ကံကောင်းခြင်းတွေ ယူဆောင်လာပေးမယ့် ဟိုတယ်
အေသင်အောင်
တရုတ် လူမျိုးတွေဟာ ကံတရားကို ယုံကြည်လေ့ ရှိပါတယ်။ ကံကောင်း အောင်လည်း အတိတ် နိမိတ် ကောင်းတွေ ပြုလုပ် ဖန်တီးလေ့ရှိပါ တယ်။

တရုတ်နိုင်ငံမှာ တည်ဆောက် ထားတဲ့ ဟိုတယ် တစ်ခု သာ ထူးခြားတဲ့ ဒီဇိုင်းပုံစံနဲ့ ဖန်တီးထား ပါတယ်။ ဟိုတယ်ပုံစံကို နေလုံးကြီး ထွက်ပေါ် နေတဲ့ ပုံစံဖြစ် အောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ထား ခြင်းကြောင့် ကံကောင်းမှုတွေ ရရှိလိမ့်မယ်လို့ မျှော်လင့် ထားကြပါတယ်။ ဟိုတယ်ကို လာရောက် တည်းခိုတဲ့သူတွေ ကံကောင်းခြင်းတွေ ရရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဟိုတယ် ပုံစံကို နေလုံး ကြီးထွက်လာတဲ့ ပုံစံဖြစ်အောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
ဒီဟိုတယ်ကို ပေကျင်းမြို့ရှိ ယန်တီ ရေကန်ဘေးမှာ တည်ဆောက်ထားခြင်း ဖြစ်ပြီး နာမည်ကြီး ဟိုတယ်တွေ ဖွင့်လှစ်ထားတဲ့ ဥရောပ အခြေစိုက် Kempinski ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ပေးခြင်း ဖြစ်ပါတယ်။ ဟိုတယ် အမြင့်က (၃၈၁) ပေရှိပြီး အထပ် ပေါင်း (၂၁)ထပ် ပါဝင်မှာ ဖြစ်ပါတယ်။ အခန်းပေါင်း (၅၉၅) ခန်း ပါဝင်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်ပြီးအောင် အကောင်အထည်ဖော်နေ ပါတယ်။ ထူးခြားတာက မှန်ကူနံရံ အကူချပ်ပေါင်း (၁၀၀၀၀) ကျော် ထည့်သွင်း တည်ဆောက်ထား ပါတယ်။ ဟိုတယ်ဟာ ပေကျင်းမြို့ရဲ့ အချက် အချာကြတဲ့ နေရာမှာ တည်ရှိပြီး ထင်ရှားတဲ့ နေရာတွေ ကိုလည်း အလွယ်တကူ သွားရောက်နိုင်ပါတယ်။ ဟိုတယ် တည်နေရာက ပေကျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ (၄၅) ကီလိုမီတာ သာဝေးပြီး ဂရိတ်ဝေါ တံတိုင်းကြီးနဲ့ လည်း (၂၅) ကီလိုမီတာသာ ဝေးပါတယ်။ ဂရိတ်ဝေါ တံတိုင်းကြီးကို ပြီးခဲ့တဲ့နှစ်မှာ လာရောက်တဲ့ ဧည့်သည် အရေအတွက်က (၂ ဒသမ ၇၉) သန်းအထိ ရှိပါတယ်။ ဟိုတယ် ဒီဇိုင်းကို တရုတ်ရိုးရာ ယဉ်ကျေးမှုကို အခြေခံ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဟိုတယ် ရဲ့ တစ်ညတာ တည်းခိုစရိတ်က အနည်းဆုံး ပေါင် (၁၅၀) ရှိတယ်လို့ သိရပါတယ်။

The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+