Windows 9 ကို စက်တင်ဘာလတွင် ဖြန့်ချီမည်

Microsoft ၏ Operating System အသစ် ဖြစ်သော Windows 9 Preview ကို စက်တင်ဘာ လတွင် ဖြန့်ချီမည်ဟု ZDNet မှ Mary Jo Foley က ရေးသား ထားပါသည်။

သတင်းအရင်းအမြစ်များစွာကို Foley က ဖော်ပြ ထားပြီး Windows 9 Preview ကို စက်တင်ဘာ လကုန် သို့မဟုတ် အောက်တိုဘာလ အစောပိုင်း တွင် ဖြန့်ချီမည်ဟု သိရပါသည်။ 

ယခင်ထွက်ပေါ်ခဲ့သော သတင်းများအရ Windows 9 ကို ၂၀၁၅ ခုနှစ် လ၀က်တွင် ဖြန့်ချီမည်ဟု သိရ ပါသည်။ Preview သည် နောက်ဆုံး ဗားရှင်း မထွက်မီ ဖြန့်ချီပေးလေ့ရှိသော အမျိုးအစားဖြစ်ပြီး စားသုံးသူများက စမ်းသပ် အသုံးပြုနိုင်မည် ဖြစ်သည်။

Foley သည် Microsoft ၏ သတင်းများကို ရေးသားရာတွင် ယုံကြည်ရသည်ဟု သိရပါသည်။ နည်းပညာ ကဏ္ဍကို နှစ်ပေါင်း သုံးဆယ်ကြာ ရေးသားလျှက်ရှိပြီး Microsoft ၏ ထုတ်ကုန် စက်ဝိုင်းများကို ခန့်မှန်း ရာတွင် မှန်ကန်လေ့ရှိပါသည်။ 

Windows 9 တွင် ၀င်းဒိုးဂေဟစနစ်ကို ပြောင်းလဲပေးမည့် အရာများ ပါရှိလာမည်ဟု မျှော်လင့်ရပါသည်။ Microsoft က Windows 8 မှ စားသုံးသူများ မနှစ်သက်သည့် အရာများကို Windows 9 တွင် ပြင်ဆင် ပေးမည်ဖြစ်သည်။ Windows 9 တွင် Start Menu ပြန်လည် ပါရှိလာမည် ဖြစ်ပြီး Charms Bar ကို ဖယ်ရှားထားမည် ဖြစ်သည်။ ထို့အပြင် Metro Apps များကို Desktop တွင် အသုံးပြုနိုင်စေရန် ပြုလုပ် ပေးထားမည် ဖြစ်သည်။

အတိုချုပ်အားဖြင့် Windows 8 သည် ထိတွေ့မျက်နှာပြင် ပါသော တက်ဘလက်နှင့် လက်တော့များ အတွက် ဒီဇိုင်း ပြုလုပ်ထားခြင်း ဖြစ်ပြီး Windows 9 တွင်မူ သမားရိုးကျ Desktop OS အရသာကို ပြန်လည် ပေးစွမ်းမည် ဖြစ်သည်။

Microsoft ၏ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana သည်လည်း Windows 9 တွင် ပါရှိလာမည်ဟု သတင်းများထွက်ပေါ်နေပါသည်။


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...