ပေါ်မှာ safari icon လေးပျောက်နေ ပါလိမ့်မယ် ဖွက်တယ်လို့ မထင် ပါနဲ့ Privacy အရ ကန့်သတ် ထားတယ်ဆိုပို သင့်တော် ပါတယ်… အဲ့လိုပဲ installing apps ကို off ရင် apps တွေ သွင်းမရပါဘူး deleting apps ဆိုရင်တော့ ဖျက်မရ ဘူးပေါ့...

Allowed content ဆိုတာကတော့ သူက ကိုယ်မကြိုက်တဲ့ music & postcard,movies,tv-show အစရှိတာတွေကို ကန့်သတ်တာပါ ဥပမာပြောရရင် 18+ မပါတဲ့ apps တွေပဲဆော့ချင်တယ်ဆိုရင် apps မှာသွားပြီး ပိတ်ထားနိုင်ပါတယ် ကျန်တာတွေလည်း အလားတူပါပဲ..

Privacy ဆိုတာကတော့ ဥပမာ ကိုယ့်မှာ Bluetooth sharing apps ၂ ခုရှိတယ်ဆိုပါစို့ စွဲစွဲမြဲမြဲသုံးတာ ကလည်း app တစ်ခုတည်းပဲသုံးတာ အဲ့အခြေအနေမျိုးကျရင် တစ်ခုကိုကန့်သတ်ထားလို့ရတာမျိုးပါ Microphone ဆိုရင်လည်း ဘယ် app မှာပဲသုံးမယ် viber ပဲသုံးမယ် FB chat မှာမသုံးဘူး စသဖြင့် ကန့်သတ်ထားတာမျိုးပါ...

Allow changes နဲ့ game centre ကတော့ အထွေအထူးပြောစရာ မလို ဘူးထင်ပါတယ်...

Have fun iOS users….




Credit ; Flamephoenix

အားပေးနေသော Mobile User အားလုံးကို အစဉ်လေးစားလျက်ပါ။

Via;myanmarmobileapp.com/
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...