PSB Academy တက်ရောက် လိုသူများ ဇန်နဝါရီလ ကျောင်းဖွင့်ချိန် အတွက် လျှောက်ထားနိုင်
စင်ကာပူနိုင်ငံရှိ PSB Academy တွင် တက်ရောက်ရင်း သြစတြေးလျနိုင်ငံရှိ နာမည်ကျော် တက္ကသိုလ်များ၏ ဘွဲ့ဒီဂရီကို ရယူနိုင်ရန် အတွက် ဇန်နဝါရီလ ကျောင်း ဖွင့် ချိန်အမီ လျှောက်ထားနိုင် မည်ဖြစ်ကြောင်း သိရ သည်။
PSB သည် Australia Partner Universitiy များအဖြစ် The University of Newcastle, University of Wollongong တို့နှင့် ချိတ်ဆက်ထားပြီး The University of Newcastle ၏ Bachelor of Business တွင် (Management and Marketing, Marketing and Tourism) တို့ကို တက်ရောက်နိုင်မည် ဖြစ်သည်။ Accounting ဘာသာရပ်ကို စိတ်ဝင်စားသူများအနေဖြင့် Bachelor of Commerce ဘွဲ့ကို ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
University of Wollongong တွင် Bachelor of Commerce ဘွဲ့ကို Finance, Management, Marketing, Supply Chain Management တို့ကို ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ပြီး Bachelor တန်းအတွက် ၃ နှစ် တက်ရောက် ရမည်ဖြစ်သည်။ University of Wollongong သို့ Bachelor တန်းကို တိုက်ရိုက် တက်ရောက် လိုသူများအနေဖြင့်လည်း ဒုတိယနှစ်ကို တိုက်ရိုက်ဝင်ခွင့် လျှောက်ထားနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများနှင့် IGCSE ဖြေဆိုထားသူများ လျှောက် ထားနိုင်မည်ဖြစ်ပြီး အင်္ဂလိပ်စာ ဝင်ခွင့်လိုအပ်ချက် အနေဖြင့် IELTS (5.5) ရရှိရန် လိုအပ်သည်။
အသေးစိတ်သိရှိလိုသည်များရှိပါက STUDY ABROAD Information Centre ဖုန်း-၀၉ ၅၁၅၁၀၀၈ နှင့် ၀၉ ၇၃၂၄၂၄၀၄ တို့တွင် ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။

Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+