ဆေးတစ်တောင့် မျိုချထားရုံဖြင့် Password ကို အလိုအလျောက် သိစေနိုင်သော စနစ်တီထွင်
ဝါရှင်တန်၊ ဧပြီ ၂၁
ကမ္ဘာကျော် အွန်လိုင်း ငွေပေးချေမှု စနစ်များကို ဆောင်ရွက်နေသည့် အင်တာနက် PayPal ကုမ္ပဏီသည် ဆေးတောင့် တစ်တောင့်ကို မျိုချထားလိုက်ရုံဖြင့် Password ကို အသိအမှတ်ပြုနေစေနိုင်သော စနစ်တစ်ခုကို တီထွင်နိုင်ခဲ့ကြောင်း Wall Street Journal သတင်းတွင် ဖော်ပြထားသည်။
PayPal ကုမ္ပဏီ၏ ယင်းစနစ်ကို တီထွင်ပေးသူ ယောနသန် လက်ဘ်လေ့စ်က ယင်းဆေးတောင့်အတွင်း ကွန်ပျူတာ အသေးစားလေး တစ်ခုကို ထည့်သွင်းထားပေးကာ အစာအိမ်အတွင်းရှိ အက်ဆစ်ဖြင့် ယင်းကွန်ပျူတာသည် စွမ်းဆောင်ပေး လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယခုတီထွင်သည့် ဆေးတောင့် ကွန်ပျူတာစနစ်သည် အလွန်ခေတ်မီသည့် နည်းစနစ်တစ်ခုဖြစ်ကြောင်း၊ မကြာမီ အကြောတွင်း ဆေးထိုးအပ်ဖြင့် ထိုးသွင်းပေးရသည့် ဆေးတောင့်များကိုလည်း တီထွင်နေကြောင်း၊ ဆေးတောင့်က Password ကို အထူး ထည့်သွင်းပေးနေစရာမလိုဘဲ အွန်လိုင်းကိစ္စများကို အလိုအလျောက် အသိအမှတ်ပြုပေးနိုင်ကြောင်း၊ ယခုနည်းသည် ယခင်က အသုံးပြုနေသော လက်ဗွေစနစ်ကို အပြီးတိုင်ပျောက်ဆုံးသွားစေနိုင်သည့် နည်းစနစ်ဖြစ်နိုင်ကြောင်း ယင်းကဆိုသည်။
မျိုချလိုက်သည့် ဆေးတောင့်သည် ထိုလူ၏ ဂလူးကို့စ် အတိုင်းအဆ၊ သွေးပေါင်ချိန်များကိုလည်း ပြန်လည်ထုတ်လွှင့်ပေးနိုင် သောကြောင့် အခြားကျန်းမာရေးရှုဒေါင့်မှကြည့်လျှင်လည်း အသုံးကျသည့် တီထွင်မှုတစ်ခုဖြစ်သည်။
PayPal အဖွဲ့သည် တက်တူးကဲ့သို့သော ကိုယ်ခန္ဓာအရေပြားပေါ်တွင် ကပ်ထားနိုင်သည့် Chip များဖြင့် သွေးလှည့်နှုန်း၊ နှလုံးခုံနှုန်းများဖြင့် Password များကို ဖွင့်နိုင်သည့် စနစ်များကိုလည်း တီထွင်လျက်ရှိကြောင်း Wall Street Journal သတင်းတွင် ရေးသားထားသည်။

http://www.maukkha.org/index.php/news-menu/international-news-maukkha/7474-2015-04-24-02-53-29
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) လူငယ္မ်ား၏ ပုန်ကန်စိတ်သည် မိဘများထံမှ ခွဲထွက်လို စိတ်ကြောင့်ဟုဆို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်
- (အနောကျသို့) တစ်ချက်လောက်တော့ တွန်းကြည့်သင့်ပါတယ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်