လူအများစု မှားယွင်းစွာ မှတ်ထားလေ့ ရှိကြသောအရာများ
ဧဝရတ်တောင်ဟာ ယနေ့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်မဟုတ်ဘူးလို့ သင်ဟာ သင့်မိတ်ဆွေကို ပြောလိုက်ရင် အဲဒီနေရာမှာပဲ အချေအတင် ငြင်းခုံကြရမှာ သေချာပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်က လူအတော်များများ လွဲမှားစွာ မှတ်ယူထားတဲ့ အရာတွေကို နယ်ပယ်အသီးသီးက ပညာရှင်တွေက ဖော်ထုတ်လိုက်ပါတယ်။ အတော်များများ သိထားကြသလို မဟုတ်တဲ့အချက်တွေ များစွာ ပါဝင်နေပါတယ်။
၁။ ကော်ဖီစေ့ဟာ coffee beans အပင်က ရတယ်လို့ အတော်များများ သိထားကြပါတယ်။ တကယ်တော့ ပဲတောင့်ပင်အစေ့စစ်စစ်ကနေ ရလာတာဖြစ်ပါတယ်။
၂။ ပုပ်သင်ညိုတွေက ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်ပြောင်းတက်တယ်လို့ ပြောပါတယ်။ တိတိကျကျဆိုရရင် အပြင်မှာဖြစ်နေတဲ့ အခြေအနေ၊ အပူချိန်၊ အလင်းရောင်နဲ့ သူတို့ထိတွေ့လိုက်တဲ့ အရာဝတ္ထုတွေနဲ့ တူညီတဲ့ အရောင်ကို ပြောင်းလဲလိုက်တာပါ။
၃။ ဧဝရတ်တောင်က အမြင့်ဆုံးလို့ပြောကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ဧဝရတ်တောင်က အခြားတောင်တွေထက် မြင့်တဲ့ပင်လယ်ရေမျက်နှာပြင်မှာ ရှိနေတာကြောင့် အမြင့်ဆုံးဖြစ်နေတာပါ။ သင်္ချာနည်းအရ တောင်တစ်လုံးချင်းစီရဲ့ အမြင့်ကိုသာ တိုင်းထွာမယ်ဆိုရင် Mauna Kea တောင်က အမြင့်ဆုံး ဖြစ်မှာပါ။ ဒါပေမယ့် မှတ်တမ်းမှာတော့ ဧဝရတ်တောင်က အမြင့်ဆုံးပါပဲ။
၎။ တရုတ်မှာရှိတဲ့ မဟာတံတိုင်းကို အာကာသပေါ်ကတောင်မြင်ရတယ်လို့ ပြောကြပါတယ်။ တကယ်တော့ လုံးဝမမြင်ရပါဘူး။ လပေါ်ကကြည့်ရင် ကမ္ဘာဟာ အပြာနဲ့ အဖြူပဲ မြင်ရပါတယ်။
၅။ ကမ္ဘာက နေကိုဗဟိုပြုပြီး လည်ပတ်နေတယ်လို့ ဆိုပါတယ်။ တကယ်တော့ ကမ္ဘာ၊ နေ အပါအဝင် ဂြိုလ်အားလုံးဟာ ဆိုလာစနစ်ကို ဗဟိုပြုပြီးသာ လည်ပတ်နေကြတာဖြစ်ပါတယ်။ နေကိုဗဟိုပြုတာ မဟုတ်ပါဘူး။
၆။ လူတွေမှာ အာရုံငါးပါး ရှိတယ်လို့ ဆိုပါတယ်။ တဝက်ပဲ မှန်ပါတယ်။ အဓိကအာရုံခံစားမှုတွေဖြစ်တဲ့ အမြင်၊ အကြား၊ အနံ့၊ အရသာနဲ့ အထိအတွေ့ဟာ အဓိကအာရုံတွေဖြစ်ပြီး တစ်ခုခြင်းစီကို ထပ်ခွဲစိပ်ရင် အာရုံ ၂၁ ခုအထိ ရှိပါတယ်။
၇။ ခြေသလုံးမွှေးတွေကို ရိတ်ပစ်ရင် မြန်မြန်ပြန်ပေါက်ပြီး အမွေးမျှင်ထူသွားတက်တက်လို့ ယုံကြည်တက်ကြပါတယ်။ တကယ်တော့ ဒါဟာ ဒဏ္ဍာရီပါပဲ။
၈။ သြစတြေးလျရဲ့ မြို့တော်ကို ဆစ်ဒနီလို့ ထင်တက်ကြပါတယ်။ တကယ့်မြို့တော်က ကန်ဘာရာ ဖြစ်ပါတယ်။
၉။ ခရမ်းချဉ်သီးက အသီးအရွက်စာရင်းထဲမှာ မပါဝင်ပါဘူး။ သစ်သီးအုပ်စု(fruit) မှာ ပါဝင်တာဖြစ်ပါတယ်။
Ref

http://www.planet.com.mm/detail/27640/World
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ပန်းနာရင်ကြပ်ရောဂါ အမြစ်ပြတ် ကုသနိုင်မယ့် နည်းလမ်းတွေ့ရှိ ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
- (အနောကျသို့) ကယ်လိုရီနည်းတဲ့ ၀ီစကီ သောက်ကြမလား ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်