သမီးအရင်းကို သတ်၍ အပိုင်းပိုင်းခုတ်သူ တရုတ်ဖခင် ထောင်ဒဏ် တစ်သက်ကျ
မိသားစု ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်သည် ဆိုသည့် မကျေနပ်ချက်ဖြင့် တရုတ်နိုင်ငံတွင် ဖခင် အရင်း ဖြစ်သူက သမီးကိုသတ်ကာ အပိုင်းပိုင်း ခုတ်ပြီး အများသုံး အိမ်သာထဲ သွားပစ် ထားခဲ့ရာမှ ယခုအခါ အာဏာပိုင်များက အဆိုပါ ဖခင်ကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်လိုက်သည်ဟု New York Times သတင်းစာတွင် ဖော်ပြထားသည်။
သေဆုံးသူ မိန်းကလေးမှာ အသက် ၁၂ နှစ်သာ ရှိသေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ယင်းဖြစ်ရပ် သည် တရုတ်နိုင်ငံ ဝမ်ကျိုးမြို့တော်တွင် ဖြစ်ခဲ့ကာ ကျောင်းအမှတ်များ မကောင်းသောကြောင့် မိသားစု ဂုဏ်သိက္ခာ ထိခိုက်ရသည်ဆိုပြီး ဖခင်က ယင်းသို့ ရက်ရက် စက်စက် သတ်ခဲ့ခြင်း ဖြစ်သည်။ “အိမ်နီးချင်းတွေကို မေးကြည့်တော့ သူက သမီးပျောက်နေတာကို ဘာမှဖြစ်ပုံမ ရဘဲ ပျော်နေတဲ့ပုံတောင် ပေါက်တယ်လို့ ပြောပြကြတယ်” ဟု ရဲတပ်ဖွဲ့ ပြောခွင့်ရ အရာရှိတစ်ဦးက ဆိုသည်။
အသက် ၄၆ နှစ်အရွယ် ကျန်းလီဟု အမည်ရသည့် အဆိုပါ လူသတ်မှု ကျူးလွန်သူကို တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပြီ ဖြစ်သည်။ သမီးပျောက်နေသည့် ကိစ္စကို ရဲစခန်း လာတိုင်သူမှာ အဆိုပါ အမျိုးသားပင် ဖြစ်ပြီး ဇနီးဖြစ်သူက ပေးသည့် ဖိအားဖြင့် ထိုသို့ လာရောက် တိုင်ကြားခြင်း ဖြစ်သည်ဟု ရဲကဆို သည်။
သုံးရက်ခန့် ကြာသည့်အခါ အများပြည်သူသုံး သန့်စင်ခန်း တစ်ခန်းမှ ပြုပြင်ရေး လုပ်သားတစ်ဦးက အပိုင်းပိုင်း ဖြစ်နေသော အရာများထဲမှ လူလက်ကိုတွေ့ပြီး ရဲကို သတင်းပို့ခဲ့ခြင်း ဖြစ်သည်။ အလားတူ ပြစ်မှုမျိုး ပြီးခဲ့သည့် သီတင်းပတ် အတွင်းက အမေရိကန် ပြည်ထောင်စုတွင်လည်း ဖြစ်ခဲ့ပြီး ဆေးကြောင်နေသော ဖခင်အရင်း ဖြစ်သူက သားသမီးအရင်း ငါးဦးကို သတ်ဖြတ်ခဲ့သည့် အမှုဖြစ်သည်။

The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဝေဖန်မှု၊ ရူးသွပ်မှုများနှင့် မိန်းမလှများ၏ အရေပြားပေါ်မှ ဆေးမင်ကြောင် JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံ JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း