တယ်လီနော ဆင်းမ်ကတ် ပြင်ပဈေးကွက်တွင် ကျပ်တစ်သောင်း ဝန်းကျင် ဈေးပေါက်
မန္တလေး၊ စက်တင်ဘာ ၂၇
ဈေးကွက်အတွင်း မရောက်ရှိခင် ကတည်းက လူအများ စု စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်ခဲ့သော တယ်လီနော ဆင်းမ်ကတ်များ မန္တလေးမြို့တော်တွင် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ရောင်းချပြီး နာရီပိုင်းအတွင်း ပြင်ပဈေးကွက်တွင် ဆင်းမ်ကတ် တစ်ကတ်လျှင် ကျပ် ၁ သောင်းဝန်းကျင်အထိ ရောက်ရှိသွားကြောင်း တယ်လီနော ဆင်းမ်ကတ်ကို သွားရောက် ဝယ်ယူခဲ့ သူများက ပြောကြားသည်။
“ပြောတော့ ဆိုင်တိုင်း နံနက် ၁၁ နာရီအချိန်မှာ ရောင်းချပေးမယ် ပြောပြီးတော့၊ နေ့လယ် ၁ နာရီလောက်ထိ ဆိုင်တိုင်း မရောင်းချပေးသေးဘူး။ တချို့ ရောင်းတဲ့ဆိုင်တွေက ဝယ်ခဲ့ပြီးတော့ ဒီမှာ ၇၈ လမ်း Any Call ဆိုင်ရှေ့ မှာပဲ တစ်ကတ်ကို ၉၅၀၀ ၊ ၁၀၀၀၀ နဲ့ ရောင်းချနေကြတယ်” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။ တယ်လီနော ဆင်းမ်ကတ်များကို မန္တလေးမြို့ရှိ မိုဘိုင်းလ်ဆိုင်များနှင့် စတိုးဆိုင် အများအပြားတွင် ငွေဖြည့်ကတ် ကျပ် ၃၀၀၀ တန်ဖြင့် တွဲဖက်၍ တစ်ကတ်လျှင် ကျပ် ၄၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။
မှောင်ခိုဈေးကွက်တွင် အော်ရီဒူး ဆင်းမ်ကတ် ပေါက်ဈေးမှာ နံပါတ်ပေါ် မူတည်၍ ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ရှိပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPTဆင်းမ်ကတ် များမှာလည်း မှောင်ခို ဈေးကွက်အတွင်းတွင် အမြင့်ဆုံးဈေး ဖြစ်သည့် ကျပ်နှစ်သောင်းကျော်အထိ ဈေးပေါက်နေကာ ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့တွင် စတင်ဖြန့်ဖြူး ရောင်းချပေးနေသော တယ်လီနော ဆင်းမ်ကတ် ပြင်ပပေါက်ဈေးမှာမူ ကျပ်တစ်သောင်း နီးပါးအထိ ပေါက်ဈေး ရှိကြောင်း မန္တလေးမြို့မှ ဖုန်းဟန်းဆက်နှင့် ဆင်းကဒ်များ ဝယ်ရောင်း လုပ်ဆောင်နေသည့် အရောင်းအဝယ် သမားများထံမှ သိရသည်။
ယနေ့ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသော တယ်လီနော ဆင်းမ်ကတ်များမှာ ငွေဖြည့်သွင်းရ ခက်ခဲပြီး အင်တာနက် အသုံးပြုရသည်မှာလည်း အဆင်မပြေသေးကြောင်း၊ ၎င်းတို့ သတ်မှတ်ထားသော 1 MB လျှင် ၆ ကျပ်နှုန်းနှင့် ၁၀ ကျပ်နှုန်း နှစ်မျိုးစလုံးဖြင့် အင်တာနက် စမ်းသပ် အသုံးပြုကြည့်သော်လည်း အင်တာနက်လိုင်း သိပ်မကောင်း သေးကြောင်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ့တွင် နေထိုင်သူ ကျောက်ကုန်သည် ဦးမျိုးညွှန့်က ပြောဆိုသည်။
“ဆင်းမ်ကတ် ထည့်သွင်းပြီးပြီ ဆိုတာနဲ့ ကြိုက်တဲ့ ဖုန်းနံပါတ်ကို ခေါ်ရပါမယ် ဒါဆို activate ဖြစ်သွားပြီးတော့ ဖုန်းငွေ ဖြည့်သွင်းလို့ ရသွားပါပြီ။ အင်တာနက် အတွက်ကတော့ တစ်လတိတိ Facebook အခမဲ့ အကန့်အသတ်မဲ့ အသုံးပြုခွင့်ရပါမယ်။ ဖုန်းနံပါတ်တစ်ခုခု ခေါ်ပြီးတာနဲ့ internet လည်း စတင်အသုံးပြုနိုင်ပါပြီ။ တခြား site တွေ အသုံးပြုရင်တော့ ငွေဖြတ်တောက် သွားမှာပါ” ဟု တယ်လီနော ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice Journal
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အသန္မာဆံုး လူသားအဖြစ် သတ်မှတ်ခံ ထားရတဲ့ ကနေဒါနိုင်ငံသား Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောကျသို့) ဘွဲ့ဝတ်စုံ သမိုင်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်