Wi-Fi ထက် ဆယ်ဆပိုမြန်သော ဆက်သွယ်ရေး စနစ်သစ် ရှာဖွေတွေ့ရှိ
ဝါရှင်တန်၊ ဧပြီ ၂၃
လက်ရှိ အသုံးပြုနေသော Wi-Fi ဆက်သွယ်ရေး စနစ်ထက် ဆယ်ဆပိုမြန်ပြီး Network ဆက်သွယ်မှုကို ပြတ်တောက်ခြင်း မရှိစေရန် စွမ်းဆောင်ပေးနိုင်မည့် စနစ်တစ်ခုကို အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ ပညာရှင်များက တီထွင်ဖော် ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း Live Science သတင်း တွင်ဖော်ပြ ထားသည်။
လက်ရှိ အသုံးပြုနေသော Wi-Fi စနစ်သည် တစ်နေရာအတွင်း သုံးစွဲသူများလျှင် ရယူနိုင်သည့် အမြန်နှုန်း လျှော့ကျသွား တတ်သော်လည်း WiFO ဟုအမည်ပေးထားသည့် နည်းပညာသစ်သည် လုံးဝ အမြန်နှုန်းနှင့် ရယူသုံးစွဲနိုင်မှုများကို နိမ့်ကျ သွားခြင်း မရှိနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။
WiFO စနစ်သည် အနီအောက်ရောင်ခြည်စနစ် LED အလင်းလှိုင်းဖြင့် ရယူသုံးစွဲနိုင်သော bandwidth နှုန်းကို တိုးမြှင့်ချဲ့ထွင် ရယူနိုင်စွမ်းရှိစေရန် စီစဉ်ထားသည့် စနစ်ဖြစ်သည်။
ယင်းစနစ်သစ်ဖြင့် ဒေတာများကို ကွန်ပျူတာ တစ်လုံးနှင့်တစ်လုံး ပို့လွှတ်ရာတွင်လည်း ပိုမြန်လာပြီး၊ ကြိုးမဲ့စနစ်ဖြင့် အသုံးပြုရသည့် နားကြပ်၊ ကင်မရာ၊ အဝေးထိန်း မုန့်ဖုတ်စက်များဖြင့် ချိတ်ဆက်သုံးစွဲရာတွင်ပါ ပြတ်တောက်ခြင်း၊ တုံ့ဆိုင်း ခြင်းများ လုံးဝရှိတော့မည် မဟုတ်ပေ။
WiFO နည်းသစ်သည် အလင်း signal များကို LED စနစ်ဖြင့် ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ သစ်ဆန်းသော နည်းပညာတစ် ရပ်ဟု မဆိုနိုင်သော်လည်း အနီအောက်ရောင်ခြည်၏ စွမ်းအင်ဖြင့် ဆက်သွယ်ရေးစနစ်တွင် ကြိုးမဲ့ခေတ်တစ်ခေတ်ကို ပြောင်းလဲစေနိုင်မည့် နည်းသစ်ဖြစ်ကြောင်း အော်ရီဂွန်တက္ကသိုလ်မှ တီထွင်သူ တွဲဘက်ပါမောက္ခ သင်းငုယင်ကပြောကြား သည်။
WiFO စနစ်သည်တစ်စက္ကန့်လျှင် ၁၀၀ မီဂါဘစ် (100 Mbps) နှုန်းဖြင့် ဒေတာများကို ဆက်သွယ်ပို့ဆောင်နိုင်မည်ဟု ယင်းကဆိုသည်။

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ပညာရှိခြင်းနှင့် ပညာမဲ့ခြင်း Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...
- (အနောကျသို့) စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲတွင် အဆင့် D ရရှိသူများ မေ ၁၄ ရက်တွင် စာမေးပွဲပြန်လည်ဖြေ ဆိုရမည် Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...