တစ်သက်တာ ထိန်းသိမ်းခြင်း ခံရတော့မည့် အမေရိကန်မှ မိစ္ဆာကောင်
အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် စပရင်းဖီးမြို့ တရားရုံး ဂျူရီအဖွဲ့က ကေးယက်စ်ဗောဗစ် ဆိုသူကို ပြန်ပေးဆွဲမှု သုံးခု၊ မျက်မြင် သက်သေ တစ်ဦးအား ခြိမ်းခြောက်မှု၊ လူသုံးဦးအား သတ်ဖြတ် ကာ ခန္ဓာကိုယ် အစိတ်အပိုင်း များအား ဖြတ်တောက်ခဲ့မှု စသည့် ဆိုးရွားရက်စက် လှသည့် ပြစ်မှုများဖြင့် စက်တင်ဘာ ၂၇ ရက်က ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ကြောင်း သိရသည်။
နဖူးတွင် ဦးချိုကဲ့သို့ ခွဲစိတ် ပြူပြင်မှုများကြောင့် မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ဆေးမင်ကြောင် ၆၆၆ ခု ထိုးထားသည့် ဗောဗစ်သည် ၎င်းအား စီရင်ချက်ချခဲ့သည့် ဂျူရီအဖွဲ့ကို တရားခွင်အတွင်း ဟစ်အော် ဆဲဆိုခဲ့ကြောင်း သိရသည်။ “မင်းတို့ အားလုံးကို ငရဲမှာ ပြန်တွေ့မယ်”ဟု ဗောဗစ်က အော်ဟစ် ခဲ့ခြင်း ဖြစ်သည်။
ဗောဗစ်နှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သူ နှစ်ဦးကိုလည်း လူသတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ကြောင်း သိရသည်။
Ref: AP
Mizzima News
--------------------------------------
- (အရှေ့သို့) ဆွေမျိုးများက မြေမြုပ်ခဲ့သော်လည်း လမ်းသွား လမ်းလာကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် ကလေးငယ် Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...