မွေးစားအစ်ကိုက အမြွှာညီနှစ်ဦးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

Ref-Mirror
အိုင် ယာလန်နိုင်ငံ ကော့စ်ပြည်နယ် မြောက်ဘက်ပိုင်းရှိ ချာလ်လီဗီလီမြို့မှာ အစ်ကိုဖြစ်သူက ညီငယ် အမြွှာ ပူးနှစ်ဦးကို သတ်ဖြတ် ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင် သွားခဲ့တဲ့ ကြေကွဲဆို့နင့်ဖွယ်ရာ ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်ပွားခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကတော့ အိုင်ယာလန်နိုင်ငံ ချာလ်လီဗီလီမြို့မှာ လွန်ခဲ့တဲ့သုံးပတ်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်မှန်တဲ့မေတ္တာတရားတွေနဲ့ ယုံမှားသံသယတွေ စိတ်ထဲမှာ အမြစ်တွယ် ကိန်းအောင်းနေခဲ့လို့ မဖြစ်သင့် တာတွေဖြစ်ခဲ့ ရတာပဲဖြစ် ပါတယ်။ အဆိုပါလူသတ်မှုဖြစ်ရပ်ကတော့ အိုင်ယာလန်နိုင်ငံရှိ ချာလ် လီဗီလီမြို့မှာ နေထိုင်တဲ့ အိုဒရီစကိုးလ်တို့ လင်မယားနှစ်ဦးဟာ ဂျိုနသန် လို့အမည်ပေးထားတဲ့ ကလေးငယ်တစ်ဦးကို မွေးစား ခဲ့ပြီး သိပ်မကြာခင် မှာပဲ အမြွှာပူးနှစ်ဦးကို မွေးဖွားခဲ့ပါတယ်။ သူတို့မွေးဖွားလာခဲ့တဲ့ အမြွှာ ပူးလေးနှစ်ဦးကိုတော့ သောမတ်နဲ့ ပါထရီအိုဒရီစကိုးလ်လို့ အမည်ပေး ထားခဲ့ပါတယ်။ ယင်းအမြွှာပူးနှစ်ဦးကို ချစ်စနိုးနဲ့ တွန်တွန်နဲ့ ပါဒီလို့ လည်း ခေါ်ကြပါသေးတယ်။
သူတို့မိသားစုဟာ စုစုပေါင်းငါးယောက်ဖြစ်ပြီး မွေးစားသား ဂျိုနသန်ကတော့ အသက်အရွယ်ကြီးသော်လည်း မိသားစုထဲမှာ ညီငယ်တစ်ယောက်လို သိမ်ငယ်စွာနဲ့ နေရရှာပါတယ်။ ဂျိုနသန်ဟာ အိုဒရီစကိုးလ်မိသားစုမှာ သားအရင်းမဟုတ်တဲ့ မွေးစားသားဆိုတဲ့အသိစိတ်ဟာ သူ့ရဲ့စိတ်ထဲ အမြစ်တွယ်ကိန်းအောင်းနေခဲ့တာ ယခုဆို သူ့ရဲ့အသက် ၂၁နှစ်အရွယ် အထိပါဘဲ။
ကြေကွဲဆို့နင့်ဖွယ်ရာတွေနဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ နေ့တစ်နေ့ ရောက်လို့လာခဲ့ပါတယ်။ အဲဒီနေ့မှာတော့ စကိုးလ်တို့ဇနီး မောင်နှံနှစ်ဦးဟာ ဈေးဝယ်ထွက်သွားတဲ့အချိန်မှာ ဂျိုနသန်ဟာ ညီငယ် အမြွှာပူးတွန်တွန်နဲ့ ပါဒီတို့နဲ့ ခြံထဲက ကစားကွင်းမှာ ကစားရင်း သတ် ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။
ဂျိုနသန်ဟာ ညီငယ်အမြွှာပူးကို သတ်ဖြတ်ခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ တယ်လို့ သိရပါတယ်။ ဂျိုနသန်ရဲ့ အလောင်းကိုတော့ အိမ်နားမှာရှိတဲ့ တောစပ်မှာ တွေ့ရှိခဲ့တာပဲဖြစ် ပါတယ်။ မိခင် အိုဒရီစကိုးလ်နဲ့ သူမယောက်ျား သောမတ်တို့ဟာ ဈေးဝယ်ပြီးပြန်လာ ချိန်မှာတော့ သေဆုံးနေတဲ့ သားငယ် အမြွှာနှစ်ယောက် ရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ မသေ ခင် ၁၅မိနစ်လောက်မှာ မိခင်အိုဒရီစကိုးလ်ဆီ ဖုန်းဆက်ပြီး သားမှာ လိုက်တဲ့ ကစားစရာတွေ ဝယ်လာလား ဆိုပြီးတောင် မေးမြန်းခဲ့ပါသေး တယ်လို့ သိရပါတယ်။
ယင်းအမှုနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ အိုဒရီစကိုးလ်က''ကျွန်မ ရဲ့သားကြီး ဂျိုနသန်ကို မမုန်းပါဘူး။ ကျွန်မ သူ့ကို အကြိမ်တစ်ရာမကပြော ခဲ့တယ်။ မင်းဟာ အမေ့သားလို့ ပြောခဲ့ပါတယ်''။
ယင်းအမှုနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ အိုဒရီစကိုးလ်က''ကျွန်မ ရဲ့သားကြီး ဂျိုနသန်ကို မမုန်းပါဘူး။ ကျွန်မ သူ့ကို အကြိမ်တစ်ရာမကပြော ခဲ့တယ်။ မင်းဟာ အမေ့သားလို့ ပြောခဲ့ပါတယ်''။
မွေးစားသားဆိုပြီး မိသားစုဝင်တွေထဲမှာ သိမ်ငယ်စိတ်တွေ ဝင်ခဲ့တဲ့ ဂျိုနသန်ဟာ မိုက်မဲတဲ့လုပ်ရပ်ကို လုပ်ခဲ့ သော်လည်း မိခင်ဖြစ်သူက သူ့ကို မမုန်းခဲ့ပါဘူးလို့ ပြောဆိုတာဖြစ်ပါတယ်။
''အခုလိုဖြစ်ရတဲ့အတွက် အရမ်းကိုဝမ်းနည်းကြေကွဲနေခဲ့ရ ပြီး အရာအားလုံးကို ဆုံးရှုံးလိုက်ပြီ''လို့လည်း မိခင်အိုဒရီစကိုးလ်က ထပ်မံပြောဆိုခဲ့ပါတယ်။
Yangon Media Group
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) အခ်စ္ဆံုးကို နားလည္ပါ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောကျသို့) ကွန်ဒုံး အသုံးပြုကာ ချက်ပြုတ်နည်း ဂျပန်ဟင်းချက် လမ်းညွှန် စာအုပ်ထွက်ရှိ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်