လိမ်တာကို.ကလေးတွေ အတုမခိုးကြပါစေနဲ့
တနေ့ကျောင်း ပိတ်ရက် တရက်မှာ. လူတယောက်ဟာသူ့သားလေး ၂ယောက်ကို ကလေးကစားကွင်း တခုကိုခေါ်သွားပါတယ်။. ဂိတ်အဝင် လက်မှတ်ရောင်း တဲ့နေရာရောက်တော့. သူက လက်မှတ်ရောင်း သမားကို ဝင်ကြေးဘယ်လောက်လဲ လို့မေး ပါတယ်။
လက်မှတ်ရောင်းသူက "လူကြီးတယောက် တစ်ထောင်နဲ့ ကလေး၆နှစ် အထက်ဆိုရင် ငါးရာကျပါတယ်. ဆရာ။ .-၆နှစ်နဲ့အောက်ကိုတော့ အလကားပေး ဝင်ပါတယ်.ဆရာ။ .ဒါနဲ့ ဆရာ့ကလေးတွေက အသက် ဘယ်လောက်ရှိပြီလဲ" လို့ပြောတယ်။
ကလေးတွေအဖေက "အကြီးကောင်က ၇နှစ်. အငယ်က ၄နှစ်ပါ။ .ဒီတော့. ကျနော်နဲ့ ကျနော့်သားကြီးအတွက်. က်မှတ်ဖိုးတစ်ထောင့်ငါးရာ ကျမှာပေါ့။ .ရော့.ဒီမှာငွေ တစ်ထောင့်ငါးရာနော်" ဆိုပြီး .ပိုက်ဆံပေးလိုက်ပါတယ်။ .ပြီးတော့ ကလေးတွေရဲ့လက်ကို ဆွဲပြီး. ကစားကွင်းအတွင်း ဝင်ဖို့ပြင်လိုက်တယ်။
လက်မှတ်ရောင်းသူက .သူ့ကိုလက်နဲ့ တားလိုက်ပြီး "ဆရာကလဲတော်တော် ရိုးတာပဲနော်။. -၆နှစ်နဲ့၇နှစ်ဆိုတာ အတူတူလိုပါဘဲ။. ဆရာ့သားအကြီးကို ၆နှစ်လို့ပြောလိုက်တော့. ဆရာငွေငးရာပေးစရာ မလိုတော့ဘူးပေါ့။. ဘယ်သူသိတာမှတ်လို့" လို့ပြောလိုက်တယ်။
ကလေးတွေအဖေက ."ဘယ်သူမှမသိပေမဲ့. ကျုပ်ကလေးတွေ သိတယ်ဗျ" လို့ပြောပြီး. ကစားကွင်းထဲကို. ကလေးတွေလက်ဆွဲပြီး. ဝင်သွားပါတော့တယ်။
လူကြီးတွေလိမ်တာကို .ကလေးတွေ အတုမခိုးး တတ်ကြပါစေနဲ့။
မှတ်ချက်။.Chicken_soup_for_the_soul_စာအုပ်ထဲက .ဆောင်းပါးလေး တပုဒ်ပါ။.ကြိုက်လွန်းလို့ .့မှီငြမ်းလိုက်တာပါ။

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ASUS Zenfone တော်တော်များများရဲ့ Kitkat version ကို Root နိုင်တဲ့ Root Toolkit ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
- (အနောကျသို့) ခေါင်းကိုက် ဝေဒနာအကြောင်း သိမှတ်ဖွယ်ရာ အဖြာဖြာ ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်