အဝေးသင် ဘာသာရပ် သင်ခန်းစာများကို Sky Net Edu Channel မှ ထုတ်လွှင့်မည်
အဝေးသင် ဘာသာရပ် သင်ခန်းစာများကို Sky Net Edu Channel မှနေ့စဉ် တစ်နာရီစာ ထုတ်လွှင့်မှု များ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
အဝေးသင် ကျောင်းသားများ အဝေးသင် သင်ခန်းစာ များကို လေ့လာရန် မြန်မာအသံနှင့် ရုပ်မြင်သံကြား မှနေ့စဉ် ညနေ ၄ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၄၅ မိနစ် အထိ ထုတ်လွှင့်ပေးလျက်ရှိရာ ကျောင်း သားများ လေ့လာသည့် အချိန် ပိုမိုရရှိစေရန် ရည်ရွယ်၍ Sky-Net ရုပ်သံ၏ ကူညီပံ့ပိုးမှုဖြင့် သင်ခန်းစာ ထုတ်လွှင့် ချက် များကို နေ့စဉ်တစ်နာရီစာ ထုတ်လွှင့်တော့ မည်ဖြစ်ကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ်မှ သိရသည်။
“ဒီလိုထုတ်လွှင့်ဖို့ ဆရာတို့ဘက်ကနေ ရိုက်ကူးပြီးသား သင်ခန်းစာ ထုတ်လွှင့်ချက်တွေကိုပဲ ပေးပို့ရ တယ်။ ကျန်တာကို Sky-Net ရုပ်သံကပဲ ကူညီပံ့ပိုးပေးတာပါ” ဟု ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှတင့်က ပြောသည်။
အဝေးသင်ဘာသာရပ်သင်ခန်းစာများကို Sky-Net Edu Channel မှနေ့စဉ် နံနက် ၁၁ နာရီမှ ၁၂ နာရီ အထိ ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး တစ်နေ့တာအစီအစဉ်များဖြစ်သည့် တူဒေးပရိုဂရမ်တွင် ထုတ် လွှင့်မည့် ဘာသာရပ် အကြောင်းအရာကို ကြည့်ရှုနိုင်ကြောင်း သိရသည်။
အဝေးသင်ကျောင်းသားများ သင်ခန်းစာများကို လေ့လာရန်အတွက် ကျောင်းအပ်ချိန်တွင် စီဒီ၊ သင်ရိုး ညွှန်းတမ်း စာအုပ်၊ ရုပ်မြင်သံကြား အစီအစဉ်များဖြင့် ပြုလုပ်ပေးလျက်ရှိပြီး ခေတ်ကာလတိုးတက်လာ သည်နှင့်အမျှ ကျောင်းသားများ သင်ခန်းစာများကို အလွယ်တကူရရှိနိုင်ရန်၊လေ့လာနိုင်ရန် အဝေးသင် သင်ခန်းစာများပါဝင်သော ဝက်ဘ်ဆိုက်တစ်ခုပြုလုပ်ရန် စီစဉ်နေကြောင်း ဒီဇင်ဘာတတိယအပတ် တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဆရာတို့ အဲ့ဒီအတွက် ဆာဗာတွေ မှာထားတယ်။ လာမယ့်ပညာသင်နှစ်မှာ ဆရာတို့ကိုယ်ပိုင် အင် တာနက်တီဗွီ လုပ်နိုင်အောင်ကြိုးစားနေတယ်။ အဲ့ဒီအတွက် ပရိုဂရမ်တွေလဲ ရေးနေတယ်။ အဲ့ဒါရရင် သင်ခန်းစာတွေကို ၂၄ နာရီထုတ်လွှင့်ပေးနိုင်မယ်” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်ကပြောသည်။
လက်ရှိတွင် အဝေးသင်သင်ခန်းစာများကို မြန်မာ့ရုပ်မြင်သံကြားမှ တစ်ရက်လျှင် ၁၅ မိနစ်ခန့်ထုတ် လွှင့်ပေးနေ သော်လည်း အလုပ်လုပ်ကိုင်နေသော ကျောင်းသား၊ ကျောင်းသူများနှင့် အကြောင်း ကြောင်းကြောင့် ယင်းအစီ အစဉ်ကို မကြည့်လိုက်ရသူများအတွက် ယင်းဝက်ဘ်ဆိုက်မှ အမည်မှာ www.Yangon Distance University.com ဟုသိရသည်။
“အခုခေတ်ကမိုဘိုင်းဖုန်းတွေကလဲပေါလာတယ်။ လူတိုင်းမိုဘိုင်းဖုန်းသုံးလာနိုင်တဲ့ အနေအထားတွေ ကြောင့် အင်တာနက်မြန်နှုန်း (ဝမ်းမတ်)လောက်ရှိရင်ပဲ ဝင်ကြည့်လို့ရပြီ။ အဲ့ဒီလိုလုပ်နိုင်ရင် နိုင်ငံတကာအဆင့်မီတဲ့ လုပ်ဆောင်မှုတွေဖြစ်မှာပါ” ဟု ဒေါက်တာလှတင့်က ပြောသည်။
ယင်းဝက်ဘ်ဆိုက်တွင် အဝေးသင် သင်ခန်းစာများကို ရှင်းပြပေးထားသည့် အစီအစဉ်များအပြင် အဆိုင်းမန့် ဖြေဆို ပုံများနှင့် အဝေးသင်သင်ခန်းစာများနှင့်ပတ်သက်ပြီး လိုအပ်သမျှကို ထုတ်လွှင့်ပေး မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်ကို ၁၉၉၂ ခုနှစ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်ကို ၁၉၉၈ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ကြောင်း သိရသည်။
Democracy Today Daily
စက်တင်ဘာ (၂၀) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ခေါင်းနှစ်လုံး ပါတဲ့ လိပ်ကလေး Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောကျသို့) အမျိုးသမီးအချို့ ငရုတ်ရည် ဖျန်းဆေးဘူးများ ဆောင်လာ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်