နို့တိုက်ခြင်းဖြင့် မိခင်နှင့် ကလေး ကျန်းမာရေး ကောင်းမွန်စေနိုင်
![]() |
www.peterboroughandstamford.nhs.uk |
ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေး မီးဖွားခြင်းမှာ မီးဖွား ခန်းတွင် အဆုံးသတ်သည့် ကိုးလကြာ ခရီးတစ်ခု သာဖြစ်သည်ဟု ဆရာဝန်များနှင့် မိခင်လောင်းများ ထင်မှတ်နေခြင်းမှာ ကြီးမားသော အမှားတစ်ခု ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ပစ်ဘက်မြို့ရှိ အမျိုးသမီး ကျန်းမာရေး သုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အဲလီနောဘမ်လာ ရှဝပ်စ်က ပြောကြား သည်။
မီးဖွားပြီးနောက်လများမှာလည်း မိခင်နှင့် ကလေးကြား နို့ချိုတိုက်ကျွေးခြင်းဖြင့် ရေရှည်ကျန်းမာရေးအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ချိန်ဖြစ်၍ အလွန်အရေးကြီးကြောင်း ၎င်းက ပြောသည်။
ကလေးများအား မိခင်နို့တိုက်ကျွေးခြင်းမှာ ၎င်းတို့၏ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ဓာတ်မတည့်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်နိုင်သည့် အန္တရာယ်ကို လျှော့ချပေးနိုင်ကြောင်း ဆရာဝန်များ အသိ အမှတ်ပြုထားသည်မှာ ကြာပြီဖြစ်သည်။ ကလေးများကို နို့တိုက်ခြင်းသည် အမျိုးသမီးများ သေဆုံးမှု၏ အဓိက တရားခံဖြစ်သော နှလုံးရောဂါဖြစ်ပွားနိုင်မှုအန္တရာယ်များကို လျှော့ချပေးနိုင်ကြောင်း လေ့လာမှုများစွာက ဖော်ပြ သည်။
မိခင်နို့တိုက်ကျွေးခြင်းကြောင့် ကလေး၏ ကျန်းမာရေး အတွက်သာ မဟုတ်ဘဲ မိခင်၏ ကျန်းမာရေးအတွက်ပါ ကောင်းသည်ဟု ဒေါက်တာ ရှဝပ်စ်က ပြောသည်။ နို့တိုက်ခြင်းကြောင့် နှလုံးရောဂါ အန္တရာယ်များအပေါ် အကျိုး သက်ရောက်မှုကို သိရှိနိုင်ရန် ဒေါက်တာရှဝပ်စ်ဦးဆောင်သော ပညာရှင်များက အမျိုးသမီးပေါင်း ၁၄,၀၀၀နီးပါးကို လေ့လာခဲ့သည်။
ကလေးများကို ခုနစ် လမှ ၁၂ လအထိ နို့တိုက်ကျွေးသော အမျိုးသမီးများမှာ သွေးတိုးခြင်း၊ ဆီးချိုရောဂါနှင့် ကိုလက်စထရောမြင့်မားမှု အန္တရာယ်များအပါအဝင်အခြားကျန်းမာရေးအန္တရာယ်များ လျော့ကျသွားကြောင်း လေ့လာမှုက ဖော်ပြသည်။
—Ref: BBC
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) အမျိုးသမီးအချို့ ငရုတ်ရည် ဖျန်းဆေးဘူးများ ဆောင်လာ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးI Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်
- (အနောကျသို့) ဆံပင်ညှပ် ဆရာတွေ အမြဲပြောလေ့ ရှိတတ်တဲ့ မုသားစကား (၇) မျိုး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးI Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်